အနမ်း

0
| Monday, December 27, 2010
Meeting
အနမ်းနဲ့ ပတ်သတ်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများ အမြင်ချင်း ဖလှယ်နေကြသည်။

သွားဘက်ဆိုင်ရာ ပါမောက္ခ။ ။ အနမ်းဆိုတာ ရောဂါပိုးတွေကို သေစေနိုင်သလို၊ ရောဂါပိုးတွေ ကူးစက်နိုင်တယ်။

ဒဿနိက ပါမောက္ခ။ ။ အနမ်းဆိုတာ ကလေးတွေအတွတ် အနိုင်ကျင့် ခံရတာဖြစ်ပြီး၊ လူလတ်ပိုင်းတွေအတွတ် ကြည်နူးစရာဖြစ်ကာ၊ အဖိုးအဖွားတွေ အတွတ် အရိုအသေပေးတာ ဖြစ်တယ်။

ခင်ဗျားတို့ကိုး

0
| Saturday, December 25, 2010
ဆေးရုံမှ လင်မယားနှစ်ဦးထွတ်လာသည်။ လမ်းတွင် Taxi ဌားသည်။

 

မိန်းမဖြစ်သူက တက်စီသမားအား ဖြေးဖြေးမောင်းပါနော် ဟုပြောသည်။ ကျွန်မတို့နှစ်ယောက် မနေ့က အမောင်းကြမ်းတဲ့ ဒရိုက်ဘာနဲ့တွေ့တာ ဆေးရုံတတ်လိုက်ရတယ်။

ဒရိုက်ဘာ။            ။ သြော် ... ခင်ဗျားတို့ကိုး။ ရုတ်တရက်ဆိုတော့ ချက်ချင်း မမှတ်မိဘူး။

ဒြပ်စင်ကျက်မယ်

0
| Thursday, December 23, 2010
Maung Chem 10 တန်း ကျောင်းသား ဘ၀က ကျက်ခဲ့ဖူးတာကို အမှတ်ရ နေမိတယ်။ Maung Chem ဥာဏ်မကောင်းပါဘူး။ စာကျက်ရင် တော်တော် ကျက်ရတယ်။ ပြီးရင် မေ့တယ်။ ကိုယ့်အကြောင်းကို ကြွားရတာလေ။  တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများ အတွတ်ကတော့ ဒြပ်စင် အလုံး ၂၀ ကျက်မှတ်ထား သင့်ပါတယ်။ နည်းသိရင် ဘာမဆို လွယ်ပါတယ်။ အရင်ဆုံး သိသင့်တာကတော့ ဒြပ်စင်နာမည်များ၊ အခေါ်အဝေါ် တွေနဲ့  သင်္ကေတ တွေပါပဲ။ သင်္ကေတ ဆိုတာကတော့ သက်ဆိုင်က ဒြပ်စင်ရဲ့ အတိုကောက် ပုံစံပဲဖြစ်ပါတယ်။ အက်တမ် တွေကို အက်တမ်အမှတ်စဉ် ( Atomic Number ) အစဉ်လိုက် ၁ ကနေ ၂၀ အထိ ရေးပေးလိုက်ပါတယ်။

အက်တမ်၊ ဒြပ်စင်၊ မော်လီကျူး၊ ဒြပ်ပေါင်း၊ ဒြပ်နှော။

0
| Monday, December 20, 2010
တက္ကသိုလ်ဝင်တန်း ညီ/ညီမ ငယ်များအတွတ် ရည်ရွယ်ကာ ရေးသားလိုက်ပါတယ်။ ညီ/ ညီမငယ်တို့ အခြေခံပညာ အထက်တန်းမှာ သိပ္ပံဘာသာရပ် စတင်သင်ကြားရပြီ ဆိုကတည်းက ဒီ terms အခေါ်အဝေါ် လေးတွေ သုံးနှုန်းလာရပါပြီ။ ဓာတုသင်ကြားနေသော ကျောင်းသား /ကျောင်းသူများ ပီပီ နားလည် ထားသင့်ပါတယ်။

မျက်စိ ဘယ်လေက် လျှင်သလဲ

0
| Friday, December 17, 2010
ကဲဒီတစ်ခါ စာဖတ်ပရိသတ်တွေ အပျင်းပြေ ဥာဏ်စမ်းလေး ဖြေကြည့်ရအောင်လား ? အောက်မှာမေးခွန်းလေး သုံးခုမေးထားပါတယ်။ ဒီမေးခွန်းသုံးခုကို အောင်မြင်စွာ ဖြေဆိုနိုင်ရင်တော့ သင်ဟာ ဦးနှောက်နဲ့ အာရုံကြော သမားတော်ကို ပြစရာမလိုတော့ပါဘူး။ နောက်ပြီး ကြောက်စရာကောင်းတဲ့ အယ်လ်ဇိုင်းမား ရောဂါ မဖြစ်နိုင်ပါဘူးတဲ့ဗျာ။ This is NOT a joke. If you were able to pass these 3 tests, you can cancel your annual visit to your neurologist. Your brain is great and you're far from having a close relationship with Alzheimer.

ခံတွင်းသန့်ရှင်းရေး

0
|
စာဖတ်ပရိသတ်ကြီး ဒီတစ်ခါ သွားဖုံးရောဂါ အကြောင်း ဆွေးနွေးရအောင်လား ? သွားတိုက်ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Toothpaste ဟု လူသိများပြီး၊ အခြားဘာသာများတွင် Toothcream ဟုသုံးနှုန်းကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က တရုတ်၊ အီဂျစ်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယတို့မှ သွားတိုက်ဆေး ကဲ့သို့ ခံတွင်းသန့်ရှင်းရေးပစ္စည်းများအား အစောဆုံးအသုံးပြုခဲ့သည်ဟု သမိုင်းပညာရှင်များ ခန့်မှန်းထားသည်။ 

  


ကျွန်တော့် မိန်းမ

0
| Wednesday, December 15, 2010
"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"

"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"

"ဟင့်အင်း"

"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"

ဗီတာမင်စီ

0
| Sunday, December 12, 2010
ဗီတာမင်စီ သည်အစွမ်းထက် သော ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ( Antioxidant) ဖြစ်ပြီး၊ ကိုယ်ခန္ဓာ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးသည် ။ ထိခိုက်ဒါဏ်ရာများ ၊ ခွဲစိတ်ဒဏ်ရာများ ၊ မီးလောင်ဒဏ်ရာများ ရရှိပြီးနောက် အနာကျက်ရာတွင် ဗီတာမင်စီသည်သံဓါတ်ကို အူမှ ထိရောက်စွာ စုပ်ယူနိုင်ရန်နှင့် ဖောလစ်အက်ဆစ် (Folic Acid) ကို အာနိသင် ထက်မြက်စေရန် ကူညီပေးသည် ။ အရိုး ၊ အရေပြား ၊ သွား ၊ အမာရွတ်များတွင် ပါဝင်နေသည့် Collagen ခေါ် အမျှင်ဓါတ် ပရိုတင်းတည်ဆောက်ရာတွင် ဗီတာမင်စီ လိုအပ်သည်။ ဗီတာမင်စီ ပေါကြွယ်ဝသော အသီးအနှံများမှာ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး စသည်ဖြစ်သည်။

သက်တမ်းဝက်

0
| Saturday, December 11, 2010
သက်တမ်းဝက် ( Half-Life ) ဆိုသည်မှာ မှုလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန် ( တနည်း )၊ မှုလ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် အရေအတွတ် တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွခြင်း ဆိုသည်မှာ မတည်မြဲသော ရေဒီယို အိုက်ဆိုတုပ်များမှ တည်မြဲသော ( Stable State ) အိုက်ဆိုတုပ် ဖြစ်ရန် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ ရောင်ခြည်များ ထုတ်လွှတ် နေခြင်းဖြစ်သည်။ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် Carbon-14 သည် ဘီတာ ရောင်ခြည် ထုတ်လွှတ်ပြီး၊ Nitrogen-14 အဖြစ် ပြောင်းလဲသွားသည်။ 

ကထိက

0
| Friday, December 10, 2010
ကထိကဆိုတာ အခြားလူတွေ အိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာတွေ ပြောတတ်တဲ့ အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ပါ။

တုပ်၊ တုန်း၊ ဘား၊ မား။

0
| Wednesday, December 8, 2010
Nuclear Chemistry ကိုသင်ယူ ဖူးသူတိုင်း ဒီအခေါ်အဝေါ်တွေ နဲ့ ရင်းနှီးဖူးသားပါ။ တုပ်၊ တုန်း၊ ဘား၊ မား၊ ဆိုတာ အိုက်ဆိုတုပ် ( Isotope )၊ အိုက်ဆိုတုန်း ( Isotone )၊ အိုက်ဆိုဘား ( Isobar )၊ နဲ့ အိုက်ဆိုမာ ( Isomer ) ကိုဆိုလိုတာပါ။ တုပ်တုန်းဘားမား အကြောင်း အလွယ်သိစေသော လင်္ကာလေးမှာ  -  တုပ်-တုန်း-ဘား-မား  Z -N- A - အားလုံးတူ လို့ အလွယ်မှတ်နိုင်ပါတယ်။ အိုက်ဆိုတုပ်သည် Z , အိုက်ဆိုတုန်းသည် N , အိုက်ဆိုဘားသည် A , အိုက်ဆိုမာသည် အားလုံးတူသည်။

ဆား

0
| Sunday, December 5, 2010
ဆားသည် သတ္တုများ၊ သတ္တုအောက်ဆိုက်များ၊ နှင့် ဗေ့စ်များ အက်စစ်ဖြင့် ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည်။ အခြေခံ ဓာတုဗေဒ သင်ယူဖူးသူတိုင်း အက်စစ်နဲ့ ဗေ့စ် ဓာတ်ပြုရင် ဆားနဲ့ ရေ ရသည်ကို သိကြသည်။ ဆားများ၏ မော်လီကျူလာ တည်ဆောက်ပုံ ( Molecular Structure ) မှာ အက်စစ်များမှ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွတ်သွားပြီး၊ ကျန်ရှိသော အမဓာတ်ဆောင် ( Negative Charge ) အိုင်းယွန်းများ နှင့်အဖိုဓာတ်ဆောင်သော ( Positive Charge ) သတ္တုအိုင်ယွန်း ( Metal Ions ) များ ပေါင်းစပ်နေခြင်းပင် ဖြစ်သည်။

စိမ်းပြာရေညှိ

0
| Friday, December 3, 2010
ကမ္ဘာပေါ်တွင် ရေညှိမျိုးစိတ်ပေါင်း ၂၅၀၀၀ ခန့်ရှိသည်။ ၄င်းတို့အနက် စိမ်းပြာရေညှိသည် ကမ္ဘာပေါ်တွင် အစောဆုံးသက်ရှိ တစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် အပူပိုင်းနှင့် အယ်လ်ကာလီ သတ္တိရှိ ရေငံတွင် ရှင်သန်ပေါက်ရောက်သော သေးငယ်သည့် ရေညှိပင် ဖြစ်သည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး၊ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင် ကြောင်အိမ်လှေကား သဏ္ဌာန်ရှိ၍ Spirulina ဟုခေါ်တွင်ခြင်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၏ စမ်းသပ်ချက်အရ စိမ်းပြာရေညှိသည် ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် ပေးခြင်းနှင့် ဆေးကုသမှု့အပိုင်းတွင် ပံ့ပိုးကူညီမှု့ ပေးနိုင်သော အာနိသင်ရှိသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်ခြင်း မရှိပေ။

မိခင်ထက်သာတဲ့အချက်

0
| Wednesday, December 1, 2010
ကထိကတစ်ယောက်မှာ မိခင်တစ်ယောက်ထက် သာတဲ့အချက်တွေများ ရှိသလား ?
 

ရှိတာပေါ့။ မိခင်တစ်ယောက်က သားတစ်ယောက်ကိုပဲ အိပ်ပျော်အောင် ချော့သိပ်နိုင်တယ်။ ကထိကတစ်ယောက်ကတော့ တစ်ခန်းလုံးကို အိပ်မောကျစေနိုင်တယ်လေ။

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine