အက်စစ်မိုး

| Sunday, October 17, 2010
" မိုးရွာရင်၊ မိုးရေချိုးမယ်။
မေမေလာရင်၊ နို့စို့မယ်။
ဖေဖေလာရင်၊ အုန်းသီးခွဲစားမယ်။ "

ဒီကဗျာလေးကတော့ ကလေးဘ၀မှာ မိုးရွာထဲ ပျော်ပျော်ပါးပါး၊ အော်ဆို ခဲ့ကြတာပါ။ ကလေး ဘ၀မှာ မိုးရွာရင် တော်တော် ပျော်ပါတယ်။ မိုးရွာထဲမှာ သီချင်းတွေ အော်ဟစ် သီဆိုရင်း၊ ခုန်ပေါက် ဆော့ကစား ခဲ့ကြတာပါ။ မိုးသီးတွေ ကျရင် အလုအယက် ပြေးကောက်ရင်း စားခဲ့ကြပါတယ်။ အဖွား ကဆိုရင် မျက်စဉ်းတောင် ခပ်လိုက် ပါသေးတယ်။ စာဖတ်သူ့ တွေးဖူးလား မသိဘူး။ Maung Chem တော့ မိုးနဲ့ ပတ်သတ်ပြီး၊ အတွေးတစ်ခု တွေးခဲ့ဘူးတယ်။ မိုးတွေဟာ ဟိုးကောင်းကင် အဝေးကြီးက မိုးတိမ်ကြီး တွေကနေ ကျလာဆိုတာပဲ သိတယ်။ ကောင်းကင်ကြီးက ဘယ်လောက် မြင့်တယ်၊ မိုးဘာကြောင့် ရွာတယ်ဆိုတာ မသိပါဘူး။ Maung Chem တွေးတာက ကောင်းကင်ကကျလာတဲ့ မိုးရေတွေဟာ သန့်မယ် ဆိုတာပါပဲ။ 

မြစ် ချောင်း အင်း အိုင် ပင်လယ် သမုဒ္ဒရာ များမှ ရေများ နေ၏ အပူကြောင့် အငွေပျံကာ လေထုထဲတွင် ( Atmosphere ) မိုးတိမ်များ အဖြစ် ပြောင်းလဲ ရောက်ရှိ သွားတယ်။ မိုးတိမ်များ လေထုထဲတွင် တဖြည်းဖြည်း မြင့်တတ် သွားရာမှ အေးလာပြီး၊ နောက်ဆုံး မိုးအဖြစ်ရွာချ ပါတယ်။ မိုးရွာချခြင်း နမူနာကို အိမ်တွင် စမ်းသပ်လုပ်ကိုင် နိုင်ပါတယ်။ ရေနွေးကရားအိုးကို ဆူပွက်အောင် ကျိုချက် လိုက်သောအခါ၊ ရေနွေးငွေ့များ ထွတ်လာပါတယ်။ ထွတ်လာသော ရေနွေးငွေ့များ၏ လမ်းကြောင်းကို ပန်ကန်ပြားဖြင့် တားဆီးလိုက်ပါ။ အေးသောအခါ ရေပေါက်များ အဖြစ် ပြောင်းလဲသွားပါတယ်။ ၄င်းဖြစ်စဉ်ကို ငွေ့ရည်ဖွဲ့ခြင်း ( Condensation ) ဟုခေါ်ပါတယ်။


အက်စစ်မိုး အကြောင်း မပြောခင် အက်စစ် ဘေ့စ် နဲ့ ဓာတ်ပြယ်တဲ့ အခြေအနေ pH အကြောင်းကို သိရန် လိုပါတယ်။ pH ဆိုသည်မှာ ပျော်ရည်များအတွင်း ဟိုက်ဒရိုဂျင် အိုင်းယွန်း H+ ပါဝင်ကိန်း ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ pH - 7 သည် သောက်သုံးနိုင်သော အဆင့် ရေ ဖြစ်ပါတယ်။ pH - 7 အောက် လျှော့နည်း သွားလျှင် အက်စစ်  ( Acid ) အခြေအနေ ဖြစ်သွားပြီး၊ pH - 7 ထပ်မြင့်လျှင် ဘေ့စ် ( Base ) အခြေအနေ ဖြစ်သွားပါတယ်။ သဘာဝတွင် ရေသန့် pH - 7 အခြေအနေကို တွေ့ရှိရမှာ မဟုတ်ပါဘူး။

စက်မှု့ ဖွံ့ဖြိုးလာသည်နှင့် အမျှ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ ကျောက်မီးသွေး စက်ရုံများ။ စက်ရုံ အလုပ်ရုံများနှင့်၊ သယ်ယူ ပို့ဆောင်ရေး ယာဉ်များ၊ မှ ထုတ်လွှတ်သော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့၊ ဆာလဖာဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့၊ နိုက်ထရိုဂျင် အောက်ဆိုဒ် ဓာတ်ငွေ့များ သည် လေထုထဲရှိ ရေခိုးရေငွေ့များနှင့် ပေါင်းစပ်ပြီး၊ အက်စစ်မိုး အဖြစ် ရွာချခြင်း ပါပဲ။

မီးတောင်ပေါက်ကွဲခြင်း
လျှပ်စီး လက်ခြင်း











လူတို့ ပယောဂ ကြောင့်သာမဟုတ်၊ သဘာဝ တွင်လည်း ထိုအောက်ဆိုဒ်များ ထုတ်လွှတ် လျှက်ရှိပါတယ်။ မီးတောင် ပေါက်ကွဲခြင်း၊ သဘာဝ သစ်တောများ မီးလောင်ခြင်း၊  တို့ကြောင့် ဆာလဖာ ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များ ထွတ်ရှိပါတယ်။ လျှပ်စီး လက်သောအခါ ထွတ်ရှိသော အပူဟာ လေထုထဲရှိ နိုက်ထရိုဂျင် ကို နိုက်ထရိုဂျင် အောက်ဆိုဒ် အဖြစ် ပြောင်းလဲ စေပါတယ်။ လေထုထဲတွင် ထုထည်အားဖြင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ 78% ပါဝင်ပါတယ်။


ဒါတွေကတော့ ဓာတုညီမျှခြင်းအရ အက်စစ် အောက်ဆိုဒ်များ ရေနဲ့ ဓာတ်ပြုပြီး၊ အက်စစ်ဖြစ်ခြင်းပါပဲ။
CO2 (g) + H2O (l) = H2CO3 (l)          Carbonic acid
SO2 (g) + H2O (l) = H2SO3 (l)           Sulphurous acid
SO3 (g) + H2O (l) = H2SO4 (l)           Sulphuric acid
N2O3 (g) + H2O (l) = 2HNO2 (l)        Nitrous acid
N2O5 (g) + H2O (l) = 2HNO3 (l)         Nitric acid      
     
Trees killed by acid
  
Effect of acid rain on statues













အက်စစ်မိုး ရွာချခြင်းကြောင့် ကုန်းနေ ရေနေ သတ္တ၀ါများနဲ့ အပင်များ အတွတ် များစွာ အန္တာရာယ် ရှိပါတယ်။ အက်စစ်မိုး ရွာချခြင်းကြောင့် သစ်တောများ ပြုန်းတီးစေပြီး၊ မြေထု  ပျက်စီးစေပါတယ်။ ရေနေ သတ္တ၀ါ များအတွတ် သာမက  ရေကို မှီခို အားထားနေ၇သော လူနှင့် တိရိစ္ဆာန် များအတွတ် ရေထုညစ်ညမ်း စေသည်။ ဆာလဖျူရစ် အက်စစ်မိုး ရွာချ ခြင်းကြောင့် ကယ်လ်ဆီယမ် ကာဗွန်နိတ် ( CaCO3 ) ထုံးကျောက် များကို ပျက်ဆီး စေသည်။
 CaCO3 (s) + H2SO4 (aq) = CaSO4 (aq) + CO2 (g) + H2O (l)
စာဖတ် ပရိသတ်များ အက်စစ်မိုးနဲ့ ပတ်သတ်ပြီး၊ ဗဟုသုတ ရစေရန် ရည်ရွယ်ကာ ရေးသားလိုက်ရပါတော့တယ်။

 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine