သက်တမ်းဝက်

| Saturday, December 11, 2010
သက်တမ်းဝက် ( Half-Life ) ဆိုသည်မှာ မှုလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန် ( တနည်း )၊ မှုလ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် အရေအတွတ် တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွခြင်း ဆိုသည်မှာ မတည်မြဲသော ရေဒီယို အိုက်ဆိုတုပ်များမှ တည်မြဲသော ( Stable State ) အိုက်ဆိုတုပ် ဖြစ်ရန် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ ရောင်ခြည်များ ထုတ်လွှတ် နေခြင်းဖြစ်သည်။ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် Carbon-14 သည် ဘီတာ ရောင်ခြည် ထုတ်လွှတ်ပြီး၊ Nitrogen-14 အဖြစ် ပြောင်းလဲသွားသည်။ 

 
Carbon-14 ၏ သက်တမ်းဝက် သည် 5740 နှစ်ဖြစ်သည်။ Carbon-14 ၁၀-ဂရမ် ရှိသည်ဆိုပါစို့။ 5740 နှစ်ကြာလျှင် Carbon-14 ၅-ဂရမ် သာလျှင် ကျန်ရှိမည်။ ကျန် ၅-ဂရမ်မှာ Nitrogen-14 အဖြစ် ပြောင်းလဲ သွားသည်။ မူလ ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ် Carbon-14 တ၀က်ကုန်ဆုံး သွားသောကြောင့်၊ ရေဒီယိုသတ္တိကြွမှု့ ( Radioactivity ) သည်လည်း တ၀က် ကုန်ဆုံး သွားပေတော့တယ်။ နောက်ထပ် နှစ်ပေါင်း 5740 ကြာလျှင် ၂-ဂရမ်ခွဲ သာလျှင် ကျန်ရှိပေတော့မည်။  

 
မူလ ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ် Carbon-14 ကို Parent Atom ဟုသုံးနှုန်းပြီး၊ ဘီတာရောင်ခြည် ထုတ်လွှတ်ပြီး ဖြစ်လာတဲ့ Nitrogen-14 ကို Daughter Atom ဟုခေါ်ပါတယ်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့် အမျှ Parent Atom ကုန်ဆုံးလာပြီး၊ Daughter Atom များပြားလာမည်သာ ဖြစ်သည်။ 


 
အချိန် t တွင် ရှိသော ရေဒီယို သတ္တိကြွမှု့ ( Radioactivity ) ကိုသိနိုင်ရန်၊ အချိန် t ကို သက်တမ်းဝက် နှင့်စားပြီး၊ ပါဝါတင်ကာ မူလ ရေဒီယို သတ္တိကြွမှု့နှင့် မြှောက်သည်။

 
အချိန် t ကို သက်တမ်းဝက်နှင့် စားကာ ပါဝါတင်ပြီး၊ မှုလ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် အရေအတွတ် နှင့် မြှောက်လျှင် အချိန် t ကြာပြီး ကျန်ရှိနေမည့် ရေဒီယိုအိုက်ဆိုတုပ် အရေအတွတ ကိုရရှိပေလိမ့်မည်။ 
 
ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်တစ်ချို့၏ သက်တမ်းဝက်နှင့် ထုတ်လွှတ်သော ရောင်ခြည် အမျိုးအစားများကို အောက်တွင် ဖော်ပြထားသည်။


သက်တမ်းဝက်အကြောင်း ဗီဒီယိုဖိုင်လေးပါ

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine