နျူကလီယားစွမ်းအင်သည် သဘာဝစွမ်းအင် မဟုတ်သော တခြားလောင်စာ စွမ်းအင်များနှင့် ယှဉ်လျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှု အနဲပါးဆုံး စွမ်းအင် ဖြစ်သော်လည်း၊ နျူကလီယား စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကို လွန်စွာထိန်းချုပ် ကန့်သတ်ေ နကြပါတယ်။ အကြောင်းကတော့ နျူကလီယားစွမ်းအင် ထုတ်ယူတာ၊ သုံးစွဲတာအပြင် နျူကလီယား စွန့်ပစ်ပစ္စည်းတွေ သိမ်းဆည်းဖို့ကအစ အန္တရာယ်ကြီးပါတယ်။ ထို့ထက်ဆိုးတာက နျူကလီယားစွမ်းအင်နဲ့ လူသားအကျိုးပြု လျှပ်စစ်ဓာတ်ထုတ်ရန် သာမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်အဆင့်ထိ ထုတ်ယူနိုင်တာကြောင့်ပါ။
Showing posts with label Nuclear. Show all posts
Showing posts with label Nuclear. Show all posts
ရေဒီယိုသတ္တိကြွမှု့နှင့် သိမှတ်စရာများ
0
Posted by
Maung Chem
|
Friday, April 1, 2011
စာဖတ်ပရိတ်သတ်တွေအတွတ် ဗဟုသုတရစေမယ့် ရေဒီယိုသတ္တိကြွမှု့နှင့် သိမှတ်စရာများ အကြောင်းကို နေ့သစ်ဝက်ဆိုက် ကနေ ဖတ်လိုက်ရလို့ ပြန်ပြီး ဖောက်သည် ချလိုက်ပါတယ်။
ဒီလင့်ကနေ "ပုံကိုနှိပ်လိုက်ပါ" ဆိုတဲ့ နေရာကို နှိပ်ပြီး၊ PDF ဖိုင်ကို ဒေါင်းပြီး ဖတ်ရှု့နိုင်ပါတယ်။
ဓာတ်သတ္တိကြွရေ ကျိုချက် သောက်ခြင်း
3
Posted by
Maung Chem
|
Friday, March 25, 2011
သန့်ရှင်းသောရေ ( pH=7 ) ကို သဘာဝ အတိုင်း မရရှိနိုင်။ သဘာဝရေတွင် မိုးရေသည် အသန့်ရှင်းဆုံး ဖြစ်သော်လည်း၊ လေထုအတွင်း စက်ရုံ အလုပ်ရုံများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များမှ ထွတ်ရှိသော ကာဗွန်ဒိုင် အောက်ဆိုက်၊ ဆာဖာဒိုင် အောက်ဆိုက်၊ နိုက်ထထြိုဂျင် အောက်ဆိုက် စသည့် ဓာတ်ငွေ့များကို ဖြတ်သန်းလာသော မိုးရေသည်လည်း အက်စစ်မိုး အဖြစ် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။
မတူကွဲပြား၊ ဓာတ်ပေါင်းဖို ဒီဇိုင်းများ။
1
Posted by
Maung Chem
|
Tuesday, March 22, 2011
အနျူမြူ စည်းနှောင်စွမ်းအင်
0
Posted by
Maung Chem
|
Thursday, February 24, 2011
နျူကလီးယားသည် ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန်တို့ဖြင့် ဖွဲ့စည်းထားသော အက်တမ်၏ အတွင်းပိုင်း နျူကလိယက်စ်ကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ အက်တမ်၏ နျူကလိယက်စ်တွင် နျူကလီယွန် ( Nucleons ) များ ဖြစ်သည့် လျှပ်စစ်ဓာတ်မရှိသော နျူထရွန်နှင့် လျှပ်စစ်ဓာတ်ဖိုသတ္တိဆောင် ပရိုတွန်များ စုဝေးနေပြီး၊ ဓာတ်မဆောင် အီလက်ထရွန်များက လှည့်ပတ်နေကြသည်။ တူညီသော လျှပ်စစ်ဆောင် မှုန်များ တွန်းကန်ပြီး၊ မတူညီသော လျှပ်စစ်ဆောင်အမှုန်များ ဆွဲငင်သော လျှပ်စစ်သီအိုရီအရ နျူကလိယက်စ် အတွင်းရှိ ဓာတ်ဖိုဆောင်သော ပရိုတွန် အမှုန်များသည်လည်း အချင်းချင်းတွန်းကန်နေကြသည်။ သို့သော် အဘယ်ကြောင့် နျူကလိယက်စ်အတွင်း ပရိုတွန်များ စုဝေးနေနိုင်ကြသနည်း ?
ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန် ရှာနည်း
0
Posted by
Maung Chem
|
Wednesday, February 23, 2011
အက်တမ်သည် လျှပ်စစ်ဓာတ်ဖိုဆောင် ပရိုတွန်၊ လျှပ်စစ်ဓာတ်မဲ့ နျူထရွန်နှင့် လျှပ်စစ်ဓာတ်မဆောင် အီလက်ထရွန်များဖြင့် ဖွဲ့စည်းထားသည်။ နျူကလီယွန်များ ဖြစ်သည့် ပရိုတွန်နှင့် နျူထရွန်များသည် နျူကလိယက်စ်တွင်း စုဝေးနေပြီး၊ အီလက်ထရွန်များက လှည့်ပတ်နေကြသည်။ လူတိုင်းနာမည် ရှိသကဲ့သို့ အက်တမ်တိုင်း အက်တမ်အမှတ်စဉ်နှင့် အမည်ကိုယ်စီ ရှိကြသည်။ အက်တမ်အမှတ်စဉ် ( Atomic number ) သိလျှင် အက်တမ်အမည်ကို သိရှိနိုင်သည်။
အနျူမြူ စွမ်းအင်
0
Posted by
Maung Chem
|
Friday, February 18, 2011
နျူကလီးယားစွမ်းအင်သည် တခြားသဘာဝလောင်စာ မဟုတ်သော စွမ်းအင်များနှင့် ယှဉ်လျှင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု့ အနည်းဆုံး လောင်စာဖြစ်သည်။ သို့သော် နျူကလီးယား ဓာတ်ပေါင်းဖိုများမှ ထွတ်ရှိသော စွန့်ပစ်ပစ္စည်းများကို သိမ်းဆည်းရန် ခက်ခဲသည်။ နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းဖြင့် လူသားအကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်သလို၊ ရေငုတ်သင်္ဘောများ မောင်းနှင်ခြင်းနှင့်၊ ဒုံးပျံလွှတ်ခြင်း အစရှိသည့် အဆင့်မြင့်နည်းပညာရပ်များ တွင်သာမက လူအစုလိုက်အပြုံလိုက် သေကြေစေတဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရာတွင်လည်း အသုံးဝင်သည်။
သက်တမ်းဝက်
0
Posted by
Maung Chem
|
Saturday, December 11, 2010
သက်တမ်းဝက် ( Half-Life ) ဆိုသည်မှာ မှုလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန် ( တနည်း )၊ မှုလ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် အရေအတွတ် တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွခြင်း ဆိုသည်မှာ မတည်မြဲသော ရေဒီယို အိုက်ဆိုတုပ်များမှ တည်မြဲသော ( Stable State ) အိုက်ဆိုတုပ် ဖြစ်ရန် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ ရောင်ခြည်များ ထုတ်လွှတ် နေခြင်းဖြစ်သည်။ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် Carbon-14 သည် ဘီတာ ရောင်ခြည် ထုတ်လွှတ်ပြီး၊ Nitrogen-14 အဖြစ် ပြောင်းလဲသွားသည်။
တုပ်၊ တုန်း၊ ဘား၊ မား။
0
Posted by
Maung Chem
|
Wednesday, December 8, 2010
Nuclear Chemistry ကိုသင်ယူ ဖူးသူတိုင်း ဒီအခေါ်အဝေါ်တွေ နဲ့ ရင်းနှီးဖူးသားပါ။ တုပ်၊ တုန်း၊ ဘား၊ မား၊ ဆိုတာ အိုက်ဆိုတုပ် ( Isotope )၊ အိုက်ဆိုတုန်း ( Isotone )၊ အိုက်ဆိုဘား ( Isobar )၊ နဲ့ အိုက်ဆိုမာ ( Isomer ) ကိုဆိုလိုတာပါ။ တုပ်တုန်းဘားမား အကြောင်း အလွယ်သိစေသော လင်္ကာလေးမှာ - တုပ်-တုန်း-ဘား-မား Z -N- A - အားလုံးတူ လို့ အလွယ်မှတ်နိုင်ပါတယ်။ အိုက်ဆိုတုပ်သည် Z , အိုက်ဆိုတုန်းသည် N , အိုက်ဆိုဘားသည် A , အိုက်ဆိုမာသည် အားလုံးတူသည်။
ဓာတ်ရောင်ခြည် အန္တာရာယ်မှ ကာကွယ်ခြင်း
0
Posted by
Maung Chem
|
Sunday, November 21, 2010
ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များနှင့် ထိတွေ့နေကြရသော နျူကလီးယားဓာတ်ပေါင်းဖို လုပ်သားများ၊ သုတေသနပြုနေသူများ ယူရေနီယမ် မိုင်းတွင်းလုပ်သားများ၊ အများပြည်သူများ ရေဒီယိုသတ္တိကြွ အန္တာရာယ် ( Radiation Hazard ) မှ ကာကွယ်နိုင်ရန် နည်းလမ်းများမှာ -
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။
ယူရေနီယမ်
0
Posted by
Maung Chem
|
Monday, November 1, 2010
ယူရေနီယမ် ( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယမ်ကို ၁၇၈၉-ခုနှစ် ၊ဂျာမန် ဓာတုပညာရှင် Martin Heinrich Klaproth က ရှာဖွေ တွေ့ရှိခဲ့ပြီး ၊ယူရေးနပ်ဂြိုလ်ကို အစွဲပြုကာ ယူရေနီယမ်ဟု အမည်ပေးခဲ့သည်။ ယူရေနီယမ်ကို ၁၉-ရာစုနှစ်ထိ ရေဒီယိုသတ္တကြွ သတ္တုအဖြစ် မသိရှိခဲ့ကြပေ။ ၁၈၉၆ခုနှစ်တွင် ပြင်သစ် ရူပပညာရှင် Antoine Henri Becquerel ကယူရေနီယမ်နှင့် ထိတွေ့ထားတဲ့ ပလိပ်ပြားများမှ မမြင်နိုင်သော ရောင်ခြည်များ ထုတ်လွှင့်ခြင်းကို သိရှိခဲ့ရာမှ ၊ယူရေနီယမ် သည် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
အနျူမြူ ဓာတုဗေဒ
0
Posted by
Maung Chem
|
Monday, October 25, 2010
အက်တမ် တစ်ခုလုံးသည် နျူကလိယက်စ်ထက် အဆပေါင်း တစ်သောင်းနီးပါး ကြီးမားသည်။ ထိုမျှလောက် သေးငယ်သော နျူကလိယက်စ်မှ ရေဒီယိုသတ္တိကြွ ရောင်ခြည်များနှင့် နျူကလီးယားဗုံး ပေါက်ကွဲရာမှ အံ့မခန်းကြီးကျယ် များပြားလှသော စွမ်းအင်များ ထွတ်ရှိနိုင်သည်။ နျူကလီးယား ဓာတ်ပြုခြင်းများတွင် မြောက်များလှစွာသော စွမ်းအင်များ ထုတ်လွှတ်ပြီး၊ နျူကလိယက်စ်များ ဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းနှင့်အတူ ဒြပ်စင်များပါ ပြောင်းလဲသွားကြသည်။ နျူကလီးယား ဓာတ်ပြုခြင်းများ နှင့်နျူကလိယက်စ်ကို လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲကို နျူကလီးယား ဓာတုဗေဒဟုခေါ်သည်။
အိုင်းစတိုင်း
0
Posted by
Maung Chem
|
Monday, October 11, 2010
| Albret Einstein ( 1879 - 1955 ) |
ကျောင်းမှာ စာမတော်ပေမယ့် အလင်းနဲ့အချိန်ကို တွေးနိုင်သူ၊ သူ့တွေ့ရှိချက်ကြောင့် အနျူမြူ ဗုံးဖြစ်ခဲ့ပေမယ့်၊ ငြိမ်းချမ်းရေးသမား တစ်ယောက် ဖြစ်ခဲ့တဲ့၊ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်ကြီး၊ နိုင်ငံကျော် ရူပဗေဒ ပါရဂူ အဲလ်ဘတ် အိုင်းစတိုင်း အကြောင်းပဲ ဖြစ်ပါတယ်။ ဆံပင်တွေထောင်ထား၊ အသိခက် ပုံသေနည်းတွေထုတ်ပြီး၊ လျှာကို သွင်းချည်ထုတ်ချည်လုပ် ကိုယ်နေတဲ့နေရာကို မေ့နေတတ်တဲ့သူပါပဲ။ အဲလ်ဘက် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် ဂျာမနီတောင်ပိုင်း မှာမွေးပါတယ်။ သူ့မှာ စာဖတ်ခက်ပြီး၊ ထုံထိုင်းသူလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာ တခြားကလေးတွေနဲ့ မတူတာက ကွဲပြားတဲ့ အသိဥာဏ် ရှိတာပါ။ ၉နှစ် အထိ အိုင်းစတိုင်းဟာ စကားပြောခဲပါတယ်။

















