အိုင်းစတိုင်း

| Monday, October 11, 2010
Albret Einstein ( 1879 - 1955 )
ကျောင်းမှာ စာမတော်ပေမယ့် အလင်းနဲ့အချိန်ကို တွေးနိုင်သူ၊ သူ့တွေ့ရှိချက်ကြောင့် အနျူမြူ ဗုံးဖြစ်ခဲ့ပေမယ့်၊ ငြိမ်းချမ်းရေးသမား  တစ်ယောက် ဖြစ်ခဲ့တဲ့၊ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်ကြီး၊ နိုင်ငံကျော် ရူပဗေဒ ပါရဂူ အဲလ်ဘတ် အိုင်းစတိုင်း အကြောင်းပဲ ဖြစ်ပါတယ်။   ဆံပင်တွေထောင်ထား၊ အသိခက် ပုံသေနည်းတွေထုတ်ပြီး၊ လျှာကို သွင်းချည်ထုတ်ချည်လုပ် ကိုယ်နေတဲ့နေရာကို မေ့နေတတ်တဲ့သူပါပဲ။ အဲလ်ဘက် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် ဂျာမနီတောင်ပိုင်း မှာမွေးပါတယ်။ သူ့မှာ စာဖတ်ခက်ပြီး၊ ထုံထိုင်းသူလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာ တခြားကလေးတွေနဲ့ မတူတာက ကွဲပြားတဲ့ အသိဥာဏ် ရှိတာပါ။ ၉နှစ် အထိ အိုင်းစတိုင်းဟာ စကားပြောခဲပါတယ်။ 




အသက် ၁၃နှစ် ရောက်တဲ့အခါ သူစွဲနှစ်ခဲ့တဲ့ အချက်နှစ်ချက် ရှိပါတယ်။  တယောနဲ့ သူနေမကောင်းစဉ်က သူ့အဖေပေးခဲ့တဲ့ သံလိုက်အိမ်မြှောင် လေးပါပဲ။ ဘာအမှားမှ မလုပ်ဘူး ပြောခဲ့ပေမယ့် ကျောင်းထုတ်ခံ ခဲ့ရပါတယ်။ "မင်းက နောက်တန်းမှာ ထိုင်ပြုံးနေတယ်။ ဆရာ တစ်ယောက် အတွတ် လိုအပ်တဲ့ ရိုသေမှု့ကို ချိုးဖောက် လိုက်တာပါပဲ။ "  လို့ဆရာက ပြောခဲ့ပါတယ်။ 




အိုင်းစတိုင်းကို စစ်ရေးပြပွဲတစ်ခု ခေါ်သွားတဲ့အခါ၊ စစ်သားတွေရဲ့ စက်ရုပ်ဆန်ဆန် လှုပ်ရှားကြပုံတွေကြောင့်၊ ကလေးဘ၀မှာတောင် သူငိုပါတယ်။ ၁၇ နှစ်မှာ စစ်ထဲမ၀င်မနေရ ၀င်ရမယ်ဆိုလို့ တိုင်းပြည်ကထွတ်ပြီး၊ နိုင်ငံသားအဖြစ် စွန့်လွှတ်ခဲ့ပါတယ်။ အီတလီမှာ ပန်းချီပြခန်းတွေ သွားတယ်။ ဒါ့ထက်ပိုလို့ ဂျူးဘာသာရေးကိုလည်း စွန့်ခဲ့ပြန်ပါ သေးတယ်။ အနောက်နိုင်ငံမှာ နေကြသူတွေလိုပဲ ဘာသာရေးက ဘ၀မှာ အရေးမပါဘူးလို့ ရူ့မြင်ပြီး၊ ဒီအတွတ်ကြောင့် စိတ်အနှောက် အယှက် မဖြစ်ခဲ့ပါဘူး။ 



အိုင်းစတိုင်းဟာ သူစိတ်ဝင်စားတဲ့ သိပ္ပံပညာ လေ့လာ လိုက်စားနိုင်မယ့် ဆွတ်ဇာလန် ကိုပြောင်းသွားခဲ့ပါတယ်။  ဇူးရစ် ကောလိပ်တွင် တတ်ရောက် သင်ကြားခဲ့ပါတယ်။ သူ့အသိပညာ၊ တယောသံတွေကြောင့် ကျောင်းသူများ အကြား ရေပန်းစား ခဲ့ပါတယ်။ အိုင်းစတိုင်းဟာ သိပ္ပံပညာရှင် တွေရဲ့ လက်ထောက် အလုပ်လျှောက်ထား တာကို အကြောင်းမပြန်လဲ စိတ်မဆိုးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ တစ်နေ့လုံး စာလေ့လာ တယောထိုးပြီး၊ နေနိုင်ခဲ့သူပါ။ အဲဒီအချိန်မှာ အိုင်းစတိုင်းသည် ရူပဗေဒပညာရှင် မလီဘာ Mileva Maritsch နှင့် ချစ်ကြိုက် ခဲ့ပါတယ်။


၁၉၀၂ ခုနှစ်မှာ အိုင်စတိုင်းဟာ မှတ်ပုံတင်ရုံးမှာ အလုပ်ဝင်ပါတယ်။ သိပ်မကြာခင်မှာပဲ အိုင်းစတိုင်းနဲ့ မလီဘာတို့ လက်ထပ် လိုက်ကြပါတယ်။ ပျားရည်စမ်း မင်္ဂလာဦး ခရီးသူတို့ မသွားနိုင်ကြပါဘူး။ လက်ထပ်ပြီး အိမ်ပြန်လာတဲ့အခါ အိမ်ထဲ ၀င်လို့မရတာပဲ ရှိပါတယ်။ အကြောင်းကတော့ အိုင်းစတိုင်း အိမ်သော့ ပျောက်သွားလို့ပါပဲ။ နောက်သုံးနှစ်မှာ သီအိုရီတွေ စတင်ရေးသား ပါတော့တယ်။ အာကာသနဲ့ အချိန်ပေါ် သူတစ်လျှောက်လုံး စဉ်းစားခဲ့ပုံကို အဓိပ္ပာယ် သတ်မှတ် ပေးပါတယ်။ ကလေး တစ်ယောက် ရတာကိုတောင် သူဘာမှ မစဉ်းစားခဲ့ပါဘူး။ သွားလည်တဲ့ ပါမောက္ခတစ်ယောက် ပြောခဲ့တာကတော့ သူဟာ စိုးစိုးဝါးဝါး ဆေးပြင်းလိပ်ကြီး သောက်ပြီး၊ ကလေးကို လွှဲသိပ်နေပါတယ်။ လက်တစ်ဘက် မှာကတော့ စာအုပ်ကဖတ်လျှက် မီးဖိုပေါ်က ရေနွေးအိုးကလည်း ဆူပြီးပွက်နေပါတယ်။ အိုင်းစတိုင်းဟာ အားတိုင်း အလုပ်ချည်း လုပ်နေတာကြောင့်၊ အိမ်ထောင်ရေးမှာ ထိခိုက် စေခဲ့ပါတယ်။

velocity of light
နောက် အိုင်းစတိုင်းဟာ အလင်း ဘက်ကို အာရုံ ပြောင်းခဲ့ပါတယ်။ အလင်းဟာ အံ့ဖွယ် အလျှင် ( Velocity of Light = 3×10^8 meter per second ) နဲ့ သွားတာ သိပြီးသားပါ။ ကြယ်တွေရဲ့ အလင်းဟာ ကျွန်တော်တို့ ဆီရောက်ဖို့ နှစ်ချီပြီး ကြာပါတယ်။ ကျွန်တော်တို့ မြင်လိုက်တဲ့ အခါ အဲဒီ အလင်းလွှတ်ကြယ် တွေက ဟိုးနှစ်ပေါင်းများစွာက ကြယ်တွေသာ ဖြစ်ပါတယ်။ အလင်းသည် ရေဒီယိုလှိုင်း၊ X- ray နဲ့ အခြား Electromagnetic wave ( လျှပ်စစ် သံလိုက်လှိုင်း ) တွေလိုပဲ တစ်စက္ကန့်ကို မိုင်ပေါင်း တစ်သိန်း ရှစ်သောင်း ခြောက်ထောင် နှုန်းနဲ့ သွားနိုင်တာကို လူတိုင်းလက်ခံပြီးသားပါ။ ဘယ်မှာပဲ တိုင်းတိုင်း ဒါမှန်ပါတယ်။ ရွေ့လျှားနေတဲ့ ပစ္စည်းတစ်ခုကနေ အလင်းကို ပြလိုက်မယ်ဆိုရင် သူ့ရဲ့ အလျှင်က အလင်းရဲ့ အလျှင်နဲ့ ရွေ့လျားနေတဲ့ ပစ္စည်းရဲ့ အလျှင် စုစုပေါင်းပဲ ဖြစ်ရတော့မှာပါ။ ဒါပေမယ့် အဖြေကတော့ အလင်းအလျှင် အတိုင်း တစ်သမတ်တည်း ဖြစ်နေတာပါပဲ။

Issac Newton
နယူတန်ရဲ့ အလိုရ ၀တ္ထုပစ္စည်းတိုင်းရဲ့ လှုပ်ရှားမှု့ကို သူ့တို့ပေါ် သက်ရောက် ရိုက်ခတ်ပုံကနေ တိတိကျကျ ဟောကိန်း ထုတ်နိုင်ပါတယ်။ အားနှစ်ဆနဲ့ တစ်စုံတစ်ခုအပေါ် သက်ရောက် လိုက်ရင် အဲဒီ ၀တ္ထုပစ္စည်းဟာ အရှိန် နှစ်ဆ ရလာပါ လိမ့်မယ်။ ဒါပေမယ့် ခင်ဗျားဟာ အလင်းအလျှင်ရဲ့ ၉၈% လောက်နဲ့ ခရီးနှင် နေသည် ဆိုပါစို့။ တစ်ယောက်က ခင်ဗျားကို အားနှစ်ဆ ထပ်တင်လိုက်ရင် ဘယ်လို ဖြစ်မလဲ။ နယူတန် အလိုရ ခင်ဗျားဟာ အလင်းအလျှင်ကို လွန်သွားရမှာပါ။ အိုင်းစတိုင်း ကတော့ အလင်း အလျှင်ထက် မပိုနိုင်ဘူးလို့ ဆိုပါတယ်။

တစ်စုံတစ်ရာကို  တွန်းဖို့စွမ်းအင် ဘယ်လောက်ပဲသုံးသုံး အလင်းအလျှင်ထပ် ပိုမမြန်နိုင်တာ အိုင်းစတိုင်း သဘောပေါက်ပါတယ်။ တစ်စုံတစ်ခုဟာ အလင်းအလျှင်နား ကပ်သွားလေလေ နည်းနည်းလေး ထပ်မြန်အောင် သွားဖို့တောင် စွမ်းအင် ပိုလိုလေဆိုတာ သက်သေ ထူနိုင်ခဲ့ ကြပါတယ်။  ဒါဖြင့် အဲဒီစွမ်းအင်တွေ ဘာဖြစ်သွားပါသလဲ။ ထပ်တွန်းပေမယ့် ပိုမြန်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုရင် အဲဒီစွမ်းအင်တွေ ဘယ်ရောက် သွားပါသလဲ။ အကျိုးသက်ရောက်မှု့ ကတော့ ပိုလိုတဲ့ စွမ်းအင်ဟာ ဒြပ်ထုအဖြစ် ပြောင်းသွားတယ်လို့ အိုင်းစတိုင်းက ဖြေပါတယ်။ စွမ်းအင်ပိုတိုးပေးလိုက် ၀တ္ထုဟာ ပိုမြန်လာမယ့်အစား လေးလာပါလိမ့်မယ်။ စွမ်းအင်မှ ဒြပ်ထုကိုပြောင်းနိုင်တဲ့ အယူအဆဟာ အချိန်ကို နှေးနိုင်တဲ့ အယူအဆလိုပါပဲ။ အရင်က စွမ်းအင်နဲ့ ဒြပ်ထုကို သီးခြား စဉ်းစားခဲ့ကြတာပါ။

General theory of Relativity
အမှုန်အမွှား ဒြပ်ထုတစ်ရပ် အလင်းအလျှင် နီးနီး ခရီးနှင်နေတာကို တိုင်းတာလိုက်တဲ့အခါ အိုင်းစတိုင်း တွတ်ချက်တာနဲ့ ကိုက်ညီ နေပါတော့တယ်။ စွမ်းအင်ဟာ ဒြပ်ထုနဲ့ ပုံသေ အလင်းအလျှင် နှစ်ထပ်ကိန်း မြှောက်ထားတာနဲ့ သွားညီနေပါတယ်။ အကယ်၍ ကြီးမားတဲ့ စွမ်းအင်ဟာ ဒြပ်ထုတစ်ရပ် ဖြစ်လာနိုင်တယ် ဆိုရင်၊ ဒြပ်ထုသေးသေးမွှားမွှားလေးမှာ တောင်မှ စွမ်းအင် ထုကြီးထည်ကြီး ထုတ်နိုင်ပေတော့တာပေါ့။ အိုင်းစတိုင်းဟာ သူရဲ့ နှိုင်းဆဓမ္မ အထူး သဘောတရား ( Relativility Theory )  ကိုလက်စသတ် နိုင်တာနဲ့ နှစ်ပတ် ကြာအောင် အိပ်တော့တာပါပဲ။ မော်လီကျူးနဲ့ အလင်းဆိုင်ရာ အံ့ဖွယ်စာတမ်း သုံးစောင်ကို ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ဇူးရစ် တက္ကသိုလ်မှ သူ့ကို ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။  ၁၉၀၉ ခုနှစ်မှာ မှတ်ပုံတင်ရုံးက အလုပ်ထွတ် ခဲ့ပါတယ်။ ဥရောပတစ်လွှား စာသင်နေပေမယ့် အိုင်းစတိုင်းဟာ နေရေးထိုင်းရေး ပိုဆိုးလာပါတယ်။ ဘာလင်မှာ တစ်ဝမ်းခွဲ ညီမ Elsa နဲ့တွေ့ပြီး၊ လာရောက်ပြုစု ပါတယ်။ Elsa က ရူပဗေဒကို စိတ်ဝင်စားတယ်။ ကဗျာ ဖတ်စရာတွေပေးတယ်။  နောက် နှစ်ယောက်သား ချစ်ကြိုးသွယ်ခဲ့ ကြပြီး၊ အိုင်းစတိုင်းရဲ့ အိမ်ထောင်ရေး တင်းမာခဲ့ပါတယ်။ နောက်ဆုံး ဘာလင်မှာ အလုပ်လက်ခံပြီး၊ မာလီဗာနဲ့ ကလေးတွေကို ပစ်ထားခဲ့ပါတယ်။ သူထင်တဲ့အတိုင်း နိုဘယ်လ်ဆု ရခဲ့ရင် ငွေအားလုံး မလီဘာကို ပေးမယ်လို့ သဘောတူခဲ့ကြပါတယ်။ 

၁၉၁၄ ခုနှစ်မှာ အိုင်းစတိုင်း ဂျာမနီကို ပြောင်းခဲ့တယ်။ ပထမကမ္ဘာစစ် ဖြစ်ခါနီး အဖွဲ့အစည်းတိုင်းလိုလိုက စစ်ကို ထောက်ခံ ခဲ့ကြပါတယ်။ အိုင်းစတိုင်းကတော့ စစ်ဆန့်ကျင်ရေး စာတမ်း တစ်စောင်ရေးပြီး၊ ဖြန့်ဝေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒ ပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့် ခံရပြီး၊ ရသမျှငွေ အားလုံးကို မလီဘာကို ပေးခဲ့ပါတယ်။ ၁၉၃၃ ခုနှစ် ဟစ်တလာ အာဏာရလာတဲ့  အချိန်မှာတော  အိုင်းစတိုင်းအတွတ် နေလို့ မဖြစ်တော့ပါဘူး။ ဒီလိုနဲ့ ပညာရပ် အသီးသီးရဲ့ ဦးဆောင် ဂျူးပါမောက္ခ ၁၆၀ အလုပ်ဖြုတ်ခံရပါတယ်။ အိုင်းစတိုင်းရဲ့ စုဆောင်းငွေကိုလည်း သိမ်းလိုက်ကြပါတယ်။ နာဇီတွေဟာ ခဏတဖြုတ်နဲ့ ပြီးသွားမှာပဲလို့၊ အိုင်းစတိုင်းက မယုံကြည်ပါဘူး။ ဒါကြောင့် အမေရိကန်နိုင်ငံက ပေးတဲ့ အလုပ်ကို လက်ခံလိုက်ပါတယ်။ ပရင်စတန် တက္ကသိုလ်မှာ အလုပ်လက်ခံလိုက်ပြီး၊ သိပ်မကြာခင်မှာပဲ သူ့ရုံးကို ဖုန်းလာပါတယ်။ အိုင်းစတိုင်း ဘယ်မှာနေသလဲလို့ စုံစမ်းတယ်။ အတွင်းရေမှုးမက ကျွန်မ မပြောနိုင်ပါဘူး။ ခုပြောနေတာ ဘယ်သူပါလဲလို့ ပြန်မေးပါတယ်။ တစ်ဖက်က ခုပြောနေတာ အိုင်းစတိုင်းပါ၊ လိပ်စာမေ့သွားလို့ပါတဲ့။

အိုင်းစတိုင်းဟာ ကမ္ဘာလှည့်ပြီး၊ သိပ္ပံနဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောတယ်။ ဒါပေမယ့် ဟောပြောခ မယူခဲ့ပါဘူး။ နောက်တော့သူ ငြိမ်းချမ်းရေးအပေါ် စိတ်ပြောင်း သွားခဲ့ပါတယ်။ နာဇီတွေကို လူ့ယဉ်ကျေးမှု့ကို ခြိမ်းခြောက်လို့၊ စစ်ပွဲ ဆင်နွဲသင့်တယ်လို့ သူဆုံးဖြတ် လိုက်ပါတယ်။ သူ့ သီအိုရီအတိုင်း အက်တမ် တစ်ခုရဲ့ စွမ်းအင်ကို ပေါက်ကွဲနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူနိုင်တယ် ဆိုတာကို သူသဘောပေါက်လိုက်တဲ့ အခါမှာ နာဇီတွေ အနျူမြူဗုံး လုပ်နိုင်မှာကို ထိတ်လန့်လာပါတော့တယ်။ ဒါနဲ့ အမေရိကန် သမ္မတ ရုဇ်ဘဲ့ ဆီကို စာရေးပါတယ်။ နောက်ဆုံး အမေရိကန်တွေက မန်ဟတ်တန် ( Manhattan ) စီမံကိန်းကို အကောင်ထည် ဖော်ခဲ့ပါတယ်။ အနျူမြူဗုံး တည်ဆောက်ဖို့ အမိန့်နဲ့အတူ၊ လော့စ်အလမော့စ် Los Alamos မှာ ၀င်းကြီး တစ်ဝင်းထဲ သိပ္ပံပညာရှင် ရာချီ ထည့်ထားလိုက်ပါတယ်။ စီမံကိန်း အကြောင်း အိုင်းစတိုင်းကို အသိမပေးခဲ့ပါဘူး။ နာဇီတွေက အနျူမြူဗုံး အရင်လက်ဦး တည်ဆောက်သွားမှာ စိုးရိမ်ခဲ့ပေမယ့် မနီးစပ်ခဲ့ပါဘူး။ အိုပင်ဟိုင်းမား အဖွဲ့က အောင်မြင်စွာ ဗုံးထုတ်လုပ် နိုင်ခဲ့ပါတယ်။

Second World War

ဒါပေမယ့် အလှည့်အပြောင်းလေး တစ်ခုက အခြားနိုင်ငံအပေါ် ဗုံးကျဲချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက် မနက် ၈ နာရီ ၁၅ မိနစ်မှာ အမေရိကန်လေယာဉ်မှုး တစ်ဦးက ဆယ်ပေအရှည်ရှိတဲ့ ဗုံးကို ပေနှစ်ထောင်အမြင့် ကနေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ကျဲချလိုက် ပါတော့တယ်။

Nuclear Bomb Explosion

နျူထရွန် အပိုဆောင်း တစ်ခုကနေ အက်တမ်တစ်ခုထဲက နျူးကလိယက်စ်ကို ကွဲစေတော့ တာပါပဲ။ ဒါကနေ အက်တမ်ကို ခွဲတဲ့ အစဉ်အဆက် တုံ့ပြန်မှု့ ဖြစ်စဉ်တစ်ရပ် ဖြစ်စေပါတယ်။ တခြား နျူးကလိယက်စ်တွေကို ကွဲစေပါတယ်။ အဲဒီအက်တမ်တွေ အစုလိုက် ပြိုကွဲသွားသော အခါ အလင်းအလျှင် နှစ်ထပ်ကိန်း စွမ်းအင်ဟာ ယူရေနီယမ်ထဲက ထွတ်လာပါတော့တယ်။ အိုင်းစတိုင်းပုံသေနည်း မှန်ကြောင်း ပြသလိုက်ပါတယ်။ လူပေါင်း တစ်သိန်းနီးပါး ချက်ခြင်း ပျောက်ကွယ် သွားပါတော့တယ်။

အိုင်းစတိုင်းကတော ဘာမှမသိပါဘူး။ ရေဒီယိုက လာတော့မှ သိပါတယ်။ သူ့ပုံသေနည်းကြောင့် အိုင်းစတိုင်းမှာလည်း တစိတ်တပိုင်း တာဝန် ရှိတယ်လို့ တစ်ချို့က ဆိုပါတယ်။ အဲဒီအချိန်ကဆလို့ ငြိမ်းချမ်းရေး လှုပ်ရှားမှု့ မြှင့်တင်ဖို့ သူလုပ်နိုင်တာ မှန်သမျှ လုပ်ပါတယ်။ အစ္စရေးနိုင်ငံက သူ့ကို ၁၉၅၂ ခုနှစ်မှာ သမ္မတရာထူး ကမ်းလှမ်းခဲ့ပါတယ်။ အိုင်းစတိုင်းကတော့ သမ္မတ အဖြစ်သူ့ကို လူကြိုက်များ လိမ့်မည် မဟုတ်ဟု ယူဆခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်ရောက်တော့ သူ့ ကျန်းမာရေး အလွန်ဆိုးရွား လာပါတော့တယ်။ သူသေတော့မယ်လို့ သိတဲ့အခါ ခွဲစိတ်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ တစ်ည သူအသက်ရူရ ခပ်လာပါတော့တယ်။ သူနာပြုက သူ့ကို ပြုစုတဲ့အခါ သူက ဂျာမန် လိုထစ်ထစ်ငေါ့ငေါ့ ပြောပါတယ်။ ဒါပေမယ့် ဘယ်သူမှ နားမလည်ကြပါဘူး။ အဲဒီနောက် သူကွယ်လွန်သွားပါတော့တယ်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine