နိုဘယ်လ်ဆု

| Wednesday, October 13, 2010
Alfred Nobel ( 1833-1896 )
စာဖတ်ပရိသတ်များ ဗဟုသုတ အလို့ဌာ နိုဘယ်လ်ဆု ပေါ်ပေါက်လာပုံ (သို့) အဲဖရက် နိုဘယ်လ် (Alfred Nobel) အကြောင်း ရေးသား လိုက်ပါတယ်။အဲဖရက် နိုဘယ်လ်ကို ပထမဆုံး ဒိုင်းနမိုက် တီထွင်သူ၊ နိုဘယ်လ်ဆု ချီးမြှင့်ခဲ့သူ အဖြစ် လူသိများပါတယ်။ အဲဖရက် နိုဘယ်လ်ဟာ စက်မှု့ ပညာရှင်၊ ဓာတုပညာရှင်၊ တီထွင်သူ  တစ်ယောက် ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ ပြုလုပ် ရယူ ထားတဲ့ ( Synthetic Element ) ဒြပ်စင် တစ်ခုရဲ့ အမည်ကို အဲဖရက် နိုဘယ်လ်အား ဂုဏ်ပြူသော အားဖြင့် နိုဘယ်လ်လီယမ် ( Nobelium ) လို့ သတ်မှတ်ခဲ့ ပြန်ပါသေးတယ်။

အဲဖရက် နိုဘယ်လ်ကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ ( Stockholm )၊ အင်ဂျီနီယာ မိသားစက ပေါက်ဖွားလာတာပါ။ ၁၈၄၂ ခုနှစ်၊  နိုဘယ်လ် ၉နှစ်သား အရွယ်မှာ ဖခင် အလုပ်လုပ်ကိုင်ရာ ရုရှားနိုင်ငံ၊ စိန့်ပီတာစပတ်မြို့ သို့ပြောင်းရွှေ့ နေထိုင် ခဲ့ကြပါတယ်။ စိန့်ပီတာစပတ်မြို့မှာ အော်ဂဲနစ် ဓာတုပညာရှင် ပရော်ဖက်ဆာ နီကာလိုင်း နီကာလိုင်းရက်ဘိခ်ျ ဇီနင် ( Николай Николаевич Зинин ) ထံ ဓာတုဗေဒ ပညာ သင်ယူခဲ့ပါတယ်။ နိုဘယ်လ် ၁၈နှစ်သား အရွယ်မှာ အမေရိကန်နိုင်ငံမှာ ဓာတုဗေဒ ပညာကို  လေးနှစ်ကြာ သင်ယူခဲ့ပြီး၊ John Ericsson ( အင်ဂျီနီယာ ပညာရှင်၊ တီထွင်သူ ) ထံမှာ အချိန်ပိုင်း အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ 

ဒိုင်းနမိုက်




နိုဘယ်လ်သည် ပေါက်ကွဲစေသော နိုက်ထရို ဂလိုင်ဇရင်း ( Nitroglycerine )ကို စိတ်ဝင်တစား စမ်းသပ် လေ့လာ လုပ်ကိုင် ခဲ့တာပါ။ ထိုသို့ စမ်းသပ် လုပ်ကိုင်ရင်း ၁၈၆၄ ခုနှစ်တွင် စတော့ဟုမ်းရှိ Heleneborg စက်ရုံတွင် ပေါက်ကွဲမှု့ ဖြစ်ပြီး၊ နိုဘယ်လ် ညီ Emil  အပါအ၀င် ခြောက်ဦး အသက် ဆုံးရှုံးခဲ့ကြပါတယ်။ 



Heleneborg in Stockholm
နိုဘယ်လ်ဟာ ဒိုင်းနမိုက် စက်ရုံ အများအပြား တည်ဆောက်ပြီး၊  ထုတ်လုပ် ရောင်းချရာ သန်းကြွယ် သူဌေးကြီး ဖြစ်လာခဲ့ပါတယ်။ ဒိုင်းနမိုက်ကို စစ်ပွဲများမှာ အဓိကထား သုံးစွဲခဲ့ ကြတာပါ။  နိုဘယ်လ်ဟာ ညီငယ် Emil နှင့် အသက်ပေါင်းများစွာ သေကြေခဲ့ခြင်း၊ စစ်ပွဲများ ဖြစ်ပွားခဲ့ခြင်း အပေါ်များစွာ မိမိနဲ့ တာဝန်မကင်းကြောင်း သိလာရတဲ့အခါ စိတ်မကောင်း ကြီးစွာဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ၁၈၉၅ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် သူ၏ နောက်ဆုံး သေတမ်းစာကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ နိုဘယ်လ်ဆု အဖြစ်သတ်မှတ်ပြီး၊ ရန်ပုံငွေမှ ရရှိလာသော အတိုးငွေများနှင့် ကမ္ဘာတစ်ဝှမ်း ဓာတုပညာရပ်၊ ရူပပညာရပ်၊ ဆေးပညာရပ် (သို့) ဇီဝကမ္မဗေဒ၊ စာပေ နှင့် ငြိမ်းချမ်းရေး နယ်ပယ်များ အတွတ် လူသား အကျိုးပြု လုပ်ငန်းများတွင် အောင်မြင်စွာ လုပ်ဆောင် နိုင်သူများကို စီစစ်ရွေးချယ်ကာ ၁၉၀၁ ခုနှစ်မှ စတင်၍ နိုဘယ်လ် ကွယ်လွန်ခဲ့သည့် အောက်တိုဘာ ၁၀ရက်နေ့တွင် နှစ်စဉ် နိုဘယ်လ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှ စတင်ကာ အဲဖရက် နိုဘယ်လ် အား သတိရလွမ်းဆွတ်၍ စီးပွားရေး ပညာ နိုဘယ်လ်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုဘယ်လ်ဆုရှင်သည် ဒီပလိုမာ၊ ဆွဲပြားနှင့်၊ ဆုကြေးငွေ ပမာဏ ဖော်ပြထားသော ဆုလက်မှတ်တို့ ရရှိပါတယ်။

နိုဘယ်လ် သေတမ်းစာ
ဓာတုပညာရပ် ( Nobel Prize in Chemistry )၊ ရူပပညာရပ် ( Nobel Prize in Physics )၊ စီးပွားရေးပညာရပ် ( Prize in Economic Sciences )၊ များအတွတ် လူသား အကျိုးပြု လုပ်ငန်းများမှာ၊ ထူးချွန်စွာ လုပ်ဆောင်နိုင်သူများကို တော်ဝင် ဆွီဒင် အကယ်ဒမီ သိပ္ပံကျောင်း ( The Royal Swedish Academy of Sciences ) မှ စီစစ် ရွေးချယ်ပြီး ဆုချီးမြှင့်ပါတယ်။



ဆေးပညာရပ် (သို့) ဇီဝကမ္မဗေဒ ပညာရပ်ဆိုင်ရာ (Nobel Prize in Physiology or Medicine) နိုဘယ်လ်ဆုကို ကာရိုလင်စကာ ကောလိပ် ( The Nobel Assembly at Karolinska Institutet ) မှ ရွေးချယ်ပါတယ်။


စာပေပညာရပ်ဆိုင်ရာ (Nobel Prize in Literature) နိုဘယ်လ်ဆုကို ( The Swedish Academy) မှ ဆုချီးမြှင့်ပါတယ်။


နိုဘယ်လ် သေတမ်းစာအရ ငြိမ်းချမ်ရေး နိုဘယ်လ်ဆုကို  နိုင်ငံများအကြား အင်အားစုများကို စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက် ရင်ဆိုင်မှု့ လျှော့ပါးစေခြင်း၊ ငြိမ်းချမ်းရေး မြှင့်တင်သူနှင့်၊ ထိန်းသိမ်း နိုင်သူတို့ကို ရွေးချယ် ချီးမြှင့်ခဲ့တာပါ။ သေတမ်းစာအရ ငြိမ်းချမ်ရေး  နိုဘယ်လ်ဆုကို ပါလီမန်မှ ချီးမြှင့်ရမည်ဟု ရေးသားခဲ့ခြင်းကြောင့်၊ နှစ်စဉ် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ဆုပေးပွဲ အခမ်းအနားဖြင့် ချီးမြှင့်ပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု (Nobel Peace Prize)  ကို ( The Norwegian Nobel Committee elected by the Norwegian Parliament ) မှ ချီးမြှင့်သည်။



 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine