ပါရာစီတမော

| Sunday, January 2, 2011
အကိုက်ခဲပျောက်ဆေး တစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ရေတို/ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးစေနိုင်ကြောင်း ကြွက်များတွင် စမ်းသပ်လေ့လာရာ၌ သိရှိရသည်။ အဆိပ်သင့် စမ်းသပ်မှု့တွင် ပါရာစီတမော ၀.၅ မှ ၀.၆ ဂရမ်/ ကီလိုဂရမ်ကို တစ်ကြိမ်တည်း တိုက်ကျွေးခဲ့ရာ သေစေနိုင်ကြောင်း တွေ့ရှိရသည်။ ရေတို အဆိပ်သင့် စမ်းသပ်မှု့တွင် ပါရာစီတမော ၀.၂၅ မှ ၀.၅ ဂရမ်/ ကီလိုဂရမ်ကို တစ်ရက် နှစ်ကြိမ်မှ လေးကြိမ်ခွဲ၍ တစ်ပတ်တိုက်ကျွေးခဲ့ရာ ထိုဆေးချိန် ပမာဏ တိုက်ကျွေးမှု့တွင် သေဆုံးမှု့ မတွေ့ရသော်လည်း၊ ကိုယ်တွင်းစမ်းသပ်မှု့တွင် သေဆုံးနိုင်သော အသည်းပျက်စီးမှု့ကို တွေ့ရှိခဲ့သည်။ 

ကြိမ်ဖန်များစွာ တိုက်ကျွေးသော ကြွက်များတွင်လည်း အသည်းပျက်စီးမှု့ကို လတ်တလော အသည်းပျက်စီးမှု့များကဲ့သို့ တွေ့ရှိကြောင်း သိရသည်။ စမ်းသပ်တွေ့ရှိချက်များအရ အချိန်တိုအတွင် ပါရာစီတမော ၁၀ မှ ၁၅ ဂရမ် သောက်သုံးပါက ဆေးပမာဏပေါ်မူတည်၍ အသည်းအဆိပ်သင့် သေစေနိုင်သည်။ ရာသီလာစဉ် ကိုက်ခဲခြင်း၊ သွားကိုက်ခြင်းများ အတွတ် သော်သုံးသင့်သည့် ပမာဏထက် ပိုမိုသောက်သုံးပါက အသည်းအဆိပ်သင့်စေနိုင်သည်။ ဆေးပမာဏ မများသော်လည်း အချိန်တိုအတွင်း ကြိမ်ဖန်များစွာ သောက်သုံးပါက၊ တစ်ကြိမ်တည်း ထိုဆေးပမာဏ စုစုပေါင်းသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်သော အသည်းပျက်စီးမှု့နှင့် တူညီသော သို့မဟုတ် ပိုမိုဆိုးရွားသော အသည်းပျက်စီးမှု့ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရသည်။

 Molecular Structure
Synthesis
Metabolism

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine