ခံတွင်းသန့်ရှင်းရေး

| Friday, December 17, 2010
စာဖတ်ပရိသတ်ကြီး ဒီတစ်ခါ သွားဖုံးရောဂါ အကြောင်း ဆွေးနွေးရအောင်လား ? သွားတိုက်ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Toothpaste ဟု လူသိများပြီး၊ အခြားဘာသာများတွင် Toothcream ဟုသုံးနှုန်းကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က တရုတ်၊ အီဂျစ်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယတို့မှ သွားတိုက်ဆေး ကဲ့သို့ ခံတွင်းသန့်ရှင်းရေးပစ္စည်းများအား အစောဆုံးအသုံးပြုခဲ့သည်ဟု သမိုင်းပညာရှင်များ ခန့်မှန်းထားသည်။ 

  



သွားတိုက်ဆေးကို အသုံးပြုခြင်းဖြင့် လူမှု့ဆက်ဆံရေးနယ်ပယ်တွင် မိမိကိုယ်ကိုမိမိ ယုံကြည်စိတ်ချမှု့ ရရှိစေနိုင်သည်မဟုတ်၊ သွားများကို သန့်ရှင်းစင်ကြယ်စေရန်၊ ခံတွင်းအနံ့ဆိုးများ ကင်းရှင်းစေရန်နှင့် ခံတွင်းသန့်ရှင်းစေရန်၊ ခံတွင်းကျန်းမာရေးအတွက် အသုံးပြုကြသည်။ သွားကြားရှိ အစာဟောင်းများ ရှင်းလင်းရာတွင်လည်းကောင်း၊ ခံတွင်းမှ အနံ့ဆိုးထွက်ခြင်း ကာကွယ်ရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့ပြင် သွားတိုက်ဆေးတွင် ဖလိုရိုက်ဒ် (fluoride) ပါဝင်သဖြင့် သွားနှင့်ခံတွင်း ရောဂါများအား ကာကွယ်ရာတွင် များစွာအသုံးဝင်သည်။ ဖွံ့ဖြိုးသော နိုင်ငံများတွင် သွားတိုက်ဆေး အသုံးပြုခြင်း များပြားလာသည်။ အချို့သွားတိုက်ဆေးများတွင် အန္တာရာယ်ဖြစ်စေသော ဓါတုဗေဒ ပစ္စည်းများပါဝင်ပြီး ၎င်းတို့ကို မြိုချမိပါက လည်ချောင်းအား ဥပါဒ်ဖြစ်စေသည်။   


ခံတွင်းသန့်ရှင်းရေး မကောင်းလျှင် သွားဖုံးရောင်ရောဂါ ဖြစ်စေသည်။ အစာစားပြီး ခံတွင်းသန့်ရှင်းရေး မလုပ်ပါက ဘက်တီးရီးယားများ လာရောက်ကပ်တွယ်ပြီး ကျောက် (Calculus) တွေဖြစ်လာသည်။ သွားမတိုက်ပဲထားပါက ကျောက်လွာသည် တစ်ဖြည်းဖြည်းနှင့် မာလာပြီး သွားအမြစ်ပတ်လည်နှင့် သွားဖုံးအဆက် နေရာများ ကျောက်တည်လာရသည်။ ထိုအဆင့်တွင် သွားဖုံးသည် နီပြီး၊ ယောင်လာသည်၊ သွားတိုက်သည့်အခါ သွေးစလေးများ ထွက်လာမည်။ နာကျင်မှု မရှိသေးသည့် အတွက် သတိမထားမိနိင်ပါဘုး။ ထိုနောက် သွားဖုံးများ အောက်ကျလာပြီး သွားတွေသည် ကြီးလာတယ်လို့ ထင်လာရပါတယ်။ ထိုအခါ သွားဖုံးရောင်ရောဂါမှ နောက်တစ်ဆင့်အနေနှင့် သွာဖုံးရောဂါ (Periodontitis) ဖြစ်လာရတယ်။ နောက်ဆုံး ရေစီးကမ်းပြိုဟု ခေါ်သော သွားများ ကျွတ်ထွက်သွားသည် အထိဖြစ်လာပါတယ်။ 
 
မည်သို့ပင်ဆိုစေကာမူ သွားဖုံးရောဂါမဖြစ်ခင် သွားဖုံးရောင်တဲ့အဆင့်တွင် သတိထားမိပြီး၊ သွားကိုနည်းမှန်မှန် အချိန်မှန်မှန်တိုက်မယ်ဆိုရင် သွားဖုံးရောဂါ ပြန်လည်ကောင်းမွန်ပြီး သွားဖုံးတွေ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ တစ်ဖန် တွယ်ကပ်နေတဲ့ ကျောက်တွေကိုဖယ်ရှားပေးပြီး ကုသခြင်းကို ကျောက်ခြစ်ခြင်း (Scaling) ဟုခေါ်သည်။ ကျွန်တော်တို့သွားတွေ မဆုံးရှံးရလေအောင် အစာစားပြီးတိုင်း သွားတိုက်နိုင်ရင် အကောင်းဆုံးပါ။ မလုပ်နိုင်ရင်တော့ ပလုတ်ကျင်းပေးပါ။ ညအိပ်ယာမ၀င်ခင် အချိန်မှန် သွားတိုက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတော့တယ်။ 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine