Maung Chem ပို့စ်အသစ် စတင်မယ်စဉ်းစားတော့ ဘယ်ခေါင်းစဉ်ကို အရင်ရေးရမလဲ ? တော်တော် စဉ်းစား လိုက်ရတယ်။ နောက်မှ အတွေး ပေါက်သွားတာက ကိုယ်ရေးတဲ့ ဘလော့နဲ့လဲ သက်ဆိုင်၊ တော်တော်လေး အခြေခံကျတဲ့ မေးခွန်းလေး သွားတွေ့တယ်။ ဒါကတော့ ဓာတုဗေဒဆိုတာ ဘာလဲ ? ခုစာဖတ်နေသူလဲ ဓာတုဗေဒနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဓာတုဗေဒ ဆိုတာ ဘာလဲဆိုတော့ ဓာတုဗေဒပဲပေါ့ လို့ဖြေရုံနဲ့ ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ရှိတဲ့ မေးသူ ကျေနပ်လောက်စရာ အဖြေမဖြစ်နိုင်ပါဘူး။
Showing posts with label About Blog. Show all posts
Showing posts with label About Blog. Show all posts
မိတ်ဆက်
1
Posted by
Maung Chem
|
Thursday, October 7, 2010
Chemistry Field " ဓာတုရပ်ဝန်းဘလော့ " ကိုရောက်လာကြတဲ့ မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ပဏာမနှုတ်ခွန်း ဆက်သလိုက်ပါတယ်။ ဓာတုရပ်ဝန်းလို့ အဓိပ္ပာယ်ဖွင့်ဆိုရခြင်း ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓာတုနဲ့ကင်းတဲ့ အရာရယ်လို့ မရှိပါဘူး။ All matter is made up of atoms. လို့ အင်္ဂလိပ် ဓာတုသိပ္ပံပညာရှင် John Dalton ကဆိုခဲ့ပါတယ်။


