နိုင်ငံတကာ ဓာတုဗေဒ ပညာနှစ် ( 2011 )

0
| Wednesday, June 22, 2011
 
၂၀၁၁ ခုနှစ်ကို နိုင်ငံတကာ ဓာတုဗေဒ ပညာရပ်နှစ် International year of Chemistry ဟုယူနက်စကိုအဖွဲ့ ကြီးက သတ်မှတ်ထား ရှိသည်။  ၂၀၀၉ ခုနှစ်ကို အာကာသသိပ္ပံ ပညာနှစ် International year of Astronomy၊ ၂၀၁၀ ကို ဇီဝမျိုးနွယ်စုများနှစ် International year of Biodiversity စသည်ဖြင့် သဘာဝသိပ္ပံနှစ်များကို ABC အင်္ဂလိပ်အက္ခရာ အစဉ်အလိုက် သတ်မှတ် ထားရှိခဲ့ခြင်း ဖြစ်သည်။

New Clear Energy မဟုတ်ပါ။

0
| Sunday, June 19, 2011

နျူကလီယားစွမ်းအင်သည် သဘာဝစွမ်းအင် မဟုတ်သော တခြားလောင်စာ စွမ်းအင်များနှင့် ယှဉ်လျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှု အနဲပါးဆုံး စွမ်းအင် ဖြစ်သော်လည်း၊ နျူကလီယား စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကို လွန်စွာထိန်းချုပ် ကန့်သတ်ေ နကြပါတယ်။ အကြောင်းကတော့ နျူကလီယားစွမ်းအင် ထုတ်ယူတာ၊ သုံးစွဲတာအပြင် နျူကလီယား စွန့်ပစ်ပစ္စည်းတွေ သိမ်းဆည်းဖို့ကအစ အန္တရာယ်ကြီးပါတယ်။ ထို့ထက်ဆိုးတာက နျူကလီယားစွမ်းအင်နဲ့ လူသားအကျိုးပြု လျှပ်စစ်ဓာတ်ထုတ်ရန် သာမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်အဆင့်ထိ ထုတ်ယူနိုင်တာကြောင့်ပါ။  

နျူကလီးယား ဘတ္ထရီ

0
| Saturday, June 18, 2011
 ၁၉၅၀ ပြည့်နှစ် နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ထွန်းကားလာသည့် အချိန်မှ စတင်ကာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးစားခဲ့ ကြသည်။ နျူကလီးယားစွမ်းအင် ကာများ၊ လေယာဉ်များ၊ အအေးပေးစက်များနှင့် ရေခဲသေတ္တာများ အထိပါ ထုတ်လုပ်ရန် မျှော်မှန်းခဲ့သည်။



ခြားနားပုံက

2
| Monday, June 13, 2011

ကမ္ဘာလှည့် ခရီးသွားလေ့လာရေးအဖွဲ့ ပုဂံရှေးဟောင်းမြို့သို့ အလည်အပတ် ရောက်ရှိလာသည်။ တိုးဂိုက် မောင်လှဖေက ဘုရားသမိုင်းကြောင်း စီကာပတ်ကုံး ပြောပြနေစဉ်၊ ပါမောက္ခ တစ်ယောက်က မောင်လှဖေကို မေးသည်။



 

ဒြပ်စင်သစ်နှစ်မျိုး အက်တမ်ဇယားတွင်း ထည့်သွင်းရန်စီစဉ်။

0
| Sunday, June 12, 2011
အမေရိကန်နှင့် ရုရှားသိပ္ပံပညာရှင်များ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ပြီး၊ ရှာဖွေတွေ့ ရှိခဲ့သည့် ဒြပ်စင်အသစ် ၂-မျိုးကို ဒြပ်စင်ဇယားအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း၊ အမေရိကန် ထိပ်တန်း ဓာတုပညာရှင် တစ်ယောက်က ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် Copernicium ကို ထည့်သွင်းခဲ့ပြီး၊ နောက်ပိုင်း အသစ်ထပ်မံ ထည့်သွင်းကြခြင်းဖြစ်သည်။ 

စာမေးပွဲနဲ့ စိုးရိမ်စိတ်

0
| Monday, April 4, 2011
ကျောင်းသူကျောင်းသား တော်တော်များများ စာမေးပွဲမဖြေခင် စိုးရိမ်ထိတ်လန့်မှု့တွေ ဖြစ်တတ်ကြပါတယ်။ တစ်ချို့ကတော့ စိုးရိမ်လွန်ပြီး၊ ခြေမကိုင်မိ လက်မကိုင်မိထိ ဖြစ်သွားတတ်ကြပါတယ်။ ဒီအခါ မိမိ သိထားပြီးသာ အရာတွေတောင် မေ့သွားပြီး၊ စာမေးပွဲမှာ မဖြေနိုင် ဖြစ်တတ်ကြပါတယ်။ တချို့လဲ စာမေးပွဲမှာ ခြစ်ချ၊ ဖြတ်ချပြီး၊ နောက်တစ်နှစ် ပြန်ဖြေကြပါတယ်။ တချို့လည်း မျက်ရည်ကျတဲ့ထိ ၀မ်းနည်းပူဆွေး ရတာကို ကြုံရဖူးမှာပါ။ 

ဦးနှောက် ပျက်ဆီးစေတဲ့ အချက် ၁၀-ချက်

0
|

ဓာတုဓာတ်ပြုခြင်း အမျိုးအစားများ

0
|

What Are Types of Chemical Reactions?

 

အောက်စီဂျင်ဓာတ်ငွေ့ ထုတ်ဖော်ပုံ

0
|
ဟိုက်ဒြိုဂျင် ပါအောက်ဆိုဒ် အသုံးပြုပြီး အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်ဖော်ပုံ ဗီဒီယိုဖိုင်လေးပါ။

Chemistry Dictionary

0
|
ဓာတုဗေဒ ဘာသာရပ်နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ ဆော့ဝဲလေးပါ။

ရေဒီယိုသတ္တိကြွမှု့နှင့် သိမှတ်စရာများ

0
| Friday, April 1, 2011
စာဖတ်ပရိတ်သတ်တွေအတွတ် ဗဟုသုတရစေမယ့် ရေဒီယိုသတ္တိကြွမှု့နှင့် သိမှတ်စရာများ အကြောင်းကို နေ့သစ်ဝက်ဆိုက် ကနေ ဖတ်လိုက်ရလို့ ပြန်ပြီး ဖောက်သည် ချလိုက်ပါတယ်။ 


ဒီလင့်ကနေ "ပုံကိုနှိပ်လိုက်ပါ" ဆိုတဲ့ နေရာကို နှိပ်ပြီး၊ PDF ဖိုင်ကို ဒေါင်းပြီး ဖတ်ရှု့နိုင်ပါတယ်။

ဓာတ်ခွဲခန်းနဲ့ ကျွန်တော် - ၁

0
| Sunday, March 27, 2011

ဓာတုဓာတ်ခွဲခန်း လုံခြုံစိတ်ချရဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းများသည် အရေးကြီးပြီး၊ ကျောင်းသားများနှင့် သပ္ပံပညာရှင်များ အန္တာရာယ်ဖြစ်ခြင်းမှ ကာကွယ်ပါတယ်။

မင်းကရေတွေပါလို့ ပြောနေပေမယ့်၊ ဖန်ထည်ပစ္စည်းတွေ ဘယ်လောက် သန့်တယ်ထင်ထင် ဓာတ်ခွဲခန်းသုံး Pipette ကိုဘယ်သောအခါမှ ပါးစပ်နှင့် မစုပ်ပါနဲ့။ Pipette bulb  ဒါမှမဟုတ် Automted pipetter ကိုအသုံးပြုနိုင်ပါတယ်။

ဓာတ်သတ္တိကြွရေ ကျိုချက် သောက်ခြင်း

3
| Friday, March 25, 2011
သန့်ရှင်းသောရေ ( pH=7 ) ကို သဘာဝ အတိုင်း မရရှိနိုင်။ သဘာဝရေတွင် မိုးရေသည် အသန့်ရှင်းဆုံး ဖြစ်သော်လည်း၊ လေထုအတွင်း စက်ရုံ အလုပ်ရုံများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များမှ ထွတ်ရှိသော ကာဗွန်ဒိုင် အောက်ဆိုက်၊ ဆာဖာဒိုင် အောက်ဆိုက်၊ နိုက်ထထြိုဂျင် အောက်ဆိုက် စသည့် ဓာတ်ငွေ့များကို ဖြတ်သန်းလာသော မိုးရေသည်လည်း အက်စစ်မိုး အဖြစ် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။

ကောင်းလား ဆိုးလား နျူစွမ်းအား ?

2
| Thursday, March 24, 2011

မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ လို့ဆိုပါတယ်။ မိတ်ဆွေ ဖြစ်နေပေမယ့် လောင်ကျွမ်းတတ်တဲ့ သဘော ကတော့ ပျောက်ကွယ် မသွားပါဘူး။ နျူစွမ်းအင်က နိုင်ငံတိုင်း လိုအပ်လျှက်ရှိသော၊ ပေါင်းဖော်နေသော မဟာ မိတ်ဆွေကြီး ဖြစ်သလို၊ နောင်တစ်ကမ္ဘာလုံး ပျက်ဆီး သွားစေနိုင်သော မဟာ ရန်သူတော်ကြီး ဖြစ်လာနိုင်ပါတယ်။ 

မတူကွဲပြား၊ ဓာတ်ပေါင်းဖို ဒီဇိုင်းများ။

1
| Tuesday, March 22, 2011
A Pressurised Water Reactor ( PWR )

A Pressurised Heavy Water Reactor ( PHWR )

A Light Water Graphite-Moderated Reactor ( LWGR )
A Boiling Water Reactor ( BWR)

An Advanced Gas-Cooled Reactor ( AGR )

ဓာတ်ရောင်ခြည်ပမာဏ

1
| Monday, March 21, 2011
ဓါတ်ရောင်ခြည်သင့် ပမာဏကို ဇီးဗက် ( sievert ) လို့ခေါ်တဲ့ ယူနစ်နဲ့ တိုင်းတာပါတယ်။ 1 sievert ဟာ 1,000 millisieverts (mSv) ဖြစ်ပြီး 1 mSv မှာ 1,000 microsieverts ရှိပါတယ်။

မှတ်ဥာဏ်ထက်သန်စေနည်း

0
| Sunday, March 20, 2011
စာကားလုံး အသုံးအနှုန်းတစ်ခုခု ဒါမှမဟုတ် နာမည် ပြောခါနီး ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား ? ဦးနှောက် တစ်သျှူးတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဦးနှောက် ပျက်စီးလွယ်ပါတယ်။ အောက်ဖော်ပြပါ အချက်များက သင့်မှတ်ဥာဏ် ကောင်းမွန်စေမှာပါ။

ရေနံ

3
| Saturday, March 19, 2011
လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ အထက်မှ စတင်ဖြစ်ပေါ်ခဲ့သော ရေနံသည် အဓိကကျသော သဘာဝ အရင်းအမြစ် တစ်ခု ဖြစ်သည်။ သမိုင်းမတင်မီ ခေတ်ကာလမှ ရေနေသတ္တ၀ါများ သေကြေပြီး၊ ရွံ့ညွန်များ အထက်ထက် ဖုံးလွှမ်းသွားသည်။ နောင်နှစ်သန်းပေါင်းများစွာ ကြာမြင့်လာသောအခါ မြင့်မားသော အပူချိန်၊ ဖိအားနှင့် ဘက်တီးရီးယားများ၏ ပြုပြင်ပြောင်းလဲမှု့များကြောင့် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ အဖြစ် ပြောင်းလဲသွားသည်။

Thin Layer Chromatography

2
| Wednesday, March 16, 2011
Thin Layer Chromatography (TLC) နည်းသည် Paper Chromatography (PC) တွင်အသုံးပြုသော Stationary Phase အဖြစ် စက္ကူအစား ပါးလွှာသော Silica gel သို့မဟုတ် Alumina ကို coating လုပ်ထားသော သတ္တုပြား အသုံးပြုခြင်း ဖြစ်သည်။ TLC နည်းသည် PC နည်းထက် Resolution ပိုကောင်းပြီင်္း၊ ဒြပ်နှောများ ခွဲခြားရာတွင်လည်း ပိုမြန်သည်။ 

Thin Layer Chromatography

Chromatography

0
| Tuesday, March 15, 2011
Chromatography ဟူသော ဝေါဟာရသည် ဂရိဘာသာစကား (Chroma=Color, graphen=To Write) မှဆင်းသက်လာပြီး၊ ဒြပ်နှောများမှ ပါဝင်ပစ္စည်း ( Components ) များကို ခွဲခြားသတ်မှတ်ရန် ဓာတ်ခွဲခန်းများတွင် အသုံးပြုသော နည်းစဉ်ဖြစ်သည်။ Chromatography နည်းစဉ်တွင် ဒြပ်နှောကို သင့်လျှော်သော Solvent နှင့်ဖြတ်သန်းစီးဆင်း စေသောအခါ မော်လီကျူးအလေးဆ များမတူညီသော ပါဝင်ပစ္စည်းများသည် မတူညီသောနှုန်းများနှင့် ရွှေ့လျှားသွားသည်။ ရွေ့လျှားသွားသော ပါဝင်ပစ္စည်း၏ အကွာအဝေးကို ဖျော်ရည် ဖြတ်သန်းသွားသော အကွာအဝေးနှင့် စားလျှင် Retention factor ( Rf ) ရရှိသည်။ Rf တန်ဖိုးသည် အမျိုးအမည်မသိသော ဒြပ်ပေါင်းများကို သတ်မှတ်ရန် စံအဖြစ်ထားသော တန်ဖိုးဖြစ်သည်။


ဆက်လုပ်ပါ

0
| Monday, March 14, 2011
ရထားတစ်စင်းပေါ်တွင် အရွယ်ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦးက ကလေးငယ်ကို ထမင်းကျွေးနေသည်။


"သား...ပါးစပ်ဟ၊ မန်မန် စားလိုက်နော်"


ကလေးက ခေါင်းခါပြသည်။


"သားက လိမ္မာပါတယ်။ စားလိုက်နော်၊ မစားရင် ဒီဦးလေးကြီးကိုကျွေးလိုက်မှာ"


ဒီတော့မှ ကလေးက စားတယ်။ ထမင်းကျွေးပြီး တအောင့်လောက်ကြာတော့ ကလေးကို နို့တိုက်ဖို့ ကြိုးစားပြန်တယ်။

အချိန်

0
| Saturday, March 12, 2011
လက်ထပ်ခွင့်တောင်းချိန်
အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီး စောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?

မယ်လမင်း

3
|
မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မယ်လမင်းသည် ဖော်မယ်လ်ဒီဟိုက်နှင့် ဓာတ်ပြုလိုက်သောအခါ Melamine Resin ရရှိပြီး၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်များတွင် သုတ်လိမ်း လိုက်သောအခါ အလွယ်တကူ ပျက်စီးနိုင်ခြင်း မရှိသော လှပသေသပ်ပြီး ပေါ့ပါးခိုင်ခန့်တဲ့ အသုံးအဆောင်များ ရရှိလာသည်။ မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသည်။ ပရိုတိန်းဓာတ်သည် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်သည် ဆိုးကျိုးသာ ဖြစ်စေသည်။ မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက ပြန်မထွက်နိုင်တော့ဘဲ ကြာသောအခါ အဆိပ်ဖြစ်စေသည်။

အကြောင်းရင်း

0
| Friday, March 4, 2011
ရထားလက်မှတ်စစ်သည် တွဲပေါ်တက်လာပြီး လက်မှတ်များ လိုက်လံ စစ်ဆေးသည်။ လက်မှတ်မဲ့ စီးသူများအတွက် ဒဏ်ငွေမှာ ၅၀၀၀ ကျပ် ဖြစ်သည်။

အင်္ကျီလက်ပြတ် ၀တ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေခဲ့သည်။

နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။

အက်တမ်အရွယ်အစား

0
| Wednesday, March 2, 2011

အက်တမ်သည် ပရိုတွန်၊ နျူထရွန်နှင့် အီလက်ထရွန်များဖြင့် ဖွဲ့စည်းထားသည်။ ( ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန် ရှာနည်းကြည့်ရန်။ ) အက်တမ်အမှတ်စဉ် ကြီးလာသည်နှင့် နျူကလီယွန်များ ဖြစ်သည့် ပရိုတွန်၊ နျူထရွန် အရေအတွတ်များလာသကဲ့သို့၊ နျူကလိယက်စ်ကို လှည့်ပတ်နေသော အီလက်ထရွန်များ များပြားလာပြီး အက်တမ်၏ အရွယ်အစားမှာလည်း ကြီးမားလာသည်။ အက်တမ်အလှည့်ကျ ဇယားတွင် Group ( တိုင် ) ၈ ခုနှင့် Period ( တန်း ) ၇ ခုတွင် ဒြပ်စင်များကို စနစ်တကျ စီစဉ်ထားသည်။ 

သိပ်အရသာရှိတာဗျ

0
| Tuesday, March 1, 2011
ရထားပေါ်တွင် ဖြစ်သည်။ ကက်သလစ် ဘုန်းကြီးနှင့် ဂျူးဘာသာရေး တရားဟော ဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။ ကက်သလစ် ဘုန်းကြီးက ဂျူးဘာသာရေး တရားဟော ဆရာကို ပြောသည်။


"ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား"


"ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်"


"အင်း... ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ"

အက်တမ်အလေးဆ

0
| Sunday, February 27, 2011
ဟိုက်ဒြိုဂျင် စကေး
John Dalton
John Dalton က အက်တမ်တစ်ခု၏ အက်တမ်အလေးဆ သည် ယင်းအက်တမ်၏ အလေးချိန်ကို ဟိုက်ဒြိုဂျင် အက်တမ်တစ်ခု၏ အလေးချိန်နှင့် စား၍ရသော ကိန်းဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ ဒြပ်စင်တစ်ခု၏ အလေးဆ ဆိုသည်မှာ ယင်းအက်တမ်၏ အလေးချိန်သည် ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အလေးချိန်နှင့် နှိုင်းယှဉ်လျှင် မည်မျှရှိကြောင်း သိနိုင်သည်။ ထို့ကြောင့် ဟိုက်ဒြိုဂျင် အက်တမ်တစ်ခု၏ အလေးချိန်ကို အက်တမ်အလေးဆ ယူနစ်အဖြစ် သတ်မှတ်သည်။ ဤသို့သတ်မှတ်ရာတွင် Dalton သည် ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အလေးချိန်ကို 1 a.m.u ( atomic mass unit ) အဖြစ်စံယူခဲ့သည်။

Malware ကင်းရှင်းကြောင်း

0
| Saturday, February 26, 2011

ရှေ့ပြောနောက်ကြည့်

0
|
"ဘာလို့ အလုပ်က ထွက်လာတာလဲ"

"သူဌေးက အပြောအဆိုမတတ်လို့ပါ"

"ဟေ... ဘယ်လိုပြောလို့လဲ"

"ကျွန်မကို သိပ်လှတာပဲတဲ့"

မိုး အယူအဆ

0
| Friday, February 25, 2011
ကျွန်တော်တို့ လူသားများ နေ့စဉ် လုပ်ငန်းဆောင်တာများတွင် လုပ်ငန်းများ လွယ်ကူအဆင်ပြေစေရန် အခြေခံယူနစ်များ သတ်မှတ် သုံးစွဲကြသည်။ လက်လီ၊ လက်ကား အရောင်းဆိုင် တစ်ဆိုင်တွင် စာအုပ်ဝယ်ပါက သင့်ကို ဘယ်နှဒါဇင်ယူမလဲ ဟုသာမေးပေလိမ့်မည်။ ထိုအခါ သင်အလိုရှိသလောက် ငါးအုပ်၊ တစ်ဒါဇင်၊ သုံးဒါဇင် စသည်ဖြင့် ပြောသောအခါ အရောင်းစာရေးက တစ်ဒါဇင်ဈေးနှုန်းမှ သင်ဝယ်သော ပစ္စည်းအရေအတွတ်ဈေးကို ပြောပေလိမ့်မည်။ ဆိုလိုသည်မှာ အရောင်းစာရေးသည် တစ်ဒါဇင်ဈေးနှုန်းသာ မှတ်သားထားသည်။ စာအုပ်တစ်ဒါဇင်ဈေးနှုန်း ၁၂၀၀ ကျပ်ဖြစ်ပါက၊ စာအုပ် ငါးအုပ်လျှင် ၅၀၀ ကျပ်၊ သုံးဒါဇင်သည် ၃၆၀၀ကျပ် ဖြစ်ပေလိမ့်မည်။ 

မာစတာ Key

0
|
သူငယ်ချင်းတစ်သိုက် စကားလက်ဆုံကျ နေကျသည်။ ငါတို့ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့
****ယောက်ျားကောင်း မောင်းမတစ်ထောင်**** လို့ဆိုတယ်။ မိန်းခလေးတွေ ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ မိန်းခလေးတွေ အပေါ်မတရားဘူး ထင်တယ်ကွ။ 

အနျူမြူ စည်းနှောင်စွမ်းအင်

0
| Thursday, February 24, 2011
နျူကလီးယားသည် ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန်တို့ဖြင့် ဖွဲ့စည်းထားသော အက်တမ်၏ အတွင်းပိုင်း နျူကလိယက်စ်ကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ အက်တမ်၏ နျူကလိယက်စ်တွင် နျူကလီယွန် ( Nucleons ) များ ဖြစ်သည့် လျှပ်စစ်ဓာတ်မရှိသော နျူထရွန်နှင့် လျှပ်စစ်ဓာတ်ဖိုသတ္တိဆောင် ပရိုတွန်များ စုဝေးနေပြီး၊ ဓာတ်မဆောင် အီလက်ထရွန်များက လှည့်ပတ်နေကြသည်။ တူညီသော လျှပ်စစ်ဆောင် မှုန်များ တွန်းကန်ပြီး၊ မတူညီသော လျှပ်စစ်ဆောင်အမှုန်များ ဆွဲငင်သော လျှပ်စစ်သီအိုရီအရ နျူကလိယက်စ် အတွင်းရှိ ဓာတ်ဖိုဆောင်သော ပရိုတွန် အမှုန်များသည်လည်း အချင်းချင်းတွန်းကန်နေကြသည်။ သို့သော် အဘယ်ကြောင့် နျူကလိယက်စ်အတွင်း ပရိုတွန်များ စုဝေးနေနိုင်ကြသနည်း ? 

ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန် ရှာနည်း

0
| Wednesday, February 23, 2011
အက်တမ်သည် လျှပ်စစ်ဓာတ်ဖိုဆောင် ပရိုတွန်၊ လျှပ်စစ်ဓာတ်မဲ့ နျူထရွန်နှင့် လျှပ်စစ်ဓာတ်မဆောင် အီလက်ထရွန်များဖြင့် ဖွဲ့စည်းထားသည်။ နျူကလီယွန်များ ဖြစ်သည့် ပရိုတွန်နှင့် နျူထရွန်များသည် နျူကလိယက်စ်တွင်း စုဝေးနေပြီး၊ အီလက်ထရွန်များက လှည့်ပတ်နေကြသည်။ လူတိုင်းနာမည် ရှိသကဲ့သို့ အက်တမ်တိုင်း အက်တမ်အမှတ်စဉ်နှင့် အမည်ကိုယ်စီ ရှိကြသည်။ အက်တမ်အမှတ်စဉ် ( Atomic number ) သိလျှင် အက်တမ်အမည်ကို သိရှိနိုင်သည်။


အသားဓာတ်

0
|
ဒီတစ်ခါ ကျွန်တော်တို့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေမှာ တစ်ခန်းကဏ္ဌ ကပါဝင်တဲ့ ပရိုတန်းခေါ် အသားဓာတ် အကြောင်းလေးပါ။ ခန္ဓာတည်ဆောက်မှု့အတွတ် အဓိက လိုအပ်သော အသားဓာတ်ကို ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ငါး၊ ဥများ၊ အသည်း၊ နို့ စသည်စားသုံးခြင်းဖြင့် ရရှိသည်။ ယခုအခါ ရဟန်းရှင် လူအချို့တို့သည် အကြောင်းအမျိုးမျိုးဖြင့် သက်သတ်လွတ်စားသုံးနေကြသည်။ ဆေးပညာရှင်များ အပါအ၀င် လူတော်တော်များများ သက်သတ်လွတ်စားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိမြင်လာကြပြီဖြစ်သည်။ ဥပုသ်သီတင်းသီလ စောင့်ထိန်းသူများသည် သက်သတ်လွတ်စားသုံးလေ့ရှိကြ၏။ အချို့မှာ ဥပုသ်မစောင့်စေကာမူ မိမိတို့ ယုံကြည်မှုအရ အခါအားလျော်စွာ သို့မဟုတ် အစဉ်အမြဲ သက်သတ်လွတ်စား နေကြသူများ လည်းရှိ၏။ အချို့ကလည်း မိမိကျန်းမာရေးအတွက် အသားငါး ကိုရှောင်ပြီး သက်သတ်လွတ်စားလေ့ရှိကြပါသည်။ 

ဗီတာမင် - E

0
| Tuesday, February 22, 2011
ဗီတာမင်တွေကို အဆီတွင်ပျော်ဝင်ခြင်းနဲ့ ရေတွင်ပျော်ဝင်ခြင်း ဆိုပြီး၊ နှစ်မျိုးခွဲရာ ဗီတာမင် A၊ D၊ E သည် အဆီတွင် ပျော်ဝင်သည်။ ဗီတာမင် - E သည် ဆီထုတ်ယူနိုင်သော နေကြာစေ့၊ မြေပဲ၊ သံလွင်ဆီနှင့် သင်္ဘောသီး၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပုပ်စေ့ စသည် စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ ဗီတာမင် - E နည်းတဲ့ရောဂါဆိုတာ ရှားပါတယ်။ အဆီကို စုပ်ယူနိုင်စွမ်းမရှိတဲ့ အခြေအနေ၊ မွေးဖွားစဉ် ကိုယ်အလေးချိန် မပြည့်ခဲ့ခြင်း၊ အူတွင်ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။ ဗီတာမင်မှန်သမျှ မရှိမဖြစ်လိုပေမဲ့ သာမန်လူသားတစ်ယောက် စားသုံးနေသော နေ့စဉ်အစားစာများတွင် လုံလောက်စွာ ပါဝင်ပါတယ်။ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင် - E များရင်လည်း မကောင်းပါဘူး။ ဆေးပညာအရ တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။

နာနို

1
| Monday, February 21, 2011
နာနိုနည်းပညာတွင် သိပ္ပံပညာရှင်များက အက်တမ်များ၏ တည်ဆောက်ထားပုံ အနေအထားကို မိမိတို့ အလိုရှိသလို စိတ်ကြိုက် ရွှေ့ပြောင်း နေရာချထားကာ လူသားများ အလိုရှိသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင် ပစ္စည်းများကို ဖန်တီးရယူမည် ဖြစ်သည်။ နာနို (Nano) သည် ဂရိဘာသာစကား နာနပ် (Nanus) မှ ဆင်းသက်လာပြီး၊ လူပုလေးဟု အဓိပ္ပာယ် ရသည်။ ယနေ့ခေတ် နာနိုနည်းပညာ ( Nanotechnology ) နဲ့ပတ်သက်တဲ့ နေရာတွေမှာ သုံးစွဲ လာကြပါတယ်။ Apple နှင့် Tata လို ကုမ္ပဏီကြီး တွေကလည်း သူတို့ရဲ့ ပစ္စည်းတွေကို အသေးငယ်ဆုံးနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတာကို ဖော်ပြချင်တဲ့ အတွက် နာနိုလို့ ပေးတတ်ကြပါတယ်။ နာနိုအရွယ်အစားပမာဏထိ သေးငယ်သွားတဲ့ အရာဝတ္ထုတွေမှာ ထူးခြားတဲ့ ဂုဏ်သတ္တိ ပေါ်ထွက်လာပါတယ်။ နာနိုနည်းပညာသည် ရုပ်ဝတ္တုပစ္စည်းများအား ပို၍သေးငယ်သွားစေရန်၊ အနုစိပ်သွားစေရန် ချဉ်းကပ်ဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နာနိုစကေး အရွယ်အစား ဖြစ်သည့် မော်လီကျူးများ၊ အက်တမ်များအား မိမိတို့အလိုရှိရာ ဂုဏ်သတ္တိနှင့် အသုံးချနိုင်မှု တန်ဖိုးများ ရရှိလာစေရန် စီစဉ်နေရာချ တည်ဆောက်ခြင်း ဖြစ်သည်။ 

အနျူမြူ စွမ်းအင်

0
| Friday, February 18, 2011
နျူကလီးယားစွမ်းအင်သည် တခြားသဘာဝလောင်စာ မဟုတ်သော စွမ်းအင်များနှင့် ယှဉ်လျှင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု့ အနည်းဆုံး လောင်စာဖြစ်သည်။ သို့သော် နျူကလီးယား ဓာတ်ပေါင်းဖိုများမှ ထွတ်ရှိသော စွန့်ပစ်ပစ္စည်းများကို သိမ်းဆည်းရန် ခက်ခဲသည်။ နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းဖြင့် လူသားအကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်သလို၊ ရေငုတ်သင်္ဘောများ မောင်းနှင်ခြင်းနှင့်၊ ဒုံးပျံလွှတ်ခြင်း အစရှိသည့် အဆင့်မြင့်နည်းပညာရပ်များ တွင်သာမက လူအစုလိုက်အပြုံလိုက် သေကြေစေတဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရာတွင်လည်း အသုံးဝင်သည်။ 
 

မှောင်တယ်နော်

2
| Monday, February 14, 2011
အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက် သူ့ယောက်ျားအလုပ်သွားချိန်မှာ တခြား အမျိုးသားတစ်ယောက်နဲ့  အချိန်းအဆက် လုပ်နေပါတယ်။ တစ်နေ့  သူတို့ နှစ်ယောက်သား အိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၉နှစ်သားဟာ သူတို့ ကို တွေ့ သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။ သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ့ချစ်သူကို သူ့ သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့သားရှိတာကိုလဲ မသိဘူးပေါ့။ ဒီလူဝင်လာတော့ ကောင်လေးကစပြီး

"ဒီအထဲမှာ မှောင်တယ်ဗျနော်..."

နာနတ်သီး

0
| Thursday, February 10, 2011
နာနတ်သီးကို လူတိုင်းနှစ်ခြိုက်စွာ သုံးဆောင်ကြသည်။ နာနတ်သီးတွင် ဗီတာမင်-B6 ၊ ဗီတာမင်-စီ၊ မဂ္ဂနီးစ်နှင့် ကောပါးဓာတ်ဆားများ ပါဝင်သည်။ ထို့ပြင် အစာကြေလွယ်သော အင်ဇိုင်းများနှင့် အရောင်ကျစေလွယ်သော ဘရိုမီလိန်း ( Bromelein ) ဓာတ်တို့ပါဝင်သည်။ အဆစ်အမျက်ရောင် ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင်၊ ထိပ်ကပ်နာ ရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပြီး၊ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။

အာကာသ ဟိုတယ်

0
| Friday, February 4, 2011
ကမ္ဘာ့ပထမဆုံး အာကာသဟိုတယ် တည်ဆောက်ခွင့်ကို ရုရှားအာကာသအဖွဲ့ Energia က ရရှိထားပြီး မော်စကို အခြေစိုက် Orbital Technologies ကုမ္ပဏီမှ တည်ဆောက်သွားမည် ဖြစ်ပြီး ပထမဆုံး ဧည့်သည်များကို ၂၀၁၆ ခုနှစ်တွင် စတင်လက်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ကမ္ဘာကို ပတ်နေမည့် အဆိုပါ အာကသ ဟိုတယ်တွင် တစ်ကြိမ်လျှင် အနည်းဆုံး ခရီးသည် ၇ ဦး တည်းခို လိုက်ပါနိုင်မည် ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူမျိုး အမျိုးမျိုးတို့၏ အကောင်းဆုံးဟင်းလျာများကို အထူးကောင်းမွန်စွာ ဧည့်ခံတည်ခင်းနိုင်ရန် နာမည်ကျော် စားဖိုမှုးများလည်း ခန့်အပ်ထားမည်ဟု သိရသည်။

စိတ်ကူးယဉ်

0
|
စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်း အမျိုးသမီးအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ။


ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်။


လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ အကြောင်းအရာက " ယောင်္ကျားတွေဟာ မိန်းမ တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ " ဆိုတဲ့ အကြောင်းပါ။

Chemdigit

0
| Monday, January 31, 2011
အက်တမ် အလှည့်ကျဇယား၊ ပျော်ဝင်သတ္တိ၊ တိုက်ထရေးရှင်း၊ pH စတဲ့ ဓာတ်ခွဲဓာတုဗေဒ ဆိုင်ရာ အသုံးဝင်တဲ့ ဆော့ဝဲလေးပါ။ အက်စစ် - ဗေ့စ် တိုက်ထရေးရှင်းကို ဓာတ်ခွဲခန်းမှာ လုပ်စရာမလိုပဲ မိမိကွန်ပြူတာမှာ အဆင်ပြေ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မယ့် ဆော့ဝဲလေးပါ။


ဒီမှာဒေါင်းပါ။

ငွေ

0
| Tuesday, January 25, 2011

ငွေဖြင့် စားစရာဝယ်၍ရနိုင်သည်။ သို့သော် အရသာကို ၀ယ်၍မရပါ။
ငွေဖြင့်ဆေးဝါးကိုဝယ်နိုင်သည်။ ကျန်းမာခြင်းကိုဝယ်၍မရ။
ဗဟုသုတအချက်အလက်ကို ၀ယ်၍ရသည်။ ဥာဏ်အမြော်အမြင်ကို ၀ယ်၍မရ။
အရောင်ပြိုးပြိုးပြက်ပြက်တွေ ၀ယ်၍ရသည်။ လှပမှုကို ၀ယ်၍မရပါ။
အပျော်အပါးကို ၀ယ်၍ရသည်။ ချမ်းသာသုခကို ၀ယ်၍မရ။

ငါ့အဖေကွ

0
|
ကလေး သုံယောက် စကားပြောနေကြသည်။

ပထမကလေး   ။     ။ ငါ့အဖေက ဆရာဝန်ကွ။ တစ်နေ့ကို လူနာ အယောက် ၁၀၀ လောက် ကုနေရတာ။
 
ဒုတိယကလေး  ။     ။ ငါ့အဖေက အင်ဂျင်နီယာ။ သူ ဆောက်ခဲ့တဲ့ တံတားတွေ ဆို ရင် အစင်း ၁၀၀၀ လောက်ရှိ နေပြီ။


Chemistry Knowledge Test

0
| Thursday, January 20, 2011

ဓာတုဗေဒ သဘောတရားတွေကို စမ်းသပ်ပေးမယ့် ဆော့ဝဲပါ။ ဒြပ်စင်၊ ဒြပ်ပေါင်း၊ ဒြပ်နှောများ အကြောင်း၊ အက်တမ်တည်ဆောက်ပုံ၊ ဒြပ်ပေါင်းများဖြစ်ပေါ်ခြင်း၊ ဓာတုဓာတ်စည်းများ၊ အရာဝတ္ထုများ တည်ဆောက်ပုံ အကြောင်း၊ တို့နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို ဖြေဆိုရမှာပါ။ မိမိတို့ရဲ့ ဓာတုဗေဒ ဗဟုသုတ တွေကို စမ်းသပ် ဖြေဆိုကြရအောင်လား ?
 
ဒီနေရာကနေဒေါင်းပါ။

30 day trial vision ဖြစ်သည်။

အားနာလို့

0
| Monday, January 17, 2011
ဆေးခန်းတစ်ခုအတွင်း လူနာများ စောင့်စားနေကြသည်။

ဦးကြီးမြ ရှိပါသလား ? သူနာပြုမလေး မေးသည်။

လူအုပ်ကြီးထဲမှ ထီးတစ်လက်၊ အထုတ်ကြီး၊ အထုတ်ငယ်များနှင့် လူကြီးတစ်ယောက်ထွတ်လာသည်။

ဟိုအခန်းထဲ ၀င်ပါရှင်။

လိုတိုရှင်း

0
| Saturday, January 15, 2011
ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်မြန်နဲ့တိုတို၊ အဓိပ္ပါယ်ရှိတဲ့ အကြောင်းအရာတစ်ခု ရေးခိုင်းပါတယ်။ အဲ့ဒီထဲမှာ ပါရမယ့် အကြောင်းအရာ တွေကတော့

၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ - တွေပါဝင်ရမယ်တဲ့...

တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ 

" ဘုရားရေ... ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် "

ရေနွေးကြမ်း

0
| Friday, January 14, 2011
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တစ်ခုတည်းမဟုတ်ပဲ၊ နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ့  အလေ့ရှိကြပါတယ်။ ရေအေး ( ရေခဲရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့  အလေ့အထကို အတုယူကျင့်သုံး သင့်ပါတယ်။

မှားတတ် ပလေတယ်

0
| Wednesday, January 12, 2011
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပါဗျာ။

ဟိုကလာနေတာ အင်္ကျီအကျား၊ ဆံပင်ဖားလျား၊ ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင် ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးဟ။
အော်... ခွင့်လွှတ်နော်။ ဦးလေး သမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွ။

လက်သန်းဗေဒင်

0
| Monday, January 10, 2011
စာဖတ်ပရိသတ်ကြီး ဒီတစ်ခါ မိမိလက်ဝါးပြင်ရှိ လက်သန်းကလေးက ပြောသော မိမိအကြောင်းကို နားထောင်ရအောင် - သြော် * သတိ * ယောက်ျားလေက "ဘယ်" ၊မိန်းကလေးက "ညာ" ပါ။ လက်သန်းလေးကို ကြည့်တော့ အဆစ် (၃) ဆစ်ပါတာမြင်တွေ့ ကြရမှာပါ။ အဲဒီ အဆစ်ကလေး (၃) ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟော ကြည့်ကြရအောင်။
 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine