ဓာတုဗေဒ

| Friday, October 8, 2010
Maung Chem ပို့စ်အသစ် စတင်မယ်စဉ်းစားတော့ ဘယ်ခေါင်းစဉ်ကို အရင်ရေးရမလဲ ? တော်တော် စဉ်းစား လိုက်ရတယ်။ နောက်မှ အတွေး ပေါက်သွားတာက ကိုယ်ရေးတဲ့ ဘလော့နဲ့လဲ သက်ဆိုင်၊ တော်တော်လေး အခြေခံကျတဲ့ မေးခွန်းလေး သွားတွေ့တယ်။ ဒါကတော့ ဓာတုဗေဒဆိုတာ ဘာလဲ ? ခုစာဖတ်နေသူလဲ ဓာတုဗေဒနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။   ဓာတုဗေဒ ဆိုတာ ဘာလဲဆိုတော့ ဓာတုဗေဒပဲပေါ့ လို့ဖြေရုံနဲ့ ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ရှိတဲ့ မေးသူ ကျေနပ်လောက်စရာ အဖြေမဖြစ်နိုင်ပါဘူး။

ဓာတု ( ဒြပ်တို့၏သဘော ) ၊ ဗေဒ ( ခွဲခြမ်းလေ့လာခြင်း)။ ဓာတုဗေဒ - ဒြပ်တို့၏သဘောကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း ဖြစ်သည်။ ဓာတုဗေဒသည် ဒြပ်တို့၏ သဘောကို သိပ္ပံနည်းကျ လေ့လာသော ဘာသာရပ်ဖြစ်သည်။ ဓာတုဗေဒ ဘာသာရပ်သည်  ဒြပ်ဝတ္ထုတို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန်၊ ဂုဏ်သတ္တိများနှင့်အတူ  ဓာတုဓာတ်ပြုခြင်း ဖြစ်သောအခါ ဖြစ်ပေါ်လာသော ပြောင်းလဲခြင်း တို့ကို သိပ္ပံနည်းကျ လေ့လာသော ဘာသာရပ် ဖြစ်သည်။ ဓာတုဗေဒသည် ရုပ်ဝတ္ထု သိပ္ပံဘာသာရပ် ဖြစ်ပြီး၊  အက်တမ်၊ မော်လီကျူး၊ ပုံစောင်ခဲနှင့် စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတုဖြစ်စဉ်များ ( Chemical Process )  ဖြစ်ပေါ်ခြင်းနှင့် ပတ်သတ်သော စွမ်းအင် သဘောတရား များကို လေ့လာသည်။ တခါတရံ ဓာတုဗေဒ ဘာသာရပ်ကို သိပ္ပံဘာသာ၏ ဗဟိုချက်အဖြစ် ရှု့မြင်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ဓာတုဗေဒသည် အပင်များ အကြောင်း လေ့လာသော ရုက္ခဗေဒ ( Botany )၊ သက်ရှိသတ္တ၀ါ တို့၏ ဖြစ်စဉ်ကို လေ့လာသော သတ္တဗေဒ ( Zoology )၊ ဆေးပညာ ( Medacine )၊ ဘူမိဗေဒ ( Geology )၊ နက္ခတဗေဒ ( Astronomy )၊ ရူပဗေဒ ( Physics )၊ ဆေးဝါးဗေဒ ( Pharmaceutical ) စသည့် သိပ္ပံပညာရပ်များနှင့် ဆက်နွယ် လျှက်ရှိသည်။



အဓိက ဓာတုဗေဒ မေဂျာရပ်ကြီး ငါးခုရှိသည်။ ၄င်းတို့မှာ အင်အော်ဂဲနစ် ဓာတုဗေဒ ( Inorganic Chemistry )၊ ရူပဓာတုဗေဒ ( Physical Chemistry )၊ အော်ဂဲနစ်ဓာတုဗေဒ ( Organic Chemistry )၊ ဓာတ်ခွဲဓာတုဗေဒ ( Analytical Chemistry )၊ နျူကလီးယား ဓာတုဗေဒ ( Nuclear Chemistry ) တို့ဖြစ်ကြသည်။ 


Inorganic Chemistry  - သည် အင်အော်ဂဲနစ် ပစ္စည်းများ၏ တည်ဆောက်ပုံ၊ ဖွဲ့စည်းမှု့၊ အပြုအမှုများကို လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။ အော်ဂဲနစ်ပစ္စည်းများ မှလွဲ၍ ကျန်သော ဒြပ်ပေါင်းများကို အင်အော်ဂဲနစ် ပစ္စည်းများ အဖြစ်သတ်မှတ်သည်။ အင်အော်ဂဲနစ် ဓာတုဗေဒတွင် အယ်လ်ကာလီ ( Alkali )၊ အက်စစ် ( Acid )၊ ဗေ့စ် ( Base )၊ သတ္တုများ ( Metals )၊ သတ္တုမဟုတ်သော ဒြပ်စင်များ ( Non-Metals )၊ ဆာများ ( Salts )  စသည် လေ့လာသည်။

Physical Chemistry - သည် ရူပဗေဒ သီအိုရီ ( Physics Theory ) များကို အခြေခံပြီး၊ အက်တမ်များနှင့် အက်တမ်မျိုးခွဲ အမှုန်များကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ Quantum Mechanic ဟုခေါ်သည့် ရူပဓာတုဗေဒ ဘာသာရပ် သည် အက်တမ်များနှင့် အက်တမ်မျိုးခွဲ ပစ္စည်းများ၏ ဓာတုဓာတ်ပြုခြင်းကို လေ့လာသည်။ ဓာတုဓာတ်ပြုခြင်းများတွင် အပူထုတ်လွှတ်ခြင်း ( Exothermic Reaction )၊ အပူစုပ်ယူခြင်း ( Endothermic Reaction ) စသည် အပူနှင့် သက်ဆိုင်သော အကြောင်းအရာများကို လေ့လာသော ( Thermodynamic Chemistry ) ဘာသာရပ်၊ ဓာတုအရာဝတ္ထု ပစ္စည်းများ၏ လျှပ်စစ်သတ္တိ( Electricity )၊ သံလိုက်သတ္တိ ( Magnetizm )၊ ဓာတုဓာတ်ပြုနှုန်း ( rate of reaction )၊ မော်လီကျူး အတွင်းပိုင်းအား ( intermolecular force ) စသည် အကြောင်းအရာများကို အသေးစိတ် လေ့လာသည်။

Organic Chemistry - ဆိုသည်မှာ အော်ဂဲနစ်ပစ္စည်း များကို အသေးစိတ် လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲဖြစ်သည်။ ကာဗွန်နှင့် ဟိုက်ဒရိုဂျင် အက်တမ်များ အဓိက ပါဝင်သော အရာများကို အော်ဂဲနစ်ပစ္စည်း များအဖြစ် သတ်မှတ်သည်။ အော်ဂဲနစ် ဓာတုဗေဒသည် အော်ဂဲနစ် ပစ္စည်းများ ( Hydrocarbons, Alkane, Alkene, Alkyne, Alcohol, Aldehyde, Ketone, Ether, Ester, Amino acid, Polymer, Carboxylic Acid ) ၏ တည်ဆောက်ပုံ၊ ဖွဲ့စည်းမှု့၊ ဓာတုဂုဏ်သတ္တိများ၊ ဓာတ်ပြုခြင်း၊ ပြုလုပ်ခြင်း၊ စသည် အသေးစိတ် လေ့လာသည်။ အမျိုးအမည်မသိသော အော်ဂဲနစ် ဓာတ်ပေါင်းများကို သတ်မှတ်ရန် Nuclear Magnetic Resonance ( NMR )၊ UV/Visible Spectroscopy၊ Infrared Spectroscopy၊ Mass Spectrometer များအသုံးပြု ရှာဖွေခြင်း၊ အော်ဂဲနစ် ဓာတုဒြပ်ပေါင်းများကို ထုတ်လုပ်ရန် အော်ဂဲနစ် ပစ္စည်းများ၏ ဓာတုဒြပ်ပြုခြင်း သည်လည်း အရေးပါ အရာရောက် လျှက်ရှိသည်။

Analytical Chemistry - လျှပ်စစ် ဆဲလ်များ ပြုလုပ်ခြင်း ( Electrolytic Cells )၊ လျှပ်စစ် ဓာတုဆဲလ်များ တည်ဆောက်ခြင်း (  Electrochemical Cells )၊ ဓာတု ဒြပ်ပေါင်းများကို လျှပ်စစ်သုံး ဖြိုခွဲခြင်း ( Electrolysis )၊
ပျော်ရည် ( Solutions ) များတွင် ဟိုက်ဒရိုဂျင် အိုင်းယွန်း ပါဝင်ကိန်း pH  တိုင်းတာခြင်း၊ သဘာဝပစ္စည်းများ၏ ဓာတုဂုဏ်သတ္တိကို ခွဲစိပ်သော ( analysis ) ဓာတ်ခွဲဓာတုဗေဒ ၏အခန်းကဏ္ဍ သည်လည်း အရေးပါလှသည်။ 

Nuclear Chemistry - သည် အရေးပါဆုံးနှင့် မျက်မောက်ကာလတွင် ရေပန်းစားသော ဓာတုဘာသာရပ်ခွဲ ဖြစ်ပြီး ရေဒီယိုသတ္တိကြွခြင်း အကြောင်း အသေးစိတ် လေ့လာသော ဘာသာရပ် ဖြစ်သည်။ ရေဒီယိုသတ္တိကြွ အရာများ၏ ဓာတုဖြစ်စဉ်နှင့် နျူကလိယဂုဏ်သတ္တိကို အဓိကထား လေ့လာသည်။ ကမ္ဘာ့လောင်စာ ရှားပါးလာမှု့ကို ဖြေရှင်းပေးနိုင်သော  နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ခြင်း၊
နျူစစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ခြင်း အခန်းကဏ္ဍသည် နိုင်ငံတိုင်း၏ ရည်မှန်းချက် ပန်းတိုင် အဖြစ်ရပ်တည် လျှက်ရှိသည်။

Biochemistry - အပင်နှင့် သက်ရှိများ၏ ဇီဝ ဖြစ်စဉ်များကို လေ့လာခြင်း။
Environmental Chemistry - သဘာဝ ပတ်ဝန်းကျင်တွင် ဓာတု ဒြပ်ပေါင်းများ၏ အကျိုး သက်ရောက်မှု့ ကိုလေ့လာခြင်း။
Photochemistry - အလင်းနှင့် ပတ်သတ်သော ဓာတုဓာတ်ပြုခြင်း များကို လေ့လာခြင်း။
Agrochemistry or Agricultural Chemistry - ဓာတု ဒြပ်ပေါင်းများ အပင်များတွင် အကျိုးသက်ရောက်မှု့ကို လေ့လာခြင်း။ 
Polymer Chemistry - မော်လီကျူးပေါင်း မြောက်များစွာ ပေါင်းစပ် ခြင်းကို လေ့လာခြင်း။ 
Medicinal Chemistry - သက်ရှိများ အတွတ် ရောဂါများ ကုသရန် ဓာတု ဒြပ်ပေါင်းများ၏  ဂုဏ်သတ္တိကို လေ့လာခြင်း။
Industrial Chemistry - လူတို့အတွတ် လိုအပ်သော ကုန်ပစ္စည်းများ ဓာတု အခန်းကဏ္ဍမှ ထုတ်လုပ်ရန် လေ့လာခြင်း။
Petroleum Chemistry - ရေနံထွတ် ပစ္စည်းများ အမျိုးအစားခွဲရန်၊ သန့်စင်ရန်၊ ထုတ်လုပ်ရန်။


0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine