အနျူမြူ စွမ်းအင်

| Friday, February 18, 2011
နျူကလီးယားစွမ်းအင်သည် တခြားသဘာဝလောင်စာ မဟုတ်သော စွမ်းအင်များနှင့် ယှဉ်လျှင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု့ အနည်းဆုံး လောင်စာဖြစ်သည်။ သို့သော် နျူကလီးယား ဓာတ်ပေါင်းဖိုများမှ ထွတ်ရှိသော စွန့်ပစ်ပစ္စည်းများကို သိမ်းဆည်းရန် ခက်ခဲသည်။ နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းဖြင့် လူသားအကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်သလို၊ ရေငုတ်သင်္ဘောများ မောင်းနှင်ခြင်းနှင့်၊ ဒုံးပျံလွှတ်ခြင်း အစရှိသည့် အဆင့်မြင့်နည်းပညာရပ်များ တွင်သာမက လူအစုလိုက်အပြုံလိုက် သေကြေစေတဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရာတွင်လည်း အသုံးဝင်သည်။ 
 
နျူကလီးယားစွမ်းအင် ထုတ်လုပ်ရန် နျူကလီးယား ဓာတ်ပေါင်းဖို လိုအပ်သည်။ ဓာတ်ပေါင်းဖိုများတွင် အသုံးများဆုံးမှာ လျှပ်စစ်ဓာတ် ထုတ်ရာတွင် သုံးသည့် ဓာတ်ပေါင်းဖိုဖြစ်သည်။ နျူကလီးယား ဓာတ်ပေါင်းဖိုမှ လျှပ်စစ်ဓာတ် ထုတ်ယူနိုင်ရန်အတွတ် နျူကလီးယားဖြစ်စဉ် အစပြိုးသည့်အဆင့်၊ နျူကလီးယား ဖြစ်စဉ် ဖြစ်ပြီး ထိုဖြစ်စဉ် ပေါက်ကွဲမသွားအောင် ထိန်းသိမ်းသည့် အဆင့်၊ နျူကလီးယား ဆင့်ကဲဖြစ်စဉ် ဆက်လက် ဖြစ်ပွားအောင် ထိန်းထားသည့် အဆင့်သုံးဆင့် ရှိသည်။
Chain Reaction
Fuel Rod
နျူကလီးယား ပေါက်ကွဲမှု့ ဖြစ်စဉ် ဖြစ်ပွားနိုင်တဲ့ 235U သို့မဟုတ် 239Pu အိုက်ဆိုတုပ် များသည်၊ လျှပ်စစ်မဲ့သော နျူထရွန် တစ်လုံးကို စုပ်ယူလိုက်နိုင်သည် နှင့်တစ်ပြိုင်နက် မတည်မြဲသော စွမ်းအင်မြင့် အခြေအနေတစ်ခုကို ရောက်ရှိကာ၊ သေငယ်တဲ့ အနျူမြူ အက်တမ် များအဖြစ် ပြိုကွဲပြီး တစ်ပြိုင်နက် လျှပ်စစ်မဲ့တဲ့ နျူထရွန် နှစ်ခု၊ သုံးခုနှင့်အတူ၊ အလွန်တရာ ပူပြင်းလှတဲ့ အပူစွမ်းအင်ပါ ထွတ်ရှိလာပါတော့တယ်။ ထွတ်ရှိလာတဲ့ နျူထရွန်အပိုများမှ တစ်လုံးကို ယူရေနီယမ် အိုက်ဆိုတုပ် 235U တစ်ခုကစုပ်ယူပြီး ပြိုကွဲလိုက် စသည်ဖြင့် နျူကလီးယား ပြိုကွဲဖြစ်စဉ်ကြီး တောက်လျှောက် ဆင့်ကဲ ဖြစ်ပျက်တော့တာပါပဲ။ ထိုဖြစ်စဉ်ကို Chain Reaction လို့ခေါ်ပါတယ်။ ထိုဖြစ်စဉ်နဲ့ အတူ အပူစွမ်းအင် များစွာ ထွတ်ရှိလာပါတော့တယ်။ နျူကလီးယား ဆင့်ကဲဖြစ်စဉ်ကို ထိန်းထားရန် လိုအပ်ပါတယ်။ ထိန်းမထားနိုင်ပါက များစွာသော အပူစွမ်းအင်နှင့်အတူ နျူကလီးယား ဓာတ်ပေါင်းဖိုကြီး ပေါက်ကွဲသွား စေနိုင်ပါတယ်။ ထိုကဲ့သို့ နျူကလီးယား ဓာတ်ပေါင်းဖိုကြီး ပေါက်ကွဲမသွားရအောင် ထိန်းချုပ်ရန်အတွတ် အနျူ့မြူ နျူထရွန်များကို အရှိန်နှေးသွားစေရန်နှင့် စုပ်ယူရန် လိုအပ်သည်။ နျူထရွန် နှေးစေသော ( Neutron Moderators ) အရာများအဖြစ် ရေလေး ( Heavy Water )၊ ဂရပ်ဖိုက် ( Graphite )၊ နျူထရွန်စုပ်ယူသော( Neutron Absorbers ) အရာများအဖြစ် ကတ်မီယမ် ( Cadmium )၊ ဘိုရွန် ( Boron ) တို့ကို သုံးပါတယ်။

နှစ်ပေါင်သာသာရှိတဲ့ 235U ကနေ၊ နှစ်ပေါင်သာသာလေးတဲ့ ကျောက်မီးသွေးထက် အဆပေါင်း သုံးသန်းလောက် စွမ်းအင်ထွတ်ပါတယ်။ ထွတ်ပေါ်လာတဲ့ အပူစွမ်းအင်က များလာသလို ဓာတ်ပေါင်းဖိုရဲ့ ယူရေနီယမ် သတ္တုချောင်းများ ထည့်ထားတဲ့ အလည်ဆံကို ရေအေးလွှတ်ပြီး၊ ဓာတ်ပေါင်းဖို မပေါက်ကွဲစေရန် အပူချိန်ကျသွားအောင် လုပ်ပေးရပါတယ်။ အပူချိန်ကျသွားသည်နှင့် တစ်ပြိုင်နက် ထွတ်လာတဲ့ ရေပူတွေကို ရေနွေးငွေ့ ပြောင်းနိုင်တဲ့၊ ရေလှေင်ကန်ပိုက်များ အတွင်းထည့်ကာ ရေနွေးငွေ့တွန်းအားဖြင့် တာဘိုင်ဒလက်ကြီးများကို လည်စေသည်။ လည်နေသော တာဘိုင်ဒလက်များကို လျှပ်စစ်ထုတ်နိုင်သော ဒိုင်နမိုနဲ့ တွဲလိုက်သောအခါ၊ ဒိုင်နမိုလည်သည်နှင့် လျှပ်စစ်ဓာတ် ထွတ်ရှိလာပါတော့တယ်။ ၄င်းကို နျူကလီးယား စွမ်းအင် ( Nuclear Power ) ဟုခေါ်သည်။
 

နျူကလီးယား ဓာတ်ပေါင်းဖိုအမျိုးမျိုးရှိသည်။ အဓိကအားဖြင့် လျှပ်စစ်ထုတ်သော နျူကလီးယား ဓာတ်ပေါင်းဖို၊ သိပ္ပံသုတေသနနှင့် ဆေးသုတေသန လုပ်ငန်းများတွင် သုံးသော ဓာတ်ပေါင်းဖို၊ စက်မှု့လုပ်ငန်းများတွင် အသုံးပြုသော ဓာတ်ပေါင်းဖိုနှင့် မွေးထုတ်ဓာတ်ပေါင်းဖို ( Breeder Reactor ) တို့ဖြစ်သည်။ မွေးထုတ်ဓာတ်ပေါင်းဖိုသည် လောင်စာ အနျူမြူကို မွေးထုတ်ပေးသော ဓာတ်ပေါင်းဖို အမျိုးအစားဖြစ်သည်။ နာကာစကီ တွင်ကျဲချခဲ့သော ပလိုတိုနီယမ်ဗုံးအမျိုးအစားသည် နျူကလီးယား ဆင့်ကဲ ဖြစ်စဉ် မဖြစ်နိုင်သော ယူရေနီယမ် အိုက်ဆိုတုပ် 238U အမျိုးအစားကို နျူကလီးယား ဆင့်ကဲဖြစ်စဉ် ဖြစ်နိုင်သော ပလိုတိုနီယမ် အိုက်ဆိုတုပ် 239Pu အဖြစ် မွေးထုတ်ဓာတ်ပေါင်းဖိုများမှ ထုတ်လုပ်ရယူသည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine