အနမ်း

0
| Monday, December 27, 2010
Meeting
အနမ်းနဲ့ ပတ်သတ်ပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခကြီးများ အမြင်ချင်း ဖလှယ်နေကြသည်။

သွားဘက်ဆိုင်ရာ ပါမောက္ခ။ ။ အနမ်းဆိုတာ ရောဂါပိုးတွေကို သေစေနိုင်သလို၊ ရောဂါပိုးတွေ ကူးစက်နိုင်တယ်။

ဒဿနိက ပါမောက္ခ။ ။ အနမ်းဆိုတာ ကလေးတွေအတွတ် အနိုင်ကျင့် ခံရတာဖြစ်ပြီး၊ လူလတ်ပိုင်းတွေအတွတ် ကြည်နူးစရာဖြစ်ကာ၊ အဖိုးအဖွားတွေ အတွတ် အရိုအသေပေးတာ ဖြစ်တယ်။

ခင်ဗျားတို့ကိုး

0
| Saturday, December 25, 2010
ဆေးရုံမှ လင်မယားနှစ်ဦးထွတ်လာသည်။ လမ်းတွင် Taxi ဌားသည်။

 

မိန်းမဖြစ်သူက တက်စီသမားအား ဖြေးဖြေးမောင်းပါနော် ဟုပြောသည်။ ကျွန်မတို့နှစ်ယောက် မနေ့က အမောင်းကြမ်းတဲ့ ဒရိုက်ဘာနဲ့တွေ့တာ ဆေးရုံတတ်လိုက်ရတယ်။

ဒရိုက်ဘာ။            ။ သြော် ... ခင်ဗျားတို့ကိုး။ ရုတ်တရက်ဆိုတော့ ချက်ချင်း မမှတ်မိဘူး။

ဒြပ်စင်ကျက်မယ်

0
| Thursday, December 23, 2010
Maung Chem 10 တန်း ကျောင်းသား ဘ၀က ကျက်ခဲ့ဖူးတာကို အမှတ်ရ နေမိတယ်။ Maung Chem ဥာဏ်မကောင်းပါဘူး။ စာကျက်ရင် တော်တော် ကျက်ရတယ်။ ပြီးရင် မေ့တယ်။ ကိုယ့်အကြောင်းကို ကြွားရတာလေ။  တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများ အတွတ်ကတော့ ဒြပ်စင် အလုံး ၂၀ ကျက်မှတ်ထား သင့်ပါတယ်။ နည်းသိရင် ဘာမဆို လွယ်ပါတယ်။ အရင်ဆုံး သိသင့်တာကတော့ ဒြပ်စင်နာမည်များ၊ အခေါ်အဝေါ် တွေနဲ့  သင်္ကေတ တွေပါပဲ။ သင်္ကေတ ဆိုတာကတော့ သက်ဆိုင်က ဒြပ်စင်ရဲ့ အတိုကောက် ပုံစံပဲဖြစ်ပါတယ်။ အက်တမ် တွေကို အက်တမ်အမှတ်စဉ် ( Atomic Number ) အစဉ်လိုက် ၁ ကနေ ၂၀ အထိ ရေးပေးလိုက်ပါတယ်။

အက်တမ်၊ ဒြပ်စင်၊ မော်လီကျူး၊ ဒြပ်ပေါင်း၊ ဒြပ်နှော။

0
| Monday, December 20, 2010
တက္ကသိုလ်ဝင်တန်း ညီ/ညီမ ငယ်များအတွတ် ရည်ရွယ်ကာ ရေးသားလိုက်ပါတယ်။ ညီ/ ညီမငယ်တို့ အခြေခံပညာ အထက်တန်းမှာ သိပ္ပံဘာသာရပ် စတင်သင်ကြားရပြီ ဆိုကတည်းက ဒီ terms အခေါ်အဝေါ် လေးတွေ သုံးနှုန်းလာရပါပြီ။ ဓာတုသင်ကြားနေသော ကျောင်းသား /ကျောင်းသူများ ပီပီ နားလည် ထားသင့်ပါတယ်။

မျက်စိ ဘယ်လေက် လျှင်သလဲ

0
| Friday, December 17, 2010
ကဲဒီတစ်ခါ စာဖတ်ပရိသတ်တွေ အပျင်းပြေ ဥာဏ်စမ်းလေး ဖြေကြည့်ရအောင်လား ? အောက်မှာမေးခွန်းလေး သုံးခုမေးထားပါတယ်။ ဒီမေးခွန်းသုံးခုကို အောင်မြင်စွာ ဖြေဆိုနိုင်ရင်တော့ သင်ဟာ ဦးနှောက်နဲ့ အာရုံကြော သမားတော်ကို ပြစရာမလိုတော့ပါဘူး။ နောက်ပြီး ကြောက်စရာကောင်းတဲ့ အယ်လ်ဇိုင်းမား ရောဂါ မဖြစ်နိုင်ပါဘူးတဲ့ဗျာ။ This is NOT a joke. If you were able to pass these 3 tests, you can cancel your annual visit to your neurologist. Your brain is great and you're far from having a close relationship with Alzheimer.

ခံတွင်းသန့်ရှင်းရေး

0
|
စာဖတ်ပရိသတ်ကြီး ဒီတစ်ခါ သွားဖုံးရောဂါ အကြောင်း ဆွေးနွေးရအောင်လား ? သွားတိုက်ဆေးကို အင်္ဂလိပ်ဘာသာဖြင့် Toothpaste ဟု လူသိများပြီး၊ အခြားဘာသာများတွင် Toothcream ဟုသုံးနှုန်းကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က တရုတ်၊ အီဂျစ်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယတို့မှ သွားတိုက်ဆေး ကဲ့သို့ ခံတွင်းသန့်ရှင်းရေးပစ္စည်းများအား အစောဆုံးအသုံးပြုခဲ့သည်ဟု သမိုင်းပညာရှင်များ ခန့်မှန်းထားသည်။ 

  


ကျွန်တော့် မိန်းမ

0
| Wednesday, December 15, 2010
"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"

"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"

"ဟင့်အင်း"

"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"

ဗီတာမင်စီ

0
| Sunday, December 12, 2010
ဗီတာမင်စီ သည်အစွမ်းထက် သော ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ( Antioxidant) ဖြစ်ပြီး၊ ကိုယ်ခန္ဓာ ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးသည် ။ ထိခိုက်ဒါဏ်ရာများ ၊ ခွဲစိတ်ဒဏ်ရာများ ၊ မီးလောင်ဒဏ်ရာများ ရရှိပြီးနောက် အနာကျက်ရာတွင် ဗီတာမင်စီသည်သံဓါတ်ကို အူမှ ထိရောက်စွာ စုပ်ယူနိုင်ရန်နှင့် ဖောလစ်အက်ဆစ် (Folic Acid) ကို အာနိသင် ထက်မြက်စေရန် ကူညီပေးသည် ။ အရိုး ၊ အရေပြား ၊ သွား ၊ အမာရွတ်များတွင် ပါဝင်နေသည့် Collagen ခေါ် အမျှင်ဓါတ် ပရိုတင်းတည်ဆောက်ရာတွင် ဗီတာမင်စီ လိုအပ်သည်။ ဗီတာမင်စီ ပေါကြွယ်ဝသော အသီးအနှံများမှာ သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး စသည်ဖြစ်သည်။

သက်တမ်းဝက်

0
| Saturday, December 11, 2010
သက်တမ်းဝက် ( Half-Life ) ဆိုသည်မှာ မှုလ ရေဒီယိုသတ္တိကြွမှု့၏ တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန် ( တနည်း )၊ မှုလ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် အရေအတွတ် တ၀က်တိတိ ကုန်ဆုံးရန် ကြာချိန်ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွခြင်း ဆိုသည်မှာ မတည်မြဲသော ရေဒီယို အိုက်ဆိုတုပ်များမှ တည်မြဲသော ( Stable State ) အိုက်ဆိုတုပ် ဖြစ်ရန် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ ရောင်ခြည်များ ထုတ်လွှတ် နေခြင်းဖြစ်သည်။ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ် Carbon-14 သည် ဘီတာ ရောင်ခြည် ထုတ်လွှတ်ပြီး၊ Nitrogen-14 အဖြစ် ပြောင်းလဲသွားသည်။ 

ကထိက

0
| Friday, December 10, 2010
ကထိကဆိုတာ အခြားလူတွေ အိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာတွေ ပြောတတ်တဲ့ အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ပါ။

တုပ်၊ တုန်း၊ ဘား၊ မား။

0
| Wednesday, December 8, 2010
Nuclear Chemistry ကိုသင်ယူ ဖူးသူတိုင်း ဒီအခေါ်အဝေါ်တွေ နဲ့ ရင်းနှီးဖူးသားပါ။ တုပ်၊ တုန်း၊ ဘား၊ မား၊ ဆိုတာ အိုက်ဆိုတုပ် ( Isotope )၊ အိုက်ဆိုတုန်း ( Isotone )၊ အိုက်ဆိုဘား ( Isobar )၊ နဲ့ အိုက်ဆိုမာ ( Isomer ) ကိုဆိုလိုတာပါ။ တုပ်တုန်းဘားမား အကြောင်း အလွယ်သိစေသော လင်္ကာလေးမှာ  -  တုပ်-တုန်း-ဘား-မား  Z -N- A - အားလုံးတူ လို့ အလွယ်မှတ်နိုင်ပါတယ်။ အိုက်ဆိုတုပ်သည် Z , အိုက်ဆိုတုန်းသည် N , အိုက်ဆိုဘားသည် A , အိုက်ဆိုမာသည် အားလုံးတူသည်။

ဆား

0
| Sunday, December 5, 2010
ဆားသည် သတ္တုများ၊ သတ္တုအောက်ဆိုက်များ၊ နှင့် ဗေ့စ်များ အက်စစ်ဖြင့် ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည်။ အခြေခံ ဓာတုဗေဒ သင်ယူဖူးသူတိုင်း အက်စစ်နဲ့ ဗေ့စ် ဓာတ်ပြုရင် ဆားနဲ့ ရေ ရသည်ကို သိကြသည်။ ဆားများ၏ မော်လီကျူလာ တည်ဆောက်ပုံ ( Molecular Structure ) မှာ အက်စစ်များမှ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွတ်သွားပြီး၊ ကျန်ရှိသော အမဓာတ်ဆောင် ( Negative Charge ) အိုင်းယွန်းများ နှင့်အဖိုဓာတ်ဆောင်သော ( Positive Charge ) သတ္တုအိုင်ယွန်း ( Metal Ions ) များ ပေါင်းစပ်နေခြင်းပင် ဖြစ်သည်။

စိမ်းပြာရေညှိ

0
| Friday, December 3, 2010
ကမ္ဘာပေါ်တွင် ရေညှိမျိုးစိတ်ပေါင်း ၂၅၀၀၀ ခန့်ရှိသည်။ ၄င်းတို့အနက် စိမ်းပြာရေညှိသည် ကမ္ဘာပေါ်တွင် အစောဆုံးသက်ရှိ တစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် အပူပိုင်းနှင့် အယ်လ်ကာလီ သတ္တိရှိ ရေငံတွင် ရှင်သန်ပေါက်ရောက်သော သေးငယ်သည့် ရေညှိပင် ဖြစ်သည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး၊ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင် ကြောင်အိမ်လှေကား သဏ္ဌာန်ရှိ၍ Spirulina ဟုခေါ်တွင်ခြင်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၏ စမ်းသပ်ချက်အရ စိမ်းပြာရေညှိသည် ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် ပေးခြင်းနှင့် ဆေးကုသမှု့အပိုင်းတွင် ပံ့ပိုးကူညီမှု့ ပေးနိုင်သော အာနိသင်ရှိသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်ခြင်း မရှိပေ။

မိခင်ထက်သာတဲ့အချက်

0
| Wednesday, December 1, 2010
ကထိကတစ်ယောက်မှာ မိခင်တစ်ယောက်ထက် သာတဲ့အချက်တွေများ ရှိသလား ?
 

ရှိတာပေါ့။ မိခင်တစ်ယောက်က သားတစ်ယောက်ကိုပဲ အိပ်ပျော်အောင် ချော့သိပ်နိုင်တယ်။ ကထိကတစ်ယောက်ကတော့ တစ်ခန်းလုံးကို အိပ်မောကျစေနိုင်တယ်လေ။

လစ်တမတ်စက္ကူ

0
| Monday, November 29, 2010
ဒီတစ်ပတ် စိတ်ဝင်စားစရာ တင်ပြမယ့် အကြောင်းအရာလေးကတော့ လစ်တမတ်စက္ကူ ( Litmus Paper ) အကြောင်းလေးပါပဲ။ သူနဲ့ပတ်သတ်ပြီး အမှတ်ရစရာလေးတွေ ရှိခဲ့ပါတယ်။ ပြောရမယ် ဆိုရင်တော့ ကော်တော်ခေါင်းစားစေခဲ့တဲ့ မေးခွန်းတွေပေးခဲ့လို့ပါပဲ။ အကြောင်းကတော့ အနီနဲ့ အပြာနှစ်ခုတည်းနဲ့ ဘယ်ဟာဖြေရမှန်းမသိ စိတ်ရှု့ပ်စေခဲ့တာပါ။ စာထဲမှာဖတ်ရလို့သာ သူနဲ့ ရင်းနှီးခဲ့ရတာပါ။ ဒါပေမယ့် မမြင်ဘူးခဲ့ပါဘူး။ မျက်စိမှတ်ပြီး ကျက်ခဲ့ရတာပါ။ လစ်တမတ်စက္ကူရဲ့ အသုံးဝင်ပုံကတော့ အက်စစ်နဲ့ ဗေ့စ်ကို ခွဲခြားပြသနိုင်ခြင်းပါပဲ။ လစ်တမတ်စက္ကူသည် အက်စစ်တွင် အနီရောင်သို့ပြောင်းစေပြီး၊ ဗေ့စ်တွင် အပြာရောင်သို့ ပြောင်းစေသည်။ 

ကြာပန်းပုံပြင်

0
| Tuesday, November 23, 2010

ရှေးဒဏ္ဍာရီပုံပြင်ထဲက မှော်ရေကန်ကြီးဆီ စာဖတ်ပရိသတ်တွေကို ခေါ်ဆောင်သွားပါမယ်။ မှော်ရေကန်ဆိုတာ တစ်ခုခုတော့ ထူးခြားလိမ့်မယ်ဆိုတာ စာဖတ်သူ တွေးမိမှာ အမှန်ပါပဲ။ အဲဒီမှော်ရေကန်လေးကို မှော်ဆရာကြီးတစ်ဦးက ထူးခြားတဲ့စွမ်းအားတွေနဲ့ စီမံပြုလုပ်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာ အဲဒီမှော်ရေကန်ကြီးဆီကို မင်းသမီးလေးတစ်ပါး အခြွေအရံတွေနဲ့ လမ်းမှားပြီးရောက်လာပါတယ်။ ရေကန်ကြီးက အေးမြကြည်လင်နေတာမို့ မင်းသမီးလေး နှစ်သက်သဘောကျသွားပါတယ်။ မင်းသမီးလေးက ကြာပန်းတွေနဲ့သာဆိုရင် ရေကန်ကြီး ဒီထက်ပိုလှသွားလိမ့်မယ်လို့ တွေးမိတာနဲ့ အခြွေအရံတွေကို ကြာပန်းစိုက်ဖို့ ပြောကြားလိုက်ပါတယ်။

ဓာတ်ရောင်ခြည် အန္တာရာယ်မှ ကာကွယ်ခြင်း

0
| Sunday, November 21, 2010
ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များနှင့် ထိတွေ့နေကြရသော နျူကလီးယားဓာတ်ပေါင်းဖို လုပ်သားများ၊ သုတေသနပြုနေသူများ ယူရေနီယမ် မိုင်းတွင်းလုပ်သားများ၊ အများပြည်သူများ ရေဒီယိုသတ္တိကြွ အန္တာရာယ် ( Radiation Hazard ) မှ ကာကွယ်နိုင်ရန် နည်းလမ်းများမှာ -
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။

နာရီဝက်

0
| Wednesday, November 17, 2010
ဘားကောင်တာသို. 'ဂျိန်းစ်ဘွန်း' လျှောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။ ဘေးကုလားထိုင်တွင် မိန်းမချောလေး တစ်ယောက်။ သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင် ပတ်ထားသော မိမိနာရီကိုသာ မကြာခဏ ကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
 

" ဘာလဲ ... မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား"


"မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နာရီကို ကြည့်မ၀ဖြစ်နေလို့ပါ"
 

Periodic Table Classic

0
| Tuesday, November 16, 2010
အက်တမ် အလှည့်ကျဇယားရှိ ဒြပ်စင်များ၏ solid, liquid, gas, alkali, alkaline earth metal, halogen, transition metal, nobel gas, metals, non-metals, metalloids စသည့် အက်တမ်အလှည့်ကျဇယား အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းလင်းထားသည်။ ဒြပ်စင်တစ်ခုချင်းစီ၏ အသွင်အပြင်နှင့် အီလက်ထရွန် တည်ဆောက်ပုံကို ပုံနှင့် တကွ ဖော်ပြနိုင်သည်။ နိုင်ငံအလိုက် တွေ့ရှိနိုင်သော ဒြပ်စင်များကိုလည်း သိရှိနိုင်သည်။ 

ဒီမှာဒေါင်းပါ။

 

ကြက်သွန်နီ

0
| Sunday, November 14, 2010
ကြက်သွန်နီသည် ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး၊ တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းနိုင်ခြင်းတို့သည် နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်သည်။

အဲလောက် ချစ်တာ

0
| Thursday, November 11, 2010
ဆေးရုံတွင် ကလေးတစ်ယောက် အင်မတန် ရိုက်ကြီးတငင် ငိုကြွေးနေသည်။ သူနာပြုတစ်ယောက်က ထိုကလေး အနားတိုးကပ်ပြီး နှစ်သိမ့်ပေးသည်။ ကလေးဘာလို့ ငိုနေတာလဲ။ တိတ်ပါကွယ်။ ကလေးက အတန်းပိုင်ဆရာမ သုံးထပ်ဆောင်မှ မတော်တဆ ပြုတ်ကျသွားကြောင်း။ သြော် သားက သားဆ၇ာမအတွတ် ၀မ်းနည်းနေတယ် ထင်တယ်။ ဟုတ်။ သားအရမ်း ၀မ်းနည်းပါတယ်။ "ဆရာမ အပေါ်ထပ်ကနေ ပြုတ်ကျသွားတာ သားတစ်ယောက်ပဲ မမြင်လိုက်ရလို့ပါ"

ပလပ်စတစ်

0
| Wednesday, November 10, 2010
ကျွန်တော်တို့ သတိမထားမိပဲ အလွယ်တကူစွန့်ပစ်လိုက်တဲ့ ပလပ်စတစ်များကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဖရီးရယ်ဒီကယ် ( Free Radical ) တွေ ကျွန်တော်တို့ကိုယ်ထဲမှာ ထွက်လာနိုင်ပါတယ်။ နောက်ပြီး အောက်ဆီဒေးတစ် စထရက်စ် (oxidative stress) တွေရနိုင်ပြီး အရွယ်မတိုင်မှီ အိုမင်းရင့်ရော်စေပါတယ်။





ဗေဒင်ဟောမယ် ?

0
| Monday, November 8, 2010

(1) ၀ ကနေ ၉ ကြိုက်ရာ ဂဏန်း ၁ ခုရွေးပါ။

(2) ၂ နဲ့မြှောက်။

(3) ၅ ပေါင်း။

(4) ၅၀ နဲ့ထပ်မြှောက်ပါ။


(5) ဒီနှစ်မှာ သင့်ရဲ့မွေးနေ့ ကျော်သွားပြီဆိုရင် ခုနက ရထားတဲ့ ဂဏန်းကို ၁၇၆၀ နဲ့ပေါင်းပါ။ မကျော်သေးဘူး ဆိုရင်တော့ ၁၇၅၉ နဲ့ပေါင်းပါ။

သင့်စရိုက်

0
| Sunday, November 7, 2010
၁။ယဉ်ကျေးသူ ………………..အီးမပေါက်ခင် "ခွင့်ပြုပါနော်" ဟုပြောပြီး၊ အီးပေါက်ပြီးသောအခါ "ဆောရီး" ဟုပြောတတ်သူ။
၂။ မရိုးသားသူ………………….ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ "ကျွန်တော့် ခွေးလက်ချက်ပေါ့" ဟုလွှဲချတတ်သူ။
၃။ မိုက်မဲသူ…………………….အီးပေါက်ချင်သော်လည်း မပေါက်ပဲ အံတင်းကြိတ်မှိတ် အောင့်ထားသူ။
 ၄။ ဗဟုသုတကြွယ်ဝသူ………ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။
၅။ ဒုက္ခသည်…………………..အီးအလွန် ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ပဲ အားမလိုအားမရ ဖြစ်နေသူ။
၆။ အုံ့ပုန်း………………………လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း ဘယ်သူမှမသိအောင် အီးပေါက်သူ။

Molecular weight

0
| Friday, November 5, 2010
မော်လီကျူလာ ဖော်မြူလာ ရေးပေးရုံနဲ့ မော်လီကျူလာ အလေးချိန် တွတ်ပေးမယ့် ဆော့ဝဲပါ။



ဒီမှာဒေါင်းပါ။

ပီကေ

0
| Thursday, November 4, 2010
စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။

စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။ ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်။ စားပြီးသွားတော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။

မောင့်သဘော

0
| Tuesday, November 2, 2010
1 . (ဘာပဲဖြစ်ဖြစ်)
Men: ငါတို့ ညစာအတွက် ဘာကို စီစဉ်သင့်လဲမသိဘူးနော်.?
Women: ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Men: မက်ဆီကိုအစားစားလေးများ မစားချင်ဘူးလားကွာ..?
Women: ဟင်အင်း..ဟင်အင်း..ကျမတခါစားဖူးတယ်..အဲနောက် မျက်နှာမှာ အဖုတွေတခါတည်း ထွက်လာတော့တာပဲ..
Men: ကောင်းပြီးလေ..ဒါဆိုလည်း..တရုတ်စာလေး စားကြတာပေါ့..
Women: ရှင်...မနေ့ကလည်း ဒါပဲ.. ဒီနေ့လည်း..အဲဒါပဲလား..ဟင့်.?
Men: အင်..... ပင်လယ်စားဆိုရင်တော့ရော..
Women: ဟင်..ပင်လယ်စားတွေက မကောင်းပါဘူးရှင်ရယ်...၀မ်းတွေလျှောတက်ပါဘိနဲ့..
Men: အင်..ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ..?
Women : ဘာပဲဖြစ်ဖြစ်..ရပါတယ်မောင်ရယ်...

2010 နိုဘယ်ဆုရှင်

0
| Monday, November 1, 2010
2010  ဓာတုနိုဘယ်လ် ဆုရှင်များ

ကင်ဆာ ဆေးဝါးသစ်များ ထုတ်လုပ်ရန်နှင့် ပါးလွှားသော ကွန်ပျူတာ ဖန်သားပြင်များ ပြုလုပ်ရန် သိပ္ပံပညာရှင်များကို လမ်းဖွင့်ပေးခဲ့သည့် ကာဗွန်အက်တမ်များ ပြုပြင်သည့် ဓာတုဗေဒနည်းကို ဖန်တီးခဲ့သော အမေရိကန် သိပ္ပံပညာရှင် ရစ်ချက်ဟက်နှင့် ဂျပန် သိပ္ပံပညာရှင် အေအိချိနေဂိရှိနှင့် အကီရဆူဇူကီး တို့သည် ၂၀၁၀ ပြည့်နှစ်အတွက် ဓာတုဗေဒ နိုဗယ်ဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ယူရေနီယမ်

0
|
ယူရေနီယမ် ( Uranium )သည် အက်တမ်အမှတ်စဉ် ၉၂ ဖြစ်ပြီး ၊အင်္ဂလိပ် အတိုကောက် သင်္ကတေ U ဖြင့် သတ်မှတ် သည်။ ယူရေနီယမ်ကို ၁၇၈၉-ခုနှစ် ၊ဂျာမန် ဓာတုပညာရှင် Martin Heinrich Klaproth က ရှာဖွေ တွေ့ရှိခဲ့ပြီး ၊ယူရေးနပ်ဂြိုလ်ကို အစွဲပြုကာ ယူရေနီယမ်ဟု အမည်ပေးခဲ့သည်။ ယူရေနီယမ်ကို ၁၉-ရာစုနှစ်ထိ ရေဒီယိုသတ္တကြွ သတ္တုအဖြစ် မသိရှိခဲ့ကြပေ။ ၁၈၉၆ခုနှစ်တွင် ပြင်သစ် ရူပပညာရှင် Antoine Henri Becquerel ကယူရေနီယမ်နှင့် ထိတွေ့ထားတဲ့ ပလိပ်ပြားများမှ မမြင်နိုင်သော ရောင်ခြည်များ ထုတ်လွှင့်ခြင်းကို သိရှိခဲ့ရာမှ ၊ယူရေနီယမ် သည် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။



Combine gas Law

0
| Thursday, October 28, 2010
Combine gas Law သည် ဖိအား၊ အပူချိန်နှင့် ထုတည် တို့၏ ဆက်သွယ်ချက် နိယာမဖြစ်သည်။ 

Boyle's Law ၏ ဖိအားနှင့် ထုတည် ဆက်သွယ်ချက်

( ဖိအားများလျှင် ထုထည်နဲ )









Charles’ Law

0
| Wednesday, October 27, 2010



၁၇၈၀ - ခုနှစ်တွင် Jacques Charles က ဓာတ်ငွေ့များတွင် ဒြပ်ထု ( Mass ) နှင့် ဖိအား ကိုကိန်းသေထားပြီး၊ အပူချိန် မြှင့်ပေးလိုက်လျှင်၊ ထုထည် ( Volume ) တိုးသွားကြောင်းနှင့် အပူချိန် လျှော့နည်းသွားလျှင် ထုထည်လည်း လျှော့နည်းသွားကြောင်း တင်ပြခဲ့သည်။



Boyle’s Law

0
| Tuesday, October 26, 2010
Robert Boyle ( 1627 - 1691 )



၁၆၆၂ - ခုနှစ်တွင် ဓာတု/ရူပ ပညာရှင် Robert Boyle သည် ဓာတ်ငွေ့များ အပူချိန်နှင့် ဒြပ်ထုကို ကိန်းသေထားပြီး၊ ဖိအားများလာလျှင် ထုထည် လျှော့နည်း သွားကြောင်း နှင့် ဖိအားလျှော့နည်းသွားလျှင် ထုတည်များလာကြောင်းတွေ့ရှိခဲ့သည်။






အနျူမြူ ဓာတုဗေဒ

0
| Monday, October 25, 2010
အက်တမ် တစ်ခုလုံးသည် နျူကလိယက်စ်ထက် အဆပေါင်း တစ်သောင်းနီးပါး ကြီးမားသည်။ ထိုမျှလောက် သေးငယ်သော နျူကလိယက်စ်မှ ရေဒီယိုသတ္တိကြွ ရောင်ခြည်များနှင့် နျူကလီးယားဗုံး ပေါက်ကွဲရာမှ အံ့မခန်းကြီးကျယ် များပြားလှသော စွမ်းအင်များ ထွတ်ရှိနိုင်သည်။ နျူကလီးယား ဓာတ်ပြုခြင်းများတွင် မြောက်များလှစွာသော စွမ်းအင်များ ထုတ်လွှတ်ပြီး၊ နျူကလိယက်စ်များ ဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းနှင့်အတူ ဒြပ်စင်များပါ ပြောင်းလဲသွားကြသည်။ နျူကလီးယား ဓာတ်ပြုခြင်းများ နှင့်နျူကလိယက်စ်ကို လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲကို နျူကလီးယား ဓာတုဗေဒဟုခေါ်သည်။

ဓာတ်မှန်ရိုက်ခြင်း

0
| Saturday, October 23, 2010
ဗဟုသုတ အနေနဲ့ရော ဆေးပညာလောကမှာပါ အရေးပါတဲ့၊ ရင်းနှီးပြီးသား အကြောင်းအရာလေး ဆွေးနွေးခြင်ပါတယ်။ တခြားမဟုတ်ပါဘူး ဓာတ်မှန်ရိုက်ခြင်းပါပဲ။ လူတိုင်းနီးပါး ဓာတ်မှန်ရိုက်ဖူး ကြပါတယ်။ လုံခြုံရေး အထူးတာဝန် ယူထားရသော နေရာများတွင် လက်နက်များ နှင့် ဖောက်ခွဲရေး ပစ္စည်းများ လှို့ဝှက်သယ်ဆောင်လာမှု့၊ ကိုယ်တွင်းအင်္ဂါများ ကြည့်ရှု့ရာတွင်လည်းကောင်း၊ အရိုးကျိုးခြင်း၊ စသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အချက်အလက်များကို X-ray ရောင်ခြည် အကူအညီ ဖြင့်သိနိုင်သည်။

မေမေ့သား

0
| Thursday, October 21, 2010
ဒေါ်စိန်တင် တစ်ယောက် ဆေးခန်းကို ရေးကြီးသုတ်ပြာနဲ့ ရောက်လာသည်။


ဆရာ ကျွန်မသားလေး ညည အိပ်ယာထဲ ဆီးသွားတာ ဘယ်လိုလုပ်ရမလဲ။


ဒါက ပုံမှန်ဖြစ်တတ်ပါတယ်။ တစ်နှစ်လောက်နေရင် သူ့အလိုလို ထိန်းနိုင်သွားမှာပါ။


တစ်နှစ်လောက်ထိတော့ မဖြစ်ဘူးထင်တယ် ဆရာ။ ခုလေးတင် သူ့မိန်းမ ဒဏ်မခံနိုင်လို့ အိမ်ကဆင်းသွားလေရဲ့။

Upward Reaction

0
| Wednesday, October 20, 2010
ကျွန်တော် ဘလော့မရေးဖြစ်တာ အတော်ကြာသွားတဲ့အတွတ် လာရောက်လာပတ်တဲ့ သူငယ်ချင်း မိတ်ဆွေများကို ဦးစွာတောင်းပန်လိုက်ပါတယ်။ အကြောင်းကတော့ Maung Chem ကိုယ့်ဘလော့ ဒီဇိုင်းကို လန်းချင်တာနဲ့ ပြင်လွန်းတော့ ရေးမရတော့လို့ သူငယ်ချင်း တစ်ယောက်ကို အကူအညီတောင်း လိုက်ရတယ်။ ရေးမယ်လို့စဉ်းစားလိုက်တော့ ဟာသတစ်ခုသွားတွေ့တယ်။ ကျွန်တော် ၉၊ ၁၀ တန်းတွေကို ဓာတုသင်ပေးပါတယ်။ ကျောင်းသားတွေကို စာမေးရင်း သူတို့ပြန်ဖြေတဲ့ ဟာသလေးတွေကို ရေးဖို့ အကြံရသွားတယ်။ 

ပန်းသီး ဖျော်ရည်

0
| Tuesday, October 19, 2010
ပန်းသီးဖျော်ရည် ပုံမှန် သောက်သုံးပေးပါက အသက်အရွယ် ရလာသည့်အခါ အသားအရေတွန့် ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာတွေ့ ရှိချက်တွင် ဖော်ပြထားပါသည်။ ပန်းသီးဖျော်ရည်တွင် ပါဝင်သော ဓာတ်ပေါင်းများက ခန္ဓာကိုယ် အရေပြားဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်းစေရန် အထောက်အပံ့ပေးကြောင်း ပညာရှင်များက ပြောကြားသည်။

ခရမ်းချဉ်သီး

0
| Monday, October 18, 2010
ခရမ်းချဉ်သီးတွင် ဗီတာမင်-ဘီ၊ ဗီတာမင်-စီ၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ် သတ္တုဓာတ်များနှင့် ရေဓာတ် ပါဝင်ပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးတွင် lycopene ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစည်း Antioxidant ပါဝင်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ် လို့ဆိုပါတယ်။ Lycopene ဓာတ်သည် ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်ပြီး၊ ခရမ်းချဉ်သီး အရောင်ရင့်လေ lycopene ဓာတ်ပိုမိုပါဝင်လေ ဖြစ်သည်။


အက်စစ်မိုး

0
| Sunday, October 17, 2010
" မိုးရွာရင်၊ မိုးရေချိုးမယ်။
မေမေလာရင်၊ နို့စို့မယ်။
ဖေဖေလာရင်၊ အုန်းသီးခွဲစားမယ်။ "

ဒီကဗျာလေးကတော့ ကလေးဘ၀မှာ မိုးရွာထဲ ပျော်ပျော်ပါးပါး၊ အော်ဆို ခဲ့ကြတာပါ။ ကလေး ဘ၀မှာ မိုးရွာရင် တော်တော် ပျော်ပါတယ်။ မိုးရွာထဲမှာ သီချင်းတွေ အော်ဟစ် သီဆိုရင်း၊ ခုန်ပေါက် ဆော့ကစား ခဲ့ကြတာပါ။ မိုးသီးတွေ ကျရင် အလုအယက် ပြေးကောက်ရင်း စားခဲ့ကြပါတယ်။ အဖွား ကဆိုရင် မျက်စဉ်းတောင် ခပ်လိုက် ပါသေးတယ်။ စာဖတ်သူ့ တွေးဖူးလား မသိဘူး။ Maung Chem တော့ မိုးနဲ့ ပတ်သတ်ပြီး၊ အတွေးတစ်ခု တွေးခဲ့ဘူးတယ်။ မိုးတွေဟာ ဟိုးကောင်းကင် အဝေးကြီးက မိုးတိမ်ကြီး တွေကနေ ကျလာဆိုတာပဲ သိတယ်။ ကောင်းကင်ကြီးက ဘယ်လောက် မြင့်တယ်၊ မိုးဘာကြောင့် ရွာတယ်ဆိုတာ မသိပါဘူး။ Maung Chem တွေးတာက ကောင်းကင်ကကျလာတဲ့ မိုးရေတွေဟာ သန့်မယ် ဆိုတာပါပဲ။ 

Periodic Table of the Elements

0
| Friday, October 15, 2010
အက်တမ်တစ်ခုချင်းစီ၏ အက်တမ်အမှတ်စဉ်၊ အက်တမ်အမျိုးစား၊ အက်တမ်အလေးဆ၊ အရည်ပျော်မှတ်၊ အခဲပျော်မှတ်၊ အီလက်ထရောနစ် တည်ဆောက်ပုံ၊ သိပ်သည်းဆ၊ valence စသည်အကြောင်းအရာများ သိရှိနိုင်သော ဆော့ဝဲဖြစ်သည်။


ဒီမှာဒေါင်းပါ။


 

နိုဘယ်လ်ဆု

0
| Wednesday, October 13, 2010
Alfred Nobel ( 1833-1896 )
စာဖတ်ပရိသတ်များ ဗဟုသုတ အလို့ဌာ နိုဘယ်လ်ဆု ပေါ်ပေါက်လာပုံ (သို့) အဲဖရက် နိုဘယ်လ် (Alfred Nobel) အကြောင်း ရေးသား လိုက်ပါတယ်။အဲဖရက် နိုဘယ်လ်ကို ပထမဆုံး ဒိုင်းနမိုက် တီထွင်သူ၊ နိုဘယ်လ်ဆု ချီးမြှင့်ခဲ့သူ အဖြစ် လူသိများပါတယ်။ အဲဖရက် နိုဘယ်လ်ဟာ စက်မှု့ ပညာရှင်၊ ဓာတုပညာရှင်၊ တီထွင်သူ  တစ်ယောက် ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ ပြုလုပ် ရယူ ထားတဲ့ ( Synthetic Element ) ဒြပ်စင် တစ်ခုရဲ့ အမည်ကို အဲဖရက် နိုဘယ်လ်အား ဂုဏ်ပြူသော အားဖြင့် နိုဘယ်လ်လီယမ် ( Nobelium ) လို့ သတ်မှတ်ခဲ့ ပြန်ပါသေးတယ်။

အိုင်းစတိုင်း

0
| Monday, October 11, 2010
Albret Einstein ( 1879 - 1955 )
ကျောင်းမှာ စာမတော်ပေမယ့် အလင်းနဲ့အချိန်ကို တွေးနိုင်သူ၊ သူ့တွေ့ရှိချက်ကြောင့် အနျူမြူ ဗုံးဖြစ်ခဲ့ပေမယ့်၊ ငြိမ်းချမ်းရေးသမား  တစ်ယောက် ဖြစ်ခဲ့တဲ့၊ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်ကြီး၊ နိုင်ငံကျော် ရူပဗေဒ ပါရဂူ အဲလ်ဘတ် အိုင်းစတိုင်း အကြောင်းပဲ ဖြစ်ပါတယ်။   ဆံပင်တွေထောင်ထား၊ အသိခက် ပုံသေနည်းတွေထုတ်ပြီး၊ လျှာကို သွင်းချည်ထုတ်ချည်လုပ် ကိုယ်နေတဲ့နေရာကို မေ့နေတတ်တဲ့သူပါပဲ။ အဲလ်ဘက် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် ဂျာမနီတောင်ပိုင်း မှာမွေးပါတယ်။ သူ့မှာ စာဖတ်ခက်ပြီး၊ ထုံထိုင်းသူလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာ တခြားကလေးတွေနဲ့ မတူတာက ကွဲပြားတဲ့ အသိဥာဏ် ရှိတာပါ။ ၉နှစ် အထိ အိုင်းစတိုင်းဟာ စကားပြောခဲပါတယ်။ 

Periodic Table

0
| Sunday, October 10, 2010
ကျွန်တော်ကတော့ ဓာတုဗေဒရဲ့ အသက်လို့ ဆိုချင်ပါတယ်။ တစ်ခြား မဟုတ်ပါဘူး ဓာတုဗေဒ သင်ယူသူတိုင်း ရင်းနှီးပြီးသားပါ။ ဓာတုဗေဒ လေ့လာနေသူတိုင်း မရှိမဖြစ်၊ မသိမဖြစ်တဲ့ ဇယားလေးပါ။ မြန်မာလို အက်တမ် အလှည့်ကျဇယား လို့ခေါ်တဲ့ Periodic Table လေးပါပဲ။  ဒြပ်စင် ( Elements ) တွေကို ဂုဏ်သတ္တိအရည်အသွေး တူရာအလိုက် စုစည်း ထည့်သွင်းထားခြင်းမျှသာ။ 

Mendeleev

အက်တမ်

2
| Saturday, October 9, 2010
Democritus ( BC 460 – BC 370 )

Atom သည် ဂရိဘာသာ စကား ( atomos ) မှ ဆင်းသက်လာပြီး၊ ခွဲစိတ်၍မရဟု အဓိပ္ပာယ် ရသည်။ ဂရိ တွေးခေါ် ပညာရှင် Democritus က အရာဝတ္ထုများကို အကြိမ်ကြိမ် ခွဲစိတ် လိုက်သောအခါ၊ နောက်ဆုံး ခွဲစိတ်၍ မရသော အခြေခံ အမှုန်ကို atom ဟုအဆိုပြုခဲ့သည်။ 

 





ဓာတုဗေဒ

0
| Friday, October 8, 2010
Maung Chem ပို့စ်အသစ် စတင်မယ်စဉ်းစားတော့ ဘယ်ခေါင်းစဉ်ကို အရင်ရေးရမလဲ ? တော်တော် စဉ်းစား လိုက်ရတယ်။ နောက်မှ အတွေး ပေါက်သွားတာက ကိုယ်ရေးတဲ့ ဘလော့နဲ့လဲ သက်ဆိုင်၊ တော်တော်လေး အခြေခံကျတဲ့ မေးခွန်းလေး သွားတွေ့တယ်။ ဒါကတော့ ဓာတုဗေဒဆိုတာ ဘာလဲ ? ခုစာဖတ်နေသူလဲ ဓာတုဗေဒနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။   ဓာတုဗေဒ ဆိုတာ ဘာလဲဆိုတော့ ဓာတုဗေဒပဲပေါ့ လို့ဖြေရုံနဲ့ ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ရှိတဲ့ မေးသူ ကျေနပ်လောက်စရာ အဖြေမဖြစ်နိုင်ပါဘူး။

မိတ်ဆက်

1
| Thursday, October 7, 2010
Chemistry Field " ဓာတုရပ်ဝန်းဘလော့ " ကိုရောက်လာကြတဲ့ မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ပဏာမနှုတ်ခွန်း ဆက်သလိုက်ပါတယ်။ ဓာတုရပ်ဝန်းလို့ အဓိပ္ပာယ်ဖွင့်ဆိုရခြင်း ရည်ရွယ်ချက်ကတော့  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓာတုနဲ့ကင်းတဲ့ အရာရယ်လို့ မရှိပါဘူး။ All matter is made up of atoms. လို့ အင်္ဂလိပ် ဓာတုသိပ္ပံပညာရှင်  John Dalton ကဆိုခဲ့ပါတယ်။ 
 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine