စိမ်းပြာရေညှိ

| Friday, December 3, 2010
ကမ္ဘာပေါ်တွင် ရေညှိမျိုးစိတ်ပေါင်း ၂၅၀၀၀ ခန့်ရှိသည်။ ၄င်းတို့အနက် စိမ်းပြာရေညှိသည် ကမ္ဘာပေါ်တွင် အစောဆုံးသက်ရှိ တစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် အပူပိုင်းနှင့် အယ်လ်ကာလီ သတ္တိရှိ ရေငံတွင် ရှင်သန်ပေါက်ရောက်သော သေးငယ်သည့် ရေညှိပင် ဖြစ်သည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး၊ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင် ကြောင်အိမ်လှေကား သဏ္ဌာန်ရှိ၍ Spirulina ဟုခေါ်တွင်ခြင်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၏ စမ်းသပ်ချက်အရ စိမ်းပြာရေညှိသည် ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် ပေးခြင်းနှင့် ဆေးကုသမှု့အပိုင်းတွင် ပံ့ပိုးကူညီမှု့ ပေးနိုင်သော အာနိသင်ရှိသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်ခြင်း မရှိပေ။

စိမ်းပြာရေညှိသည် အောက်စီဂျင်ကို ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ဇီဝ လည်ပတ်မှူ့ကို ကူညီအားပေးသည်။ စိမ်းပြာရေညှိ တွင်ပါဝင်သော ဘီတာကယ်ရိုတင်း၊ ဗီတာမင် E နှင့် အဆီအက်ဆစ် တို့သည် ခန္ဓာကိုယ်၏ အိုမင်းဆုတ်ယုတ်သောဖြစ်စဉ်ကို နှေးကွေးစေခြင်း၊ Metabolism ကို ချိန်ဆထိန်းချုပ်ပေးခြင်း၊ သံဓာတ်ပါဝင်သောကြောင့် ကိုယ်အလေးချိန် လျှော့ချရာတွင် သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်းကို ကာကွယ်ပေးသည်။ 
 
Spirulina Tablet
စိမ်းပြာရေညှိတွင် ဗီတာမင်အေ၊ ဗီတာမင်ဘီအုပ်စု ( B-1, B-2, B-3, B-6, B-9 )၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ပါဝင်သည်။ ဆီးချိုရောဂါရှင်များ သကြားခံနိုင်ရည်ပမာဏကို ပြုပြင်ပေးနိုင်သည်။ သွေးတွင်း သကြားနှင့်အဆီကို လျှော့ချပေးနိုင်သည်။ အစားအသောက် ရှောင်ရှားရသော ဆီးချိုရောဂါရှင်များ အတွတ် လိုအပ်သော အာဟာရများကို ဖြည့်စွမ်းပေးနိုင်သည်။ စိမ်းပြာရေညှိ သည် အမိုင်နိုအက်စစ် ပမာဏ မြောက်မြားစွာပါဝင်သောကြောင့် အသည်းဆဲလ်ပျက်စီးမှု့ကို ပြုပြင်ပေးခြင်းကြောင့် အသည်း၏ စွမ်းဆောင်ချက်ကို ပြန်လည် ကောင်းမွန်စေသည်။ အသည်းရောင် ရောဂါကုသမှု့အတွက် များစွာအထောက်အကူ ပေးသည်။ 
 
စိမ်းပြာရေညှိ
ခန္ဓာကိုယ်ရောဂါခုခံခြင်း စနစ်သည် ရောဂါပိုးများ ၀င်ရောက်လာပါက ခုခံတိုက်ထုတ်သော ကိုယ်စောင့်တပ် ဖြစ်သည်။ အကယ်၍ ရောဂါခုခံခြင်းစနစ်သည် အကြောင်းအမျိုးမျိုးကြောင့် ဖျက်ဆီးတိုက်ခိုက်ခံရလျှင် ခန္ဓာကိုယ်၏ ရောဂါခုခံနိုင်သော စွမ်းရည် နိမ့်ကျလာစေသည်။ ထိုအချိန် ရောဂါပိုးများ ၀င်ရောက်လာပါက ဆိုးဝါးသောကျန်းမာရေးယိုယွင်းမှု့ ဖြစ်စေသည်။ စိမ်းပြာရေညှိသည် ခန္ဓာကိုယ်တွင် ကုန်ဆုံးသွားသော အာဟာရဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးခြင်း၊ ဇီဝစွမ်းဆောင်မှု့ ညီညွတ်မျှတအောင် ချိန်ညှိပေးခြင်း၊ လူ့ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကို အထောက်အကူပေးခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်းဖြင့် ရောဂါခုခံရန်နှင့် ရောဂါကာကွယ်ရန် ကောင်းမွန်သည်။

 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine