မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မယ်လမင်းသည် ဖော်မယ်လ်ဒီဟိုက်နှင့် ဓာတ်ပြုလိုက်သောအခါ Melamine Resin ရရှိပြီး၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်များတွင် သုတ်လိမ်း လိုက်သောအခါ အလွယ်တကူ ပျက်စီးနိုင်ခြင်း မရှိသော လှပသေသပ်ပြီး ပေါ့ပါးခိုင်ခန့်တဲ့ အသုံးအဆောင်များ ရရှိလာသည်။ မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသည်။ ပရိုတိန်းဓာတ်သည် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်သည် ဆိုးကျိုးသာ ဖြစ်စေသည်။ မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက ပြန်မထွက်နိုင်တော့ဘဲ ကြာသောအခါ အဆိပ်ဖြစ်စေသည်။
Showing posts with label Health. Show all posts
Showing posts with label Health. Show all posts
အသားဓာတ်
0
Posted by
Maung Chem
|
Wednesday, February 23, 2011
ဒီတစ်ခါ ကျွန်တော်တို့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေမှာ တစ်ခန်းကဏ္ဌ ကပါဝင်တဲ့ ပရိုတန်းခေါ် အသားဓာတ် အကြောင်းလေးပါ။ ခန္ဓာတည်ဆောက်မှု့အတွတ် အဓိက လိုအပ်သော အသားဓာတ်ကို ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ငါး၊ ဥများ၊ အသည်း၊ နို့ စသည်စားသုံးခြင်းဖြင့် ရရှိသည်။ ယခုအခါ ရဟန်းရှင် လူအချို့တို့သည် အကြောင်းအမျိုးမျိုးဖြင့် သက်သတ်လွတ်စားသုံးနေကြသည်။ ဆေးပညာရှင်များ အပါအ၀င် လူတော်တော်များများ သက်သတ်လွတ်စားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိမြင်လာကြပြီဖြစ်သည်။ ဥပုသ်သီတင်းသီလ စောင့်ထိန်းသူများသည် သက်သတ်လွတ်စားသုံးလေ့ရှိကြ၏။ အချို့မှာ ဥပုသ်မစောင့်စေကာမူ မိမိတို့ ယုံကြည်မှုအရ အခါအားလျော်စွာ သို့မဟုတ် အစဉ်အမြဲ သက်သတ်လွတ်စား နေကြသူများ လည်းရှိ၏။ အချို့ကလည်း မိမိကျန်းမာရေးအတွက် အသားငါး ကိုရှောင်ပြီး သက်သတ်လွတ်စားလေ့ရှိကြပါသည်။
ဗီတာမင် - E
0
Posted by
Maung Chem
|
Tuesday, February 22, 2011
ဗီတာမင်တွေကို အဆီတွင်ပျော်ဝင်ခြင်းနဲ့ ရေတွင်ပျော်ဝင်ခြင်း ဆိုပြီး၊ နှစ်မျိုးခွဲရာ ဗီတာမင် A၊ D၊ E သည် အဆီတွင် ပျော်ဝင်သည်။ ဗီတာမင် - E သည် ဆီထုတ်ယူနိုင်သော နေကြာစေ့၊ မြေပဲ၊ သံလွင်ဆီနှင့် သင်္ဘောသီး၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပုပ်စေ့ စသည် စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ ဗီတာမင် - E နည်းတဲ့ရောဂါဆိုတာ ရှားပါတယ်။ အဆီကို စုပ်ယူနိုင်စွမ်းမရှိတဲ့ အခြေအနေ၊ မွေးဖွားစဉ် ကိုယ်အလေးချိန် မပြည့်ခဲ့ခြင်း၊ အူတွင်ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။ ဗီတာမင်မှန်သမျှ မရှိမဖြစ်လိုပေမဲ့ သာမန်လူသားတစ်ယောက် စားသုံးနေသော နေ့စဉ်အစားစာများတွင် လုံလောက်စွာ ပါဝင်ပါတယ်။ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင် - E များရင်လည်း မကောင်းပါဘူး။ ဆေးပညာအရ တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။
နာနတ်သီး
0
Posted by
Maung Chem
|
Thursday, February 10, 2011
နာနတ်သီးကို လူတိုင်းနှစ်ခြိုက်စွာ သုံးဆောင်ကြသည်။ နာနတ်သီးတွင် ဗီတာမင်-B6 ၊ ဗီတာမင်-စီ၊ မဂ္ဂနီးစ်နှင့် ကောပါးဓာတ်ဆားများ ပါဝင်သည်။ ထို့ပြင် အစာကြေလွယ်သော အင်ဇိုင်းများနှင့် အရောင်ကျစေလွယ်သော ဘရိုမီလိန်း ( Bromelein ) ဓာတ်တို့ပါဝင်သည်။ အဆစ်အမျက်ရောင် ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင်၊ ထိပ်ကပ်နာ ရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပြီး၊ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။
ရေနွေးကြမ်း
0
Posted by
Maung Chem
|
Friday, January 14, 2011
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တစ်ခုတည်းမဟုတ်ပဲ၊ နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ့  အလေ့ရှိကြပါတယ်။ ရေအေး ( ရေခဲရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့  အလေ့အထကို အတုယူကျင့်သုံး သင့်ပါတယ်။
ပါရာစီတမော
0
Posted by
Maung Chem
|
Sunday, January 2, 2011
အကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ရေတို/ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးစေနိုင်ကြောင်း ကြွက်များတွင် စမ်းသပ်လေ့လာရာ၌ သိရှိရသည်။ အဆိပ်သင့် စမ်းသပ်မှု့တွင် ပါရာစီတမော ၀.၅ မှ ၀.၆ ဂရမ်/ ကီလိုဂရမ်ကို တစ်ကြိမ်တည်း တိုက်ကျွေးခဲ့ရာ သေစေနိုင်ကြောင်း တွေ့ရှိရသည်။ ရေတို အဆိပ်သင့် စမ်းသပ်မှု့တွင် ပါရာစီတမော ၀.၂၅ မှ ၀.၅ ဂရမ်/ ကီလိုဂရမ်ကို တစ်ရက် နှစ်ကြိမ်မှ လေးကြိမ်ခွဲ၍ တစ်ပတ်တိုက်ကျွေးခဲ့ရာ ထိုဆေးချိန် ပမာဏ တိုက်ကျွေးမှု့တွင် သေဆုံးမှု့ မတွေ့ရသော်လည်း၊ ကိုယ်တွင်းစမ်းသပ်မှု့တွင် သေဆုံးနိုင်သော အသည်းပျက်စီးမှု့ကို တွေ့ရှိခဲ့သည်။
ခံတွင်းသန့်ရှင်းရေး
0
Posted by
Maung Chem
|
Friday, December 17, 2010
စာဖတ်ပရိသတ်ကြီး ဒီတစ်ခါ သွားဖုံးရောဂါ အကြောင်း ဆွေးနွေးရအောင်လား ? သွားတိုက်ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Toothpaste ဟု လူသိများပြီး၊ အခြားဘာသာများတွင် Toothcream ဟုသုံးနှုန်းကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က တရုတ်၊ အီဂျစ်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယတို့မှ သွားတိုက်ဆေး ကဲ့သို့ ခံတွင်းသန့်ရှင်းရေးပစ္စည်းများအား အစောဆုံးအသုံးပြုခဲ့သည်ဟု သမိုင်းပညာရှင်များ ခန့်မှန်းထားသည်။
ဗီတာမင်စီ
0
Posted by
Maung Chem
|
Sunday, December 12, 2010
ဗီတာမင်စီ သည်အစွမ်းထက် သော ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ( Antioxidant) ဖြစ်ပြီး၊ ကိုယ်ခန္ဓာ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးသည် ။ ထိခိုက်ဒါဏ်ရာများ ၊ ခွဲစိတ်ဒဏ်ရာများ ၊ မီးလောင်ဒဏ်ရာများ ရရှိပြီးနောက် အနာကျက်ရာတွင် ဗီတာမင်စီသည်သံဓါတ်ကို အူမှ ထိရောက်စွာ စုပ်ယူနိုင်ရန်နှင့် ဖောလစ်အက်ဆစ် (Folic Acid) ကို အာနိသင် ထက်မြက်စေရန် ကူညီပေးသည် ။ အရိုး ၊ အရေပြား ၊ သွား ၊ အမာရွတ်များတွင် ပါဝင်နေသည့် Collagen ခေါ် အမျှင်ဓါတ် ပရိုတင်းတည်ဆောက်ရာတွင် ဗီတာမင်စီ လိုအပ်သည်။ ဗီတာမင်စီ ပေါကြွယ်ဝသော အသီးအနှံများမှာ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး စသည်ဖြစ်သည်။
ဆား
0
Posted by
Maung Chem
|
Sunday, December 5, 2010
ဆားသည် သတ္တုများ၊ သတ္တုအောက်ဆိုက်များ၊ နှင့် ဗေ့စ်များ အက်စစ်ဖြင့် ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည်။ အခြေခံ ဓာတုဗေဒ သင်ယူဖူးသူတိုင်း အက်စစ်နဲ့ ဗေ့စ် ဓာတ်ပြုရင် ဆားနဲ့ ရေ ရသည်ကို သိကြသည်။ ဆားများ၏ မော်လီကျူလာ တည်ဆောက်ပုံ ( Molecular Structure ) မှာ အက်စစ်များမှ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွတ်သွားပြီး၊ ကျန်ရှိသော အမဓာတ်ဆောင် ( Negative Charge ) အိုင်းယွန်းများ နှင့်အဖိုဓာတ်ဆောင်သော ( Positive Charge ) သတ္တုအိုင်ယွန်း ( Metal Ions ) များ ပေါင်းစပ်နေခြင်းပင် ဖြစ်သည်။
စိမ်းပြာရေညှိ
0
Posted by
Maung Chem
|
Friday, December 3, 2010
ကမ္ဘာပေါ်တွင် ရေညှိမျိုးစိတ်ပေါင်း ၂၅၀၀၀ ခန့်ရှိသည်။ ၄င်းတို့အနက် စိမ်းပြာရေညှိသည် ကမ္ဘာပေါ်တွင် အစောဆုံးသက်ရှိ တစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် အပူပိုင်းနှင့် အယ်လ်ကာလီ သတ္တိရှိ ရေငံတွင် ရှင်သန်ပေါက်ရောက်သော သေးငယ်သည့် ရေညှိပင် ဖြစ်သည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး၊ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင် ကြောင်အိမ်လှေကား သဏ္ဌာန်ရှိ၍ Spirulina ဟုခေါ်တွင်ခြင်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၏ စမ်းသပ်ချက်အရ စိမ်းပြာရေညှိသည် ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် ပေးခြင်းနှင့် ဆေးကုသမှု့အပိုင်းတွင် ပံ့ပိုးကူညီမှု့ ပေးနိုင်သော အာနိသင်ရှိသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်ခြင်း မရှိပေ။
ကြက်သွန်နီ
0
Posted by
Maung Chem
|
Sunday, November 14, 2010
ကြက်သွန်နီသည် ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး၊ တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းနိုင်ခြင်းတို့သည် နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်သည်။
ဓာတ်မှန်ရိုက်ခြင်း
0
Posted by
Maung Chem
|
Saturday, October 23, 2010
ဗဟုသုတ အနေနဲ့ရော ဆေးပညာလောကမှာပါ အရေးပါတဲ့၊ ရင်းနှီးပြီးသား အကြောင်းအရာလေး ဆွေးနွေးခြင်ပါတယ်။ တခြားမဟုတ်ပါဘူး ဓာတ်မှန်ရိုက်ခြင်းပါပဲ။ လူတိုင်းနီးပါး ဓာတ်မှန်ရိုက်ဖူး ကြပါတယ်။ လုံခြုံရေး အထူးတာဝန် ယူထားရသော နေရာများတွင် လက်နက်များ နှင့် ဖောက်ခွဲရေး ပစ္စည်းများ လှို့ဝှက်သယ်ဆောင်လာမှု့၊ ကိုယ်တွင်းအင်္ဂါများ ကြည့်ရှု့ရာတွင်လည်းကောင်း၊ အရိုးကျိုးခြင်း၊ စသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အချက်အလက်များကို X-ray ရောင်ခြည် အကူအညီ ဖြင့်သိနိုင်သည်။
ပန်းသီး ဖျော်ရည်
0
Posted by
Maung Chem
|
Tuesday, October 19, 2010
ပန်းသီးဖျော်ရည် ပုံမှန် သောက်သုံးပေးပါက အသက်အရွယ် ရလာသည့်အခါ အသားအရေတွန့် ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာတွေ့ ရှိချက်တွင် ဖော်ပြထားပါသည်။ ပန်းသီးဖျော်ရည်တွင် ပါဝင်သော ဓာတ်ပေါင်းများက ခန္ဓာကိုယ် အရေပြားဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်းစေရန် အထောက်အပံ့ပေးကြောင်း ပညာရှင်များက ပြောကြားသည်။
ခရမ်းချဉ်သီး
0
Posted by
Maung Chem
|
Monday, October 18, 2010
ခရမ်းချဉ်သီးတွင် ဗီတာမင်-ဘီ၊ ဗီတာမင်-စီ၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ် သတ္တုဓာတ်များနှင့် ရေဓာတ် ပါဝင်ပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးတွင် lycopene ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစည်း Antioxidant ပါဝင်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ် လို့ဆိုပါတယ်။ Lycopene ဓာတ်သည် ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်ပြီး၊ ခရမ်းချဉ်သီး အရောင်ရင့်လေ lycopene ဓာတ်ပိုမိုပါဝင်လေ ဖြစ်သည်။









