ရေနွေးကြမ်း

| Friday, January 14, 2011
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တစ်ခုတည်းမဟုတ်ပဲ၊ နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ့  အလေ့ရှိကြပါတယ်။ ရေအေး ( ရေခဲရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ သူတို့ ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့  အလေ့အထကို အတုယူကျင့်သုံး သင့်ပါတယ်။

တကယ်တော့ ထမင်းစားပြီးတော့ ရေခဲရေ ဒါမှမဟုတ် အအေးတစ်ခုခု သောက်သုံးလိုက်ခြင်းဟာ အတော်လေး အရသာရှိပါတယ်။ ဒါပေမယ့် ရေခဲရေကနေပြီး မကြာခင်ကမှ စားသုံးထားတဲ့  အစာတွေကို အဆီခဲတွေ ဖြစ်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ်အဖြစ် တုန့်ပြန်ပြီး၊ အူနံရံတွေက အခဲအစာတွေထက် ပိုမိုလျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ နောက်ပြီး အူနံရံထဲ ရောက်ရှိသွားပြီး၊ မကြာခင် အဆီခဲအဖြစ် ပြောင်းလဲကာ၊ ကင်ဆာရောဂါ ဖြစ်စေဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာစားပြီးတိုင်း စွပ်ပြုပ်ပူပူ၊ ဒါမှမဟုတ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ကျန်းမာရေးအတွတ် သင့်တော်ပါတယ်။

နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့  လက္ခဏာတွေထဲမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုး တင်မက၊ မေးရိုးတလျှောက် နာကျင်လာခြင်းကိုလဲ သတိထားသင့်ပါတယ်။ နှလုံးခုန် ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ် မဟုတ်ပါဘူး။ ဖျားနာခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာလည်း တွေ့ရတတ်တဲ့ လက္ခဏာတွေပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့်ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေရင်း ပြန်လည် နိုးထလာခြင်း မရှိတော့ပါဘူး။ ဒါကြောင့် မေးရိုးနာကျင်မှု့က သင့်ကို နိုးထစေနိုင်ပါတယ်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine