ဗီတာမင် - E

| Tuesday, February 22, 2011
ဗီတာမင်တွေကို အဆီတွင်ပျော်ဝင်ခြင်းနဲ့ ရေတွင်ပျော်ဝင်ခြင်း ဆိုပြီး၊ နှစ်မျိုးခွဲရာ ဗီတာမင် A၊ D၊ E သည် အဆီတွင် ပျော်ဝင်သည်။ ဗီတာမင် - E သည် ဆီထုတ်ယူနိုင်သော နေကြာစေ့၊ မြေပဲ၊ သံလွင်ဆီနှင့် သင်္ဘောသီး၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပုပ်စေ့ စသည် စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ ဗီတာမင် - E နည်းတဲ့ရောဂါဆိုတာ ရှားပါတယ်။ အဆီကို စုပ်ယူနိုင်စွမ်းမရှိတဲ့ အခြေအနေ၊ မွေးဖွားစဉ် ကိုယ်အလေးချိန် မပြည့်ခဲ့ခြင်း၊ အူတွင်ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။ ဗီတာမင်မှန်သမျှ မရှိမဖြစ်လိုပေမဲ့ သာမန်လူသားတစ်ယောက် စားသုံးနေသော နေ့စဉ်အစားစာများတွင် လုံလောက်စွာ ပါဝင်ပါတယ်။ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင် - E များရင်လည်း မကောင်းပါဘူး။ ဆေးပညာအရ တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။

ဝက်ခြံ၊ ရင်သားကင်ဆာ၊ ရင်သားအကျိတ်၊ သွေးဆုံး လက္ခဏာတွေ၊ ကိုယ်ဝန်ရှိချိန်မှာ သွေးတိုးတာ၊ မွေးလမ်းကြောင်း ရောင်တာတွေကို ကောင်းမွန်စေနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်။ အစာအိမ်ကင်ဆာ၊ အမျိုးသမီးရင်သား-အူမကြီးကင်ဆာ၊ ယောက်ျား ဆီးကျိတ်-ဆီးအိမ်ကင်ဆာ စတာတွေကို ကောင်းစေတယ်ဆိုတာ သုတေသန အဆင့်မှာသာ ရှိပါသေးတယ်။ နောက်ပြီး မျက်စိအတွင်းတိမ်အတွက် အကျိုးများစေတယ်လို့ ဆိုပါသေးတယ်။ နေရောင်မှာ အန္တရာယ်ပေးတဲ့ ခရမ်းလွန်ရောင်ခြည် UV ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E နှင့် A သည် အသားအရေကို ကောင်းမွန်စေပါတယ်။ နှစ်မျိုးလုံး အဆီမှာ ပျော်ဝင်တာမို့ ဆီရှားတဲ့အရပ်၊ ဆီမစားတတ်တဲ့ အကျင့်ရှိတဲ့လူတွေအတွက် ဂရုစိုက် စားသုံးသင့်ပါတယ်။ 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine