ဓာတ်မှန်ရိုက်ခြင်း

| Saturday, October 23, 2010
ဗဟုသုတ အနေနဲ့ရော ဆေးပညာလောကမှာပါ အရေးပါတဲ့၊ ရင်းနှီးပြီးသား အကြောင်းအရာလေး ဆွေးနွေးခြင်ပါတယ်။ တခြားမဟုတ်ပါဘူး ဓာတ်မှန်ရိုက်ခြင်းပါပဲ။ လူတိုင်းနီးပါး ဓာတ်မှန်ရိုက်ဖူး ကြပါတယ်။ လုံခြုံရေး အထူးတာဝန် ယူထားရသော နေရာများတွင် လက်နက်များ နှင့် ဖောက်ခွဲရေး ပစ္စည်းများ လှို့ဝှက်သယ်ဆောင်လာမှု့၊ ကိုယ်တွင်းအင်္ဂါများ ကြည့်ရှု့ရာတွင်လည်းကောင်း၊ အရိုးကျိုးခြင်း၊ စသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အချက်အလက်များကို X-ray ရောင်ခြည် အကူအညီ ဖြင့်သိနိုင်သည်။ X-ray ရောင်ခြည်သည် အိုင်းယွန်း ဖြစ်စေသော ( Ionizing Radiation ) ရောင်ခြည် အမျိုးအစား ဖြစ်သဖြင့် ကျန်းမာရေး ထိခိုက်နိုင်သည်။ ထို့ကြောင့် တတ်ကျွမ်းသော ဆရာဝန်များ၏ လမ်းညွန်ချက်ဖြင့်သာ ရိုက်ကူးသင့်သည်။


 









 X-ray ရောင်ခြည်သည် Electromagnetic Radiation ဖြစ်သည်။ လှိုင်းအလျား ( Wavelength ) 0.01 မှ 10 nm ( nanometer ) ကြား၊ ကြိမ်နှုန်း ( Frequency ) 3×10^16 မှ 3×10^19 Hz ( hertz )၊ နှင့် စွမ်းအင် ( Energy ) 120 eV - 120 keV ( Electron Volt )ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် ( Ultraviolet ) ထက် လှိုင်းအလျား တိုပြီး၊ ဂမ်မာ ( Gamma Ray ) ထက် လှိုင်းအလျား ရှည်သည်။ လှိုင်းအလျား တိုလေလေ စွမ်းအင် များလေလေ ဖြစ်သည်။ X-ray ရောင်ခြည်ကို တွေ့ရှိခဲ့သော  သိပ္ပံပညာရှင်အား ဂုဏ်ပြုသော အားဖြင့် Röntgen radiation ဟုလည်းသုံးနှုန်းသည်။


Wilhelm Conrad Röntgen ( 1845 - 1923 )



ဂျာမန် ရူပဗေဒညာရှင် Wilhelm Conrad Röntgen က X-ray ရောင်ခြည်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိမှု့ အတွတ် Wilhelm Conrad Röntgen သည် ၁၉၀၁ - ခုနှစ်တွင် ရူပဗေဒ ပညာရပ်ဆိုင်ရာ ပထမဦးဆုံး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံရသည်။








X-ray ရောင်ခြည်၏ အလုပ်လုပ်ပုံနှင့်၊ အကြောင်းအရာများ ဖော်ပြလိုက်ပါတယ်။


နျူကလိယက်စ်၏ အနီးဆုံးပတ်လမ်း K-Shell မှ Electron ကို အက်တမ်မှ လွတ်ထွတ်သွားအောင် အမှုန်တစ်ခုနှင့် ရိုက်ခတ်လိုက်သောအခါ လွတ်ထွတ်သွားသော Electron နေရာသို့ စွမ်းအင် မြင့်လမ်းကြောင်း L-Shell မှ Electron သည် ခုန်ဆင်းလာကာ K-Shell တွင်နေရန် ပိုလျှံနေသော ၄င်း၏ စွမ်းအင်များကို ရောင်ခြည်အဖြစ် ပြန်လည် ထုတ်လွှတ်သည်။ ၄င်း ရောင်ခြည်သည် X-ray ဖြစ်သည်။

 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine