အနမ်း

| Monday, December 27, 2010
Meeting
အနမ်းနဲ့ ပတ်သတ်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများ အမြင်ချင်း ဖလှယ်နေကြသည်။

သွားဘက်ဆိုင်ရာ ပါမောက္ခ။ ။ အနမ်းဆိုတာ ရောဂါပိုးတွေကို သေစေနိုင်သလို၊ ရောဂါပိုးတွေ ကူးစက်နိုင်တယ်။

ဒဿနိက ပါမောက္ခ။ ။ အနမ်းဆိုတာ ကလေးတွေအတွတ် အနိုင်ကျင့် ခံရတာဖြစ်ပြီး၊ လူလတ်ပိုင်းတွေအတွတ် ကြည်နူးစရာဖြစ်ကာ၊ အဖိုးအဖွားတွေ အတွတ် အရိုအသေပေးတာ ဖြစ်တယ်။

သင်္ချာ ပါမောက္ခ။ ။ နှုတ်ခမ်းနှစ်ခုရဲ့ အတိုဆုံး အကွာအဝေးဟာ အနမ်းပဲ။

စီးပွားရေး ပါမောက္ခ။ ။ အနမ်းဆိုတာ အမြဲတမ်း ၀ယ်လိုအားက ရောင်းလိုအားထက် များနေတတ်တာမျိုးဗျ။

ဇီဝဗေဒ ပါမောက္ခ။ ။ အနမ်းဆိုတာ တံတွေးထဲက ဘက်တီးရီးယားတွေ အပြန်အလှန် ဖလှယ်နေတာပါ။

ရူပဗေဒ ပါမောက္ခ။ ။ နှလုံးသားနှစ်ခု ပြန့်ကားသွားလို့ ပါးစပ်နှစ်ခု နီးစပ်သွားတာ အနမ်းဗျ။

Maung Chem ။ ။ ဓာတ်ပြုပစ္စည်း နှလုံးသားနှစ်ခု ဓာတ်ပြုခြင်းက ဖြစ်ပေါ်လာတဲ့ ဓာတ်ဖြစ်ပစ္စည်း တစ်ခုပါပဲ။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine