New Clear Energy မဟုတ်ပါ။

| Sunday, June 19, 2011

နျူကလီယားစွမ်းအင်သည် သဘာဝစွမ်းအင် မဟုတ်သော တခြားလောင်စာ စွမ်းအင်များနှင့် ယှဉ်လျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှု အနဲပါးဆုံး စွမ်းအင် ဖြစ်သော်လည်း၊ နျူကလီယား စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကို လွန်စွာထိန်းချုပ် ကန့်သတ်ေ နကြပါတယ်။ အကြောင်းကတော့ နျူကလီယားစွမ်းအင် ထုတ်ယူတာ၊ သုံးစွဲတာအပြင် နျူကလီယား စွန့်ပစ်ပစ္စည်းတွေ သိမ်းဆည်းဖို့ကအစ အန္တရာယ်ကြီးပါတယ်။ ထို့ထက်ဆိုးတာက နျူကလီယားစွမ်းအင်နဲ့ လူသားအကျိုးပြု လျှပ်စစ်ဓာတ်ထုတ်ရန် သာမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်အဆင့်ထိ ထုတ်ယူနိုင်တာကြောင့်ပါ။  


 ယနေ့ကမ္ဘာမှာလည်း လောင်စာပြဿနာ ဖြေရှင်းရန် နျူကလီးယား ဓာတ်ပေါင်းဖိုများကို အားထား နေရပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖိုများမှ ထွတ်ရှိသော စွန့်ပစ် ပစ္စည်းများကို ယုံကြည် စိတ်ချစွာ စွန့်ပစ်ရန် ကိစ္စမှာမူ ယနေ့တိုင် မဖြေရှင်းနိုင်သေးသော ပြဿနာ တစ်ရပ်ပင် ဖြစ်သည်။ ယနေ့ အသုံးပြုနေသော နည်းလမ်းများမှာ ကမ္ဘာမြေ အတွင်းပိုင်းတွင် နှစ်မြှပ် စွန့်ပစ်ခြင်းနှင့် သမုဒ္ဒရာကြမ်းပြင်တွင် နှစ်မြှပ် စွန့်ပစ်ခြင်းတို့ ဖြစ်ပါတယ်။
နျူစွန့်ပစ်ပစ္စည်းများကို နက်ရှိုင်းသော ကမ္ဘာမြေအတွင်းပိုင်း နေရာတွင် ထဲထူသော ကွန်ကရစ်များကာရံကာ စွန့်ပစ်တတ်ကြသည်။ သို့သော် ထိုစွန့်ပစ်ခြင်းသည် ၄င်းနေရာ တစ်ဝိုက်တွင် အပူချိန်ပိုကာ၊ နှစ်ပေါင်းများစွာ ရေဒီယိုသတ္တိကြွ နေတတ်ကြောင်း ဘူမိပညာရှင် များက ထောက်ပြသည်။
သမုဒ္ဒရာကြမ်းပြင်တွင် စွန့်ပစ်ခြင်းသည် သဘာဝငလျှင် အန္တာရာယ်နှင့် ကမ္ဘာ့မြေလွှာ ပြောင်းလဲ ရွှေ့လျှားခြင်းများတွင် ထိုစွန့်ပစ်ပစ္စည်းများ ပေါ်ထွတ်လာနိုင်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း ပညာရှင်များက ထောက်ပြ ဝေဖန်ကြသည်။


ထို့ကြောင့် ထိုစွန့်ပစ်ပစ္စည်းများကို အာကာသအတွင်း စွန့်ပစ်ရန် ကြံရွယ် လာကြသည်။ သို့သော် စရိတ်စခ လွန်စွာ ကြီးမာကြောင်း တွေ့ရသည်။

နောက်တစ်ချက်မှာ ထိုစွန့်ပစ်ပစ္စည်းများကို တစ်ကျော့ပြန် ပြန်လည် သန့်စင်ပြီး၊ ပလူတိုနီယမ်ဗုံး (ဒုတိယ ကမ္ဘာစစ်တွင် အမေရိကန်တို့ ဂျပန်နိုင်ငံ၊ နာဂါစကီမြို့ကို ကျဲချခဲ့သော Fat Man အမည်ရှိ အနျူမြူဗုံး) ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် စွန့်ပစ်ပစ္စည်းများကို သဘာဝ ပတ်ဝန်းကျင် မညစ်ညမ်းရလေအောင် စွန့်ပစ်ရန်နှင့်၊ အဖျက်သမားများ စွန့်ပစ်ပစ္စည်းများ ရယူပြီး၊ ပလူတိုနီယမ်ဗုံး ပြုလုပ်နိုင်ခြင်းမှ ကာကွယ်ရန် အသုံပြုနေသော Nuclear Eneargy သည် New Clear Energy မဟုတ်ကြောင်း ရေးသားလိုက်ရပါတော့သည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine