အသားဓာတ်

| Wednesday, February 23, 2011
ဒီတစ်ခါ ကျွန်တော်တို့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေမှာ တစ်ခန်းကဏ္ဌ ကပါဝင်တဲ့ ပရိုတန်းခေါ် အသားဓာတ် အကြောင်းလေးပါ။ ခန္ဓာတည်ဆောက်မှု့အတွတ် အဓိက လိုအပ်သော အသားဓာတ်ကို ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ငါး၊ ဥများ၊ အသည်း၊ နို့ စသည်စားသုံးခြင်းဖြင့် ရရှိသည်။ ယခုအခါ ရဟန်းရှင် လူအချို့တို့သည် အကြောင်းအမျိုးမျိုးဖြင့် သက်သတ်လွတ်စားသုံးနေကြသည်။ ဆေးပညာရှင်များ အပါအ၀င် လူတော်တော်များများ သက်သတ်လွတ်စားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိမြင်လာကြပြီဖြစ်သည်။ ဥပုသ်သီတင်းသီလ စောင့်ထိန်းသူများသည် သက်သတ်လွတ်စားသုံးလေ့ရှိကြ၏။ အချို့မှာ ဥပုသ်မစောင့်စေကာမူ မိမိတို့ ယုံကြည်မှုအရ အခါအားလျော်စွာ သို့မဟုတ် အစဉ်အမြဲ သက်သတ်လွတ်စား နေကြသူများ လည်းရှိ၏။ အချို့ကလည်း မိမိကျန်းမာရေးအတွက် အသားငါး ကိုရှောင်ပြီး သက်သတ်လွတ်စားလေ့ရှိကြပါသည်။ 

အာဟာရရှုထောင့်မှ ကြည့်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီဝလံများ သည် ရောဂါကာကွယ်စေသော အစား အစာအုပ်စုတွင် ပါဝင်၏။ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့တွင် ပါဝင်သော ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဗီတာမင်အီး ဓာတ်များသည် ကင်ဆာအမျိုးမျိုးကို ကာကွယ်နိုင်၏။ သံဓာတ်နှင့် ထုံးဓာတ်စသော သတ္တုဓာတ်များကိုလည်း ဟင်းသီးဟင်းရွက်များမှ ရနိုင်၏။ ဟင်းသီးဟင်းရွက်များစားလျှင် လူတို့တွင် ဖျတ်လတ်လန်းဆန်းပြီး ဥာဏ်ရွှင်စေနိုင်၏။ အသားအရည်စိုပြည် နိုင်၏။ လူကို နုပျိုပြီး အသက်ရှည် စေနိုင်၏။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင်အမျှင်ဓာတ်နှင့် ရေတို့ ပါဝင်ကြသဖြင့် ယင်းတို့စားခြင်းအားဖြင့် ဆီး၊ ၀မ်းမှန်စေပါသည်။ ဤသို့အားဖြင့် ဟင်းသီးဟင်းရွက် များများစားပေးပါက ၀မ်းချုပ်ခြင်း၊ အူမကြီးကင်ဆာနှင့် လိပ်ခေါင်းရောဂါများကို ကာကွယ်နိုင်ပါသည်။ အမျှင်ဓာတ်သည် ကိုလက်စထရော ခေါ် အဆီဓာတ်ကို လျော့နည်းစေနိုင်၏။ သက်သတ်လွတ်စားသူများ သည် နှလုံးသွေးကြောကျဉ်း ရောဂါမှ ကင်းဝေးစေနိုင်ပါသည်။ ထို့ပြင် အမျှင်ဓာတ်သည် သွေးထဲမှ သကြားဓာတ်ကို အတက် နှေးစေနိုင်ပါသည်။ သို့ဖြစ်၍ အင်ဆူလင့်ထိုးဆေး မလိုသော ဆီးချိုရောဂါသည်မှာ အတွက် ဟင်းဦးဟင်းရွက်များ ပြည့်ပြည့်စုံစုံမျှမျှ စားတတ်လျှင် ပရိုတင်းဓာတ်ကိုလည်း ပြည့်ပြည့်၀၀ရနိုင်ပါသည်။ ဥပမာ – ပဲမျိုးစုံကိုစားလျှင် ပရိုတင်းဓာတ်များရနိုင်ပါသည်။ များသောအားဖြင့် သက်သတ်လွတ်ဟင်းများတွင်  ပဲကို အသုံးအစားများသည်ကို တွေ့ကြရ၏။ ပဲသည် ဈေးလည်းသက်သာ၍ အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့်အပြင် အာဟာရဓာတ်ကြွယ်ဝသော သက်သက်လွတ်အစာပင် ဖြစ်ပါသည်။ အချို့က ပဲကို ဆင်းရဲသားအမဲဟု ခေါ်စမှတ်ပြုတတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော အမဲသားနှင့် ပဲသည် တူညီသော အသားဓာတ်တန်ဖိုးကို ပေးစွမ်းနိုင်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ ပဲတွင် အသားဓာတ် ၇၀ ရာခိုင်နှုန်းပါ၍ အဆီဓာတ်လည်း ပဲအစားအစာ အလိုက် ပါဝင်ပါသည်။


 အသားဓာတ်သည် အမိုင်နိုအက်စစ်ပေါင်း မြောက်မြားစွာ ပေါင်စပ်ပါဝင်နေခြင်းဖြစ်သည်။ အမိုင်နိုအက်စစ်သည် အော်ဂဲနစ်ဒြပ်ပေါင်း ဖြစ်သည်။ အမိုနိုအက်စစ် တည်ဆောက်ပုံတွေမှာ အမိုင်နိုအုပ်စု ( Amino Group, -NH2 )၊ နှင့် ကာဘောက်စလစ် အုပ်စု ( Carboxylic Acid , -COOH ) အဓိက ပါဝင်ပါတယ်။R- သည်  Side Chain ( Carbon-Hydrogen ဆက်တန်း ) ကိုရည်ညွန်းတာပါ။


ထိုအမိုနိုအုပ်စု ( -NH2 ) နှင့် ကာဘောက်ဇိုင် အုပ်စု ( -COOH ) တို့ရဲ့ တည်နေရာ ပေါ်မူတည်ပြီး အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ အမိုနိုအက်စစ်များ အဖြစ် ခွဲခြားနိုင်ပါတယ်။ ဂရိသင်္ကေတ အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာဟာ ကာဘောက်ဇိုင် အုပ်စုမှ ကာဗွန် အက်တမ်၏ အကွာအဝေးကို လိုက်ပြီး၊ ခြားနားပါတယ်။ အပင်နှင့် သတ္တ၀ါ တွေမှာအယ်ဖာ အမိုင်နို အက်စစ် တစ်မျိုးသာ တွေ့နိုင်ပါတယ်။  ဒါပေမယ့် ပရိုတိန်း တည်ဆောက်ပုံတွေမှာတော့ အယ်ဖာ အမိုင်နို အက်စစ်များမှ အမျိုးနှစ်ဆယ်သာ ပါဝင်တာကို တွေ့ရပါတယ်။
အမိုင်နို အက်စစ် ကို Essential Amino Acid နှင့် Non-Essential Amino Acid ဟူ၍ ခွဲခြားနိုင်သည်။ Essential Amino Acid ဟာ ပရိုတိန်း ဓာတ်ပါဝင်သော အစားအစားများမှ သော်လည်းကောင်း၊ ကိုယ်တွင်းအင်္ဂါများမှ အခြားသော အမိုင်နို အက်စစ်များနှင့် ပေါင်းစပ်၍ လည်းကောင်း ရရှိပါတယ်။ Non-Essential အမိုနို အက်စစ်ကို ကိုယ်တွင်းအင်္ဂါများမှ ထုတ်လုပ်မပေးနိုင်ပါဘူး၊ ပရိုတိန်းဓာတ် ပါဝင်တဲ့ အစားအစာများစားမှ သာလျှင် ရရှိနိုင်ပါတယ်။

အမိုင်နိုအက်စစ်တိုင်း မှာအယ်လ်ဖာ ကာဗွန်အက်တမ်ဟာ မျိုးမတူတဲ့ အုပ်စု လေးခုကို တွဲစပ်ထားသောကြောင့်၊ စတီရီယို အိုက်ဆိုမာ ( Stereoisomer ) နှစ်မျိုး အနေဖြင့် တည်ရှိနိုင်ကြပါတယ်။ ၄င်းတို့မှာ အယ်လ်အမိုင်နို အက်စစ် ( L-Aminoacid ) နှင့် ဒီအမိုင်နို အက်စစ် ( D-Aminoacid ) တို့ပါပဲ။ သက်ရှိများရဲ့ ပရိုတိန်းတည်ဆောက်ပုံတွေမှာတော့  L-aminoacid တစ်မျိုးသာ ပါရှိတာကို တွေ့ရပါတယ်။

အမိုင်နို အက်စစ်များဟာ ပုံဆောင်ခဲ အရာဝတ္ထုများဖြစ်ပြီး၊ ရေမှာ ကောင်းစွာ ပျော်ဝင်ပါတယ်။ အော်ဂဲနစ်ပျော်ရည် များမှာတော့ အနည်းငယ်သာ ပျော်ဝင်တာကို တွေရပါတယ်။ ရေမှာ ပျော်ဝင်နေတဲ့ အမိုင်နို အက်စစ်များဟာ လျှပ်စစ် စီးဆင်းနိုင်ကြပါတယ်။ အမိုနိုအက်စစ် အများစုကတော့ ချိုတဲ့ အရသာရှိကြပါတယ်။
အမိုင်နိုအက်စစ်များကတော့ အက်စစ် ဂုဏ်သတ္တိနှင့်၊ ဘေ့စ် ဂုဏ်သတ္တိ နှစ်မျိုး ရှိသော အမ်ဖိုတာရစ် ( amphoteric - ဒွိဂုဏ် ) အော်ဂဲနစ် တည်ဆောက်ပုံများ ဖြစ်ပါတယ်။ အက်စစ်ဂုဏ်သတ္တိကတော့ ကာဘောက်ဇိုင် အုပ်စု ( -COOH ) မှဖြစ်ပြီး၊ ဘေ့စ်ဂုဏ်သတ္တိက အမိုင်နို အုပ်စု ( -NH2 ) မှ ဖြစ်ပါတယ်။ အမိုင်နိုအက်စစ်၏ အရေးပါဆုံးသော ဂုဏ်သတ္တိကတော့ ရေဖယ်ထုတ်ပြီး၊ Peptide စည်းများ ဖြစ်ခြင်းပါပဲ။ Peptide စည်းများဟာ နှစ်ခုသို့မဟုတ် နှစ်ခုထပ်ပိုတဲ့ အမိုင်နိုအက်စစ်များ ပေါင်းစပ်ပြီး၊ ရေဖယ် ထုတ်ခြင်း ဖြစ်ပြီး၊ ပရိုတိန်းဓာတ်သည် အယ်လ်ဖာ အမိုင်နိုအက်စစ် မြောက်များစွာ ပေါင်းစပ် ဖွဲစည်းထားခြင်း ဖြစ်သည်။


အချုပ်ဆိုရလျှင် စနစ်တကျနှင့် အာဟာရဓာတ် မျှမျှတတ ပါဝင်အောင် စားတတ်ရန်သာ လိုအပ်ပါသည်။ အသားငါးစားခြင်းထက် သက်သတ်လွတ်စာခြင်းက လူတို့အတွက် ကျန်းမာရေးအတွက် ပိုမိုအကျိုးပြုပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး လူမျိုးဖြစ်သော ဂျပန် လူမျိုးတို့သည် ငါးကလွဲ၍ အသားစားနည်းကြကြောင်း သိရပါသည်။ အရှေ့တိုင်းနိုင်ငံများတွင် သက်သတ်လွတ်စားခြင်းသည် ရှေးခေတ် ကတည်းက ရှိခဲ့သော အလေ့အကျင့်တစ်ရပ်ဖြစ်၍ သက်သတ်လွတ်စားသူများသည် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနိုင်ကြောင်း၊ အသက်ရှည်နိုင်ကြောင်း အရှေ့တိုင်း ဆေးကျမ်းများတွင် ဖော်ပြလေ့ရှိသည်ကို ဖတ်ရှုမှတ်သားရပါသည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine