နိုင်ငံတကာ ဓာတုဗေဒ ပညာနှစ် ( 2011 )

| Wednesday, June 22, 2011
 
၂၀၁၁ ခုနှစ်ကို နိုင်ငံတကာ ဓာတုဗေဒ ပညာရပ်နှစ် International year of Chemistry ဟုယူနက်စကိုအဖွဲ့ ကြီးက သတ်မှတ်ထား ရှိသည်။  ၂၀၀၉ ခုနှစ်ကို အာကာသသိပ္ပံ ပညာနှစ် International year of Astronomy၊ ၂၀၁၀ ကို ဇီဝမျိုးနွယ်စုများနှစ် International year of Biodiversity စသည်ဖြင့် သဘာဝသိပ္ပံနှစ်များကို ABC အင်္ဂလိပ်အက္ခရာ အစဉ်အလိုက် သတ်မှတ် ထားရှိခဲ့ခြင်း ဖြစ်သည်။

၂၄ နိုင်ငံ ပါဝင်သည့် အီသီယိုးပီးယားနိုင်ငံက ဦးဆောင်သော ၁၉၇ ကြိမ်မြောက် အစည်းအဝေကြီးတွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှ IYC နှစ်ကို ဦးဆောင်ရန်အတွက် UNESCO နှင့် IUPAC ခေါ် ဓာတုဗေဒပညာနှင့် အသုံးချ ဓာတုဗေဒဆိုင်ရာ နိုင်ငံတကာသမဂ္ဂ တို့ကို တာဝန်ပေးအပ်ခဲ့ပါသည်။
 
လူထုအကြား ကမ္ဘာ့လိုအပ်ချက်များအတွက် ဓာတုသိပ္ပံပညာ သိနားလည်မှု တိုးပွား ကျယ်ပြန့်ရေးကို ဆောင်ရွက်ရန်၊ လူငယ်များအကြား ဓာတုသိပ္ပံကို စိတ်ပါဝင်စားမှုရှိစေရန်၊ အမျိုးသမီး ဓာတုဗေဒ ပညာရှင်များကို ဂုဏ်ပြုရန်နှင့် မဒမ်ကျူရီ၏ နိုဘယ်ဆု ရာပြည့်နှစ်နှင့် နိုင်ငံတကာ ဓာတု လူ့အဖွဲ့အစည်းကြီး တည်ထောင်ခြင်းတို့ကို ဂုဏ်ပြုရန်တို့ကို ရည်ရွယ်ချက်များ အနေဖြင့် ထားရှိသည်။

၂၀၁၁ တစ်နှစ်တာကာလလုံးတွင် ဓာတုနည်းပညာဆိုင်ရာ အနုပညာနှင့် သိပ္ပံပညာရပ်တို့ကို တကမ္ဘာလုံး အတိုင်းအတာဖြင့် ကျင်းပကြမည်ဖြစ်သည်။ အသိပညာ ဗဟုသုတတိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ခြင်း၊ ကျန်းမာရေး ကဏ္ဍကို မြှင့်တင်ခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း တို့အတွက် ရည်ရွယ်ထားရှိသည်။ ကျောင်းဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ပညာရေးလုပ်သားများ အနေဖြင့် www.chemistry2011.org ၀ဘ်ဆိုက်တွင် ဓာတုဗေဒနှစ် လှုပ်ရှားမှုများကို လေ့လာနိုင်ပါသည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine