စာမေးပွဲနဲ့ စိုးရိမ်စိတ်

| Monday, April 4, 2011
ကျောင်းသူကျောင်းသား တော်တော်များများ စာမေးပွဲမဖြေခင် စိုးရိမ်ထိတ်လန့်မှု့တွေ ဖြစ်တတ်ကြပါတယ်။ တစ်ချို့ကတော့ စိုးရိမ်လွန်ပြီး၊ ခြေမကိုင်မိ လက်မကိုင်မိထိ ဖြစ်သွားတတ်ကြပါတယ်။ ဒီအခါ မိမိ သိထားပြီးသာ အရာတွေတောင် မေ့သွားပြီး၊ စာမေးပွဲမှာ မဖြေနိုင် ဖြစ်တတ်ကြပါတယ်။ တချို့လဲ စာမေးပွဲမှာ ခြစ်ချ၊ ဖြတ်ချပြီး၊ နောက်တစ်နှစ် ပြန်ဖြေကြပါတယ်။ တချို့လည်း မျက်ရည်ကျတဲ့ထိ ၀မ်းနည်းပူဆွေး ရတာကို ကြုံရဖူးမှာပါ။ 


ဒီစိုးရိမ်လွန်မှု့ ပြသနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စာမေးပွဲတွေနဲ့ ရင်ဆိုင်နေရသူအားလုံးအတွတ် လက်တွေ့သုံးနိုင်မှာပါ။ အဲဒါကတော့ စာမေးပွဲမဖြေခင်မှာ စိုးရိမ်တာတွေ ကြောက်လန့်နေတာတွေ အားလုံးကို ၁၀မိနစ် အချိန်ပေးပြီး၊ ချရေးလိုက်ရုံပါပဲ။ ခုလိုနည်းလမ်းရဖို့ သုတေသီတွေက စမ်းသပ်မူ့တွေ လုပ်ခဲ့ပြီး လေ့လာခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ ဟီလီနွိုင်းပြည်နယ် ချီကာကို တက္ကသိုလ်က စိတ်ပညာဆိုင်ရာ ပါမောက္ခ စီရော်ဘိုင်လော့က ကျောင်းသူကျောင်းသားတွေ ဘာကြောင့် စိုးရိမ်လွန်ရတယ်၊ စိုရိမ်လွန်မှု့ကြောင့် စာမေးပွဲမဖြေနိုင် ဖြစ်ရတယ်ဆိုတာကို လေ့လာခဲ့ပါတယ်။ ပါမောက္ခ စီရော်ဘိုင်လော့ ပြောတာကတော့ -
‘ သူတို့က နောက်ဆက်တွဲဖြစ်လာမယ့် ဆိုးကျိုးတွေကို စပြီးစိုးရိမ်လာကြတယ်။ သူတို့လိုချင်တဲ့ တက္ကသိုလ်ကို ၀င်နိုင်ဖို့ ဒီစာမေးပွဲမဖြနိုင်တာကြောင့် အဟန့်အတားဖြစ်သွားမလား ဆိုပြီး၊ စိုးရိမ်ကောင်း စိုးရိမ်နိုင်တယ်။ ပြသနာက အခုလို စိုးရိမ်သွားတာနဲ့ အာရုံစိုက်မှု့နဲ့ မှတ်ဥာဏ်တွေကို ကုန်ဆုံးသွားစေပါတယ်။ စိုးရိမ်စိတ်ကြောင့် အားတွေစိုက်ထုတ်ပြီး စာမေးပွဲမှာ အာရုံစိုက်ထုတ်ဖို့ အားတွေမရှိတော့ပါဘူး။ ဒီမှာတင် စာမေးပွဲ မဖြေနိုင် ဖြစ်ရပါတယ်။ ‘
တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ အတန်းငယ်တဲ့သူတွေမှာ လေ့လာမှု့တွေ လုပ်ခဲ့ပါတယ်။ စာမေးပွဲ စိုးရိမ်လွန်တဲ့ ကျောင်းသူကျောင်းသားတွေကို သတ်မှတ်ရှာဖွေပြီး၊ စာမေးပွဲမဖြေခိုင်းခင်မှာ ၁၀ မိနစ်အချိန်ပေးပြီး သူတို့ရဲ့ စိုးရိမ်ကြောက်လန့်တာတွေကို စာရွက်မှာ ချရေးခိုင်းကာ လက်တွေ့လေ့လာ စမ်းသပ်မှု့တစ်ခု လုပ်ခဲ့ပါတယ်။ တွေ့ရှိခဲ့တာကတော့ ၁၀ မိနစ်ခန့် အချိန်ပေးပြီး သူတို့စိုးရိမ်တာတွေကို ချရေးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ စားမေးပွဲမဖြေခင် ဒီစိုးရိမ်တာတွေကို ဖယ်ရှားပစ်ခဲ့နိုင်ပါတယ်။

စာမေးပွဲဖြေဖို့ စိုးရိမ်ကြီးလွန်းတဲ့ သူတွေအနေနဲ့ အခုလို စာရွက်ပေါ်မှာ စိုးရိမ်လွန်မှု့တွေ ချရေးလိုက်တဲ့အခါ ချက်ချင်းဆိုသလို စာမေးပွဲစိုးရိမ်လွန်မှု့နဲ့ စာမေးပွဲဖြေနိုင်မှု့ အဆက်စပ် ရှိနေတာတွေ ပျောက်သွားပါတယ်။ ဒီအခါ စာမေးပွဲစိုးရိမ်တတ်တဲ့ ကျောင်းသားတွေအနေနဲ့ စာမေးပွဲမစိုးရိမ်တတ်တဲ့ သူတို့ရဲ့ အတန်းဖော်တွေလို စာမေးပွဲမှာ တန်းတူဖြေဆိုနိုင်ခဲ့ကြပါတယ်။

ခုလိုစမ်းသပ်မှု့တွေ လုပ်ပြီး ပါမောက္ခ စီရော်ဘိုင်လော့က ကျောင်းသူကျောင်းသားတွေကို အကြံကောင်းပေးခဲ့ပါတယ်။ အဲဒါကတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ စာမေးပွဲမဖြေခင်မှာ စာမေးပွဲခန်းစောင့် ဆရာက ခွင့်မပြုရင်တောင်မှ အိမ်မှာဖြစ်ဖြစ် စာကြည့်တိုက်မှာဖြစ်ဖြစ် တစ်နေရာမှာ ကြိုတင်ပြီး စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ စိုးရိမ်စိတ်တွေကို ချရေးထားခဲ့ရင် စာမေးပွဲမှာ ပိုပြီးဖြေဆိုနိုင်ကာ အမှတ်လည်း ပိုကောင်းမှာပါလို့ ပြောခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေရော၊ ဘ၀မှာ စာမေးပွဲတွေ လူတွေ့စစ်မေးမှု့တွေ မလွတ်နိုင်သေးတဲ့သူတွေအတွတ် စိုးရိမ်မှု့တွေ လျှော့ချနိုင်ပြီး၊ ရည်မှန်းထားတဲ့အတိုင်း အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine