ဒြပ်စင်သစ်နှစ်မျိုး အက်တမ်ဇယားတွင်း ထည့်သွင်းရန်စီစဉ်။

| Sunday, June 12, 2011
အမေရိကန်နှင့် ရုရှားသိပ္ပံပညာရှင်များ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ပြီး၊ ရှာဖွေတွေ့ ရှိခဲ့သည့် ဒြပ်စင်အသစ် ၂-မျိုးကို ဒြပ်စင်ဇယားအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း၊ အမေရိကန် ထိပ်တန်း ဓာတုပညာရှင် တစ်ယောက်က ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် Copernicium ကို ထည့်သွင်းခဲ့ပြီး၊ နောက်ပိုင်း အသစ်ထပ်မံ ထည့်သွင်းကြခြင်းဖြစ်သည်။ 



ဒြပ်စင်က်ာမီတီ ဥက္ကဌ တဖြစ်လဲ Carnegie Mellon University မှဓာတုဗေဒ ပါမောက္ခ Paul Karol က “လွန်ခဲ့တဲ့ အနှစ် ၂၅၀ အတွင်း ဒြပ်စင်ပေါင်း ၁၀၀နီးပါး ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒြပ်စင် အသစ်များ ရှာဖွေ တွေ့ရှိဖို့ ခက်ခဲလာပါတယ်။ ဒါကြောင့် အသစ်တစ်မျိုး တွေ့ပြီဆိုရင် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

Cross-bombardments ဟုခေါ်သည့် atom-smasher အက်တမ်ဖြင့် ပစ်ပေါက် ကြေကွဲပျက်စီးခြင်း လက်တွေ့စမ်းသပ်ချက်မှ ထိုဒြပ်စင်နှစ်မျိုးတွေ့ရှိကြောင်း၊ International Union of Pure and Applied Chemistry အသင်းကြီးမှ အသိအမှတ်ပြုခဲ့သည်။

ရုရှားနိုင်ငံ၊ ဒုဘ်နားမြို့၊ နျူကလီးယား သုတေသနဆိုင်ရာ Joint Institute နှင့်၊ အမေရိကန်နိုင်ငံ၊ Berkeley ကာလီဖိုးနီးယား တက္ကသိုလ်၊ Lawrence Livermore အမျိုးသားဓာတ်ခွဲခန်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ ပလူတိုနီယမ်ကို ကယ်လ်ဆီယမ် အက်တမ်ဖြင့် ပစ်ပေါက်ခြင်းတွင် အက်တမ် အမှတ်စဉ် ၁၁၄ နှင့်၊ ကျူရီယမ် (curium) ကို ကယ်လ်စီယမ် အက်တမ်ဖြင့် ပစ်ပေါက်ခြင်းဖြင့် အက်တမ် အမှတ်စဉ် ၁၁၆ ကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒြပ်စင်အသစ်များကို ၂၀၀၄ နှင့် ၂၀၀၆ ခုနှစ်တို့တွင် တွေ့ရှိခြင်းဖြစ်ပြီး၊ ခိုင်လုံမှုနှင့် အသိအမှတ် ပြုနိုင်ရန် စောင့်ဆိုင်းခဲ့ရသည်။ ယင်းအက်တမ်သစ် နှစ်ခုကို Flerovium နှင့်၊ Moscovium ဟု အမည်ပေး သတ်မှတ်ရန် လျာထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine