ဗီတာမင်စီ သည်အစွမ်းထက် သော ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ( Antioxidant) ဖြစ်ပြီး၊ ကိုယ်ခန္ဓာ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးသည် ။ ထိခိုက်ဒါဏ်ရာများ ၊ ခွဲစိတ်ဒဏ်ရာများ ၊ မီးလောင်ဒဏ်ရာများ ရရှိပြီးနောက် အနာကျက်ရာတွင် ဗီတာမင်စီသည်သံဓါတ်ကို အူမှ ထိရောက်စွာ စုပ်ယူနိုင်ရန်နှင့် ဖောလစ်အက်ဆစ် (Folic Acid) ကို အာနိသင် ထက်မြက်စေရန် ကူညီပေးသည် ။ အရိုး ၊ အရေပြား ၊ သွား ၊ အမာရွတ်များတွင် ပါဝင်နေသည့် Collagen ခေါ် အမျှင်ဓါတ် ပရိုတင်းတည်ဆောက်ရာတွင် ဗီတာမင်စီ လိုအပ်သည်။ ဗီတာမင်စီ ပေါကြွယ်ဝသော အသီးအနှံများမှာ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး စသည်ဖြစ်သည်။
0 comments:
Post a Comment