အက်တမ်

| Saturday, October 9, 2010
Democritus ( BC 460 – BC 370 )

Atom သည် ဂရိဘာသာ စကား ( atomos ) မှ ဆင်းသက်လာပြီး၊ ခွဲစိတ်၍မရဟု အဓိပ္ပာယ် ရသည်။ ဂရိ တွေးခေါ် ပညာရှင် Democritus က အရာဝတ္ထုများကို အကြိမ်ကြိမ် ခွဲစိတ် လိုက်သောအခါ၊ နောက်ဆုံး ခွဲစိတ်၍ မရသော အခြေခံ အမှုန်ကို atom ဟုအဆိုပြုခဲ့သည်။ 

 







John-Dalton ( 1766 - 1844 )
၁၈ရာစု အစောပိုင်းတွင် အင်္ဂလိပ် ဓာတုနှင့်ရူပပညာရှင် John-Dalton က အက်တမ်နှင့် သက်ဆိုင်သာ သီအိုရီ ( Atomic Theory ) ကို တင်ပြနိုင်ခဲ့သည်။   အက်တမ် သီအိုရီ အရ -
၁။ အရာဝတ္ထုများသည် အက်တမ်ဟုခေါ်သည့် အလွန်သေးငယ်သော အမှုန်များဖြင့် ဖွဲ့စည်းထားသည်။ ဓာတ်ပြုခြင်းတွင် အက်တမ်များ ပျက်စီး သွားခြင်း မရှိ။
၂။ အက်တမ်များသည် ဖျက်ဆီး၍လည်းမရ၊ ဖန်တီး၍လည်းမရ။
၃။ ဒြပ်စင်တူသော အက်တမ်များသည် ဒြပ်ထု ( Mass )၊ ပုံသဏ္ဌာန် ( Shape )၊ အရွယ်အစား ( Size )၊ နှင့်အခြား ဂုဏ်သတ္တိများ အားလုံး တူညီကြသည်။
၎။ မျိုးကွဲ အက်တမ်များသည် ဒြပ်ထု နှင့် အခြား ဂုဏ်သတ္တိများ အားလုံး မတူညီကြပေ။
၅။ တူညီသော ဒြပ်ပေါင်းများ၏ မော်လီကျူးများသည် အလေးချိန်၊ ပုံသဏ္ဌာန်နှင့် အခြား ဂုဏ်သတ္တိများ အားလုံး တူညီကြသည်။
၆။ ဒြပ်ပေါင်း မတူသော မော်လီကျူးများသည် ဒြပ်ထု၊ နှင့် အခြား ဂုဏ်သတ္တိများ မတူညီကြပေ။

J.J.Thomson ( 1897 - 1997 )

၁၈၉၇ ခုနှစ်တွင် အင်္ဂလိပ် ရူပပညာရှင် J.J.Thomson က လျှပ်စစ် ဓာတ်မဆောင် အမှုန် အီလက်ထရွန် ကိုရှာဖွေ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိခြင်းကြောင့် ၁၉၀၄ ခုနှစ်တွင် ပထမဆုံး အက်တမ် တည်ဆောက်ပုံ ( Atomic Model ) ကိုတင်ပြခဲ့သည်။ Thomson ၏ အက်တမ် တည်ဆောက်ပုံအရ ဓာတ်ဖိုဆောင်သော စက်ဝိုင်းပုံ အက်တမ်ထဲတွင် ဓာတ်မဆောင် လျှပ်စစ်အမှုန် အီလက်ထရွန်များ ပျံ့နှံ့နေပုံမှာ ကိတ်မုန့်ထဲတွင် စပျစ်သီးခြောက် များပျံ့နှံ့ နေပုံနှင့် ခိုင်းနှိုင်းတင်ပြခဲ့သည်။

Thomson's Atomic Model
Ernest Rutherford ( 1871 - 1937 )

၁၉၀၉ ခုနှစ်တွင် အင်္ဂလိပ် ရူပပညာရှင် Ernest Rutherford က အယ်လ်ဖာ အမှုန်ဖြင့် gold plate ကို ပစ်ပေါက် စမ်းသပ်ရာတွင် အယ်လ်ဖာ လမ်းကြောင်း သွေဖီသွားကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် အက်တမ် အလည် ဗဟိုတွင် ဓာတ်ဖိုဆောင် အမှုန်များ တည်ရှိပြီး၊ nucleus ဟု သတ်မှတ်ခဲ့ကြသည်။ ထို့နောက် Thomson ၏ မှားယွင်းသော အက်တမ်တည်ဆောက်ပုံကို အသစ်ပြန်လည် ပြင်ဆင်ခဲ့သည်။ ထိုပုံစံသစ်မှာ အက်တမ်၏ အလည်ဗဟိုတွင် ဓာတ်ဖိုဆောင် နျူကလိယက်စ် တည်ရှိနေပြီး၊ ဓာတ်မဆောင် လျှပ်စစ်အမှုန် အီလက်ထရွန်များက စက်ဝိုင်းပုံ လှည့်ပတ်နေပုံကို စင်္ကြာဝဌာ အတွင်း နေကို ဂြိုလ်ကြီး ရှစ်လုံး ( ပလူတို ကို ဂြိုလ်အဖြစ် မသတ်မှတ်တော့ပါ ) လှည့်ပတ်နေပုံ နှင့် ခိုင်းနှိုင်း တင်ပြခဲ့သည်။





Solar System
Ernest Rutherford's experiment







 












Rutherford ၏ အက်တမ်တည်ဆောက်ပုံမှာ လျှပ်စစ်သီအိုရီ ( Columb Force ) အရ မှားယွင်းနေကြောင်း တွေ့ရပြန်သည်။ လျှပ်စစ်သီအိုရီ အရ တူညီသော လျှပ်စစ်ဆောင်အမှုန်များ အချင်းချင်း တွန်းကန်ကြမည်ဖြစ်ပြီး၊ မတူညီသော လျှပ်စစ်ဆောင် အမှုန်များ အချင်း ဆွဲငင်ကြမည် ဖြစ်သည်။ ထို့ကြောင့် အက်တမ်အတွင်းရှိ နျူကလိက်စ်ကို လှည့်ပတ်နေသော အီလက်ထရွန် များသည် စက်ဝိုင်းပုံ လှည့်ပတ်နေရာမှ သွေဖီကာ ခရုပုံလမ်းကြောင်းအတိုင်း ပြောင်းလဲကာ နောက်ဆုံး နျူကလိက်စ် ဆီသို့ ရောက်ရှိကာ ပျက်ဆီးသွားပေလိမ့်မည်။ ထိုအခါ အက်တမ်လည်းမရှိတော၊့ အရာဝတ္ထုလည်း ပျောက်ဆုံး သွားပေလိမ့်မည်။ 


 
Niels Bohr ( 1885 - 1962 )

ယနေ့ခေတ်တွင် အသုံးပြုနေသော Atomic Model ကို ၁၉၁၃ ခုနှစ်တွင် ဒိန်းမတ် နိုင်ငံသား Niels Bohr က ပြောင်းလဲ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ နျူကလိယက်စ်ကို လှည့်ပတ်နေသော အီလက်ထရွန်များသည်  စက်ဝိုင်းပုံ လမ်းကြောင်းအတိုင်းသာ ရှိနေရမည်။ ခရုပုံလမ်းကြောင်း အတိုင်း မဖြစ်နိုင်။ အီလက်ထရွန်များသည် နျူကလိယက်စ်ကို   စွမ်းအင် လမ်းကြောင်း ( Energy Level ) အရ လှည့်ပတ်နေခြင်းဖြစ်သည်။ နျူကလိယက်စ်နှင့် အနီးဆုံးပတ်လမ်းရှိ အီလက်ထရွန်သည် စွမ်းအင်ပတ်လမ်း အနိမ့်ဆုံး ဖြစ်သည်။ နျူကလိယက်စ်နှင့် ဝေးလေလေ စွမ်းအင် များလေလေ ဖြစ်သည်။ 



မြင့်သော စွမ်းအင်လမ်းကြောင်းမှ အီလက်ထရွန်များသည် နိမ့်သော စွမ်းအင်လမ်းကြောင်းသို့ ကူးပြောင်းရာတွင် ပိုလျှံနေသော စွမ်းအင်ကို ရောင်ခြည် အဖြစ်ပြန်လည် ထုတ်လွှတ်သည်။ နိမ့်သော စွမ်းအင်လမ်းကြောင်းမှ အီလက်ထရွန်များသည်လည်း ပြင်ပမှ စွမ်းအင် ရရှိပါက မြင့်သော စွမ်းအင်လမ်းကြောင်းသို့ ကူးပြောင်းနိုင်ကြသည်။ သာမန်အာဖြင့် အက်တမ် တစ်လုံးသည် လျှပ်စစ်ဓာတ်ပြယ်နေမည် ဖြစ်ပြီး၊ နျူကလိက်စ် အတွင်းရှိ ပရိုတွန် အရေအတွတ်နှင့် အီလက်ထရွန် အရေအတွတ် တူညီနေမည်ဖြစ်သည်။


Structure of Atom



James Chadwick ( 1891 - 1974 )
၁၉၂၀ ခုနှစ်တွင် Rutherford သည် နျူကလိက်စ် အတွင်းရှိ လျှပ်စစ် ဓာတ်ဖိုဆောင် ပရိုတွန်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် James Chadwick သည် နယူထရွန်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ပရိုတွန်တစ်လုံးနှင့် နျူထရွန်တစ်လုံး အလေးချိန်သည် 1 amu ( atomic mass unit ) အသီးသီးဖြစ်သည်။ အီလက်ထရွန်၏ အလေးချိန်မှာမှု 1/1840 amu ဖြစ်သည်။ ထို့ကြောင့် အက်တမ်တစ်ခုလုံး အလေးချိန်သည် နျူကလိယက်စ်၏ အလေးချိန်သာလျှင် ဖြစ်တော့သည်။ နျူကလိယက်စ်ထဲရှိ ပရိုတွန်နှင့် နျူထရွန် အရေအတွတ် စုစုပေါင်းကို နျူကလီရွန် ( Nucleons ) ဟုခေါ်သည်။


Structure of Atom

2 comments:

Anonymous at: April 27, 2011 at 11:31 PM said...

ကျွန်တော်တို့ ဓာတု ဗေဒ ကို ကိုးတန်း ဆယ်တန်း ကတည်းက သင် ကြားခဲ့ ကြရပေမယ့် ခု ချိန်မှာ အားလုံး ဟာ ဝါးတားတားပါ။ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီ သင်္ခန်းစာ တွေ ကို မြန်မာလို ပြန်ရှင်း ပြီး တင်ပေးနိုင်မယ်ဆိုရင် အရမ်း အကျိုးများမယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စာအုပ်အဟောင်းတန်းမှာ အခြေခံပညာအဆင့် ရူပဗေဒ သင်ရိုးကို မြန်မာလို ရှင်းပြထားတဲ့ စာအုပ် တစ်အုပ် ရခဲ့ဖူးပါတယ်။ ညီတစ်ယောက်က လိုချင်ပါတယ်ဆိုပြီးတောင်းလို့ ပေးလိုက်ရတယ်။ဆယ်တန်း ဖြေဖို့ အထူးထုတ် စာအုပ်မျိုးလို မဟုတ်ပဲ text book အတိုင်း ကို မြန်မာလို ပြန်ထားတာပါ။ တခြားဘာသာရပ်စာအုပ်တွေ ကို တော့ ရှာလို့ မတွေ့ဘူး။ ဒီ ဘလော့ခ် လေးကို တွေ့လိုက်ရတာ အရမ်းကို ဝမ်းသာပါတယ်။ တခြားဘာသာရပ်တွေ ဘောဂဗေဒ၊ဇီဝဗေဒ၊ ရူပဗေဒ တို့မှာလည်း ဒီလို မျိုးဘလော့ခ်တွေ တင်ပေးနိုင်မယ်ဆိုရင် အရမ်း ကိုဝမ်းမြောက်စရာပါ။ ခုလို တင်နိုင်တဲ့အတွက်လဲ ဘလော့ခ် ပိုင်ရှင် ကို ကျေးဇူးတင်ပါတယ်။

{ Unknown } at: June 20, 2015 at 8:54 PM said...

ဗဟုသုတ ရပါတယ် ကျေးဇူးးး

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine