Chemdigit

0
| Monday, January 31, 2011
အက်တမ် အလှည့်ကျဇယား၊ ပျော်ဝင်သတ္တိ၊ တိုက်ထရေးရှင်း၊ pH စတဲ့ ဓာတ်ခွဲဓာတုဗေဒ ဆိုင်ရာ အသုံးဝင်တဲ့ ဆော့ဝဲလေးပါ။ အက်စစ် - ဗေ့စ် တိုက်ထရေးရှင်းကို ဓာတ်ခွဲခန်းမှာ လုပ်စရာမလိုပဲ မိမိကွန်ပြူတာမှာ အဆင်ပြေ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မယ့် ဆော့ဝဲလေးပါ။


ဒီမှာဒေါင်းပါ။

ငွေ

0
| Tuesday, January 25, 2011

ငွေဖြင့် စားစရာဝယ်၍ရနိုင်သည်။ သို့သော် အရသာကို ၀ယ်၍မရပါ။
ငွေဖြင့်ဆေးဝါးကိုဝယ်နိုင်သည်။ ကျန်းမာခြင်းကိုဝယ်၍မရ။
ဗဟုသုတအချက်အလက်ကို ၀ယ်၍ရသည်။ ဥာဏ်အမြော်အမြင်ကို ၀ယ်၍မရ။
အရောင်ပြိုးပြိုးပြက်ပြက်တွေ ၀ယ်၍ရသည်။ လှပမှုကို ၀ယ်၍မရပါ။
အပျော်အပါးကို ၀ယ်၍ရသည်။ ချမ်းသာသုခကို ၀ယ်၍မရ။

ငါ့အဖေကွ

0
|
ကလေး သုံယောက် စကားပြောနေကြသည်။

ပထမကလေး   ။     ။ ငါ့အဖေက ဆရာဝန်ကွ။ တစ်နေ့ကို လူနာ အယောက် ၁၀၀ လောက် ကုနေရတာ။
 
ဒုတိယကလေး  ။     ။ ငါ့အဖေက အင်ဂျင်နီယာ။ သူ ဆောက်ခဲ့တဲ့ တံတားတွေ ဆို ရင် အစင်း ၁၀၀၀ လောက်ရှိ နေပြီ။


Chemistry Knowledge Test

0
| Thursday, January 20, 2011

ဓာတုဗေဒ သဘောတရားတွေကို စမ်းသပ်ပေးမယ့် ဆော့ဝဲပါ။ ဒြပ်စင်၊ ဒြပ်ပေါင်း၊ ဒြပ်နှောများ အကြောင်း၊ အက်တမ်တည်ဆောက်ပုံ၊ ဒြပ်ပေါင်းများဖြစ်ပေါ်ခြင်း၊ ဓာတုဓာတ်စည်းများ၊ အရာဝတ္ထုများ တည်ဆောက်ပုံ အကြောင်း၊ တို့နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို ဖြေဆိုရမှာပါ။ မိမိတို့ရဲ့ ဓာတုဗေဒ ဗဟုသုတ တွေကို စမ်းသပ် ဖြေဆိုကြရအောင်လား ?
 
ဒီနေရာကနေဒေါင်းပါ။

30 day trial vision ဖြစ်သည်။

အားနာလို့

0
| Monday, January 17, 2011
ဆေးခန်းတစ်ခုအတွင်း လူနာများ စောင့်စားနေကြသည်။

ဦးကြီးမြ ရှိပါသလား ? သူနာပြုမလေး မေးသည်။

လူအုပ်ကြီးထဲမှ ထီးတစ်လက်၊ အထုတ်ကြီး၊ အထုတ်ငယ်များနှင့် လူကြီးတစ်ယောက်ထွတ်လာသည်။

ဟိုအခန်းထဲ ၀င်ပါရှင်။

လိုတိုရှင်း

0
| Saturday, January 15, 2011
ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်မြန်နဲ့တိုတို၊ အဓိပ္ပါယ်ရှိတဲ့ အကြောင်းအရာတစ်ခု ရေးခိုင်းပါတယ်။ အဲ့ဒီထဲမှာ ပါရမယ့် အကြောင်းအရာ တွေကတော့

၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ - တွေပါဝင်ရမယ်တဲ့...

တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ 

" ဘုရားရေ... ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် "

ရေနွေးကြမ်း

0
| Friday, January 14, 2011
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တစ်ခုတည်းမဟုတ်ပဲ၊ နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ့  အလေ့ရှိကြပါတယ်။ ရေအေး ( ရေခဲရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့  အလေ့အထကို အတုယူကျင့်သုံး သင့်ပါတယ်။

မှားတတ် ပလေတယ်

0
| Wednesday, January 12, 2011
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပါဗျာ။

ဟိုကလာနေတာ အင်္ကျီအကျား၊ ဆံပင်ဖားလျား၊ ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင် ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးဟ။
အော်... ခွင့်လွှတ်နော်။ ဦးလေး သမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွ။

လက်သန်းဗေဒင်

0
| Monday, January 10, 2011
စာဖတ်ပရိသတ်ကြီး ဒီတစ်ခါ မိမိလက်ဝါးပြင်ရှိ လက်သန်းကလေးက ပြောသော မိမိအကြောင်းကို နားထောင်ရအောင် - သြော် * သတိ * ယောက်ျားလေက "ဘယ်" ၊မိန်းကလေးက "ညာ" ပါ။ လက်သန်းလေးကို ကြည့်တော့ အဆစ် (၃) ဆစ်ပါတာမြင်တွေ့ ကြရမှာပါ။ အဲဒီ အဆစ်ကလေး (၃) ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟော ကြည့်ကြရအောင်။

ဖန်လုံအိမ် အာနိသင်

0
| Friday, January 7, 2011
Green House Effect
စာဖတ်ပရိသတ်များ ဗဟုသုတ အလို့ဌာ ကမ္ဘာ့လူသား အားလုံးနှင့် သက်ဆိုင်သော ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီး အတွတ် အရေးကြီးတဲ့ အချက်တစ်ခု တင်ပြချင်ပါတယ်။ ဖန်လုံအိမ် အာနိသင် ( Green House Effect ) လို့အများသိတဲ့ ကမ္ဘာကြီး ပူနွေးလာမှု့ပါ။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာ့ရာသီဥတုဟာ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ များနှင့် ရေငွေ့ ( water vapour ) များက များစွာအကျိုး သက်ရောက် စေပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ နှင့်ရေငွေ့များက ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ်စေတယ်။

Chemical Drawing

0
| Tuesday, January 4, 2011
ဓာတုဗေဒ ဘာသာရပ်နဲ့ ပတ်သတ်တဲ့ ပုံသေနည်းတွေ၊ မော်လီကျူး တည်ဆောက်ပုံတွေ ဆွဲပေးမယ့် ဆော့ဝဲလေးပါ။

ဒီမှာဒေါင်းပါ။
 



ပါရာစီတမော

0
| Sunday, January 2, 2011
အကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ရေတို/ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးစေနိုင်ကြောင်း ကြွက်များတွင် စမ်းသပ်လေ့လာရာ၌ သိရှိရသည်။ အဆိပ်သင့် စမ်းသပ်မှု့တွင် ပါရာစီတမော ၀.၅ မှ ၀.၆ ဂရမ်/ ကီလိုဂရမ်ကို တစ်ကြိမ်တည်း တိုက်ကျွေးခဲ့ရာ သေစေနိုင်ကြောင်း တွေ့ရှိရသည်။ ရေတို အဆိပ်သင့် စမ်းသပ်မှု့တွင် ပါရာစီတမော ၀.၂၅ မှ ၀.၅ ဂရမ်/ ကီလိုဂရမ်ကို တစ်ရက် နှစ်ကြိမ်မှ လေးကြိမ်ခွဲ၍ တစ်ပတ်တိုက်ကျွေးခဲ့ရာ ထိုဆေးချိန် ပမာဏ တိုက်ကျွေးမှု့တွင် သေဆုံးမှု့ မတွေ့ရသော်လည်း၊ ကိုယ်တွင်းစမ်းသပ်မှု့တွင် သေဆုံးနိုင်သော အသည်းပျက်စီးမှု့ကို တွေ့ရှိခဲ့သည်။ 

ဓာတ်တိုးကိန်း

0
| Saturday, January 1, 2011
Calculation of Oxidation Number
ဓာတုဓာတ်ပြုခြင်းများ၊ မော်လီကျူးများနှင့် ဒြပ်ပေါင်းများကို မှန်ကန်စွာ ရေးတတ်စေရန် ဒြပ်စင်များနဲ့ Radicals များ၏ ဓာတ်တိုးကိန်းများကို သိရှိလိုအပ်သည်။ အလွယ်မှတ်မိနိုင်စေရန် ကဗျာဖြင့်ရေးသားထားသော ဓာတ်တိုးကိန်းများကို ဖော်ပြလိုက်ပါတယ်။ ဓာတ်တိုးကိန်းများ အဖြစ်ဖော်ပြလျှင် +, - သင်္ကေတ များကို ကိန်းဂဏန်းများရှေ့တွင် ရေးသားဖော်ပြပြီး၊ အိုင်းယွန်းများ အဖြစ်ဖော်ပြလျှင် ကိန်းဂဏန်းများ နောက်မှ ရေးသားဖော်ပြရသည်။
 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine