ဆား

| Sunday, December 5, 2010
ဆားသည် သတ္တုများ၊ သတ္တုအောက်ဆိုက်များ၊ နှင့် ဗေ့စ်များ အက်စစ်ဖြင့် ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည်။ အခြေခံ ဓာတုဗေဒ သင်ယူဖူးသူတိုင်း အက်စစ်နဲ့ ဗေ့စ် ဓာတ်ပြုရင် ဆားနဲ့ ရေ ရသည်ကို သိကြသည်။ ဆားများ၏ မော်လီကျူလာ တည်ဆောက်ပုံ ( Molecular Structure ) မှာ အက်စစ်များမှ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွတ်သွားပြီး၊ ကျန်ရှိသော အမဓာတ်ဆောင် ( Negative Charge ) အိုင်းယွန်းများ နှင့်အဖိုဓာတ်ဆောင်သော ( Positive Charge ) သတ္တုအိုင်ယွန်း ( Metal Ions ) များ ပေါင်းစပ်နေခြင်းပင် ဖြစ်သည်။

ဆားသည် လူသားတိုင်း ရင်းနှီးပြီးသား ဖြစ်သည်။ ဆားမပါတဲ့ဟင်း အရသာမရှိသလို၊ လူမှု့ပတ်ဝန်းကျင်တွင်လည်း " မင့်ဟာက ဆားမပါတဲ့ဟင်းလိုပဲ " လို့ တင်စားရလောက်အောင် ဆားရဲ့ ကဏ္ဍသည်လည်း အရေးပါလှသည်။ ဆိုဒီယမ်ကလိုရိုက်ဒ်ခေါ် ( NaCl ) အိမ်သုံးဆား၏ ငန်သောအရသာသည် အခြေခံအရသာ တစ်မျိုးဖြစ်သည်။ ဆားသည် အစားအစာတို့၏ အရသာကို ထင်ရှားစေသည်။ ထို့ပြင် အစားအသောက်များ ကြာရှည်ခံရန်အတွက် အရေးပါသော ပစ္စည်းတစ်မျိုးလည်း ဖြစ်သည်။ 

ဆားကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ ဆားကြမ်း (ဥပမာ - ပင်လယ်ဆား)၊ ဆားနု (ဥပမာ - စားပွဲတင်ဆား) နှင့် အိုင်အိုဒင်းဆား တို့ဖြစ်သည်။ ဆားသည် ကြည်လင်နေသော အစိုင်အခဲဖြစ်ပြီး အဖြူရောင်၊ ပန်းနုရောင် နှင့် မီးခိုးနုရောင်တို့ ရှိတတ်ပြီး ပုံမှန်အားဖြင့် ပင်လယ်ရေ သို့မဟုတ် ကျောက်စိုင်များတွင် တင်ကျန်နေခြင်းမှ ရရှိသည်။ စားသုံးနိုင်သော ကျောက်ဆားများမှာ သတ္တုဓာတ်ပါဝင်မှု့ကြောင့် မီးခိုးရောင်အနည်းငယ် သန်းနေသည်။ 

ဆားတွင် အဓိကပါဝင်သည့် ဓာတ် ၂မျိုးဖြစ်သည့် ကလိုရိုက်ဒ် နှင့်ဆိုဒီယမ်အိုင်းယွန်း များမှာ သတ္တ၀ါတို့ အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်သည်။ ဆားသည် ခန္ဒာကိုယ်အတွင်း ရေတို့လည်ပတ်ရန် ( fluid balance ) ပြုမူရာတွင် ပါဝင်သည်။ ဆားဓာတ်ကို တောင့်တခြင်းသည် သတ္တုဓာတ်လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်နိုင်သည့်အပြင် ဆိုဒီယမ်ကလိုရိုက်ဒ် လာက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် အငန်ဓာတ် လွန်ကဲစွာ စားသုံးပါက သွေးတိုးခြင်းအပါအဝင် မလိုလားအပ်သော နောက်ဆက်တွဲ ကျန်းမာရေးပြသနာများဖြစ်ပေါ် လာနိုင်သည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine