နျူကလီးယား ဘတ္ထရီ

| Saturday, June 18, 2011
 ၁၉၅၀ ပြည့်နှစ် နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ထွန်းကားလာသည့် အချိန်မှ စတင်ကာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးစားခဲ့ ကြသည်။ နျူကလီးယားစွမ်းအင် ကာများ၊ လေယာဉ်များ၊ အအေးပေးစက်များနှင့် ရေခဲသေတ္တာများ အထိပါ ထုတ်လုပ်ရန် မျှော်မှန်းခဲ့သည်။



၁၉၇၉ ခုနှစ် အမေရိကန်နိုင်ငံ ပင်ဆာဘေးနီးယား ပြည်နယ်ရှိ Three Miles Island နျူကလီးယားစက်ရုံ မတော်မဆမှု့နှင့်၊ ၁၉၈၆ ခုနှစ် ရုရှားနိုင်ငံ ချာနိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲ ယိုစိမ့်မှု့များကြောင့် ကန့်သတ် ထိန်းချုပ်မှု့များ ရှိလာပြီး၊ နျူကလီးယား လျှပ်စစ်ဓာတ်အား စက်ရုံများ တိုးတတ်မှု့ နှေးကွေးခဲ့သည်။ (၂၀၁၁ ခုနှစ် မတ်လ ၁၁ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျှင်နှင့် ဆူနာမီ သဘာဝ ဘေးအန္တာရာယ် များကြောင့် ဂျပန်နိုင်ငံရှိ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံများ ယိုစိမ့်မှု့ ဖြစ်ပွားခဲ့သည်။)


Renewable Energy

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သုသေသီများနှင့် ပညာရှင်များက နျူကလီးယား ဓာတ်အားပေး စက်ရုံ မတော်မဆမှု့များနှင့် စွန်ပစ်ပစ္စည်းများ စွန့်ပစ်နေသည့်စနစ် စိတ်မချရမှု့များကို ထောက်ပြ လာကြသည်။ ကမ္ဘာကြီး ပူနွေးလာမှု့၊ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ လျှော့ချရန်၊ သဘာဝလောင်စာ ရှားပါးလာမှု့ ပြဿနာများ ဖြေရှင်းရန် နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တစ်ကျော့ပြန် ပြန်လည် နိုးထလာခဲ့ကြသည်။


Nuclear Waste


ကမ္ဘာမြေ အတွင်းပိုင်း တစ်နေရာက နျူစွန့်ပစ်ပစ္စည်းများ

စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီ Hyperion Power Genation Inc မှစမ်းသပ် ထုတ်လုပ်ထားသော အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို ဒီဇိုင်းအရွယ်မှာ ရေခဲသေတ္တာ အရွယ်သာရှိပြီး၊ သယ်ဆောင်ရ လွယ်ကူကာ၊ ကုန်ကျစရိတ်လည်း သက်သာပြီး၊ သမရိုးကျ ၁၅ မီတာမြင့်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် နှိုင်းယှဉ်ပြီး၊ နျူကလီးယား ဘက်တ္ထရီ (Nuclear Battery) ဟုခေါ်ဆိုသုံးနှုန်းသည်။ ထိုအသေးစား ဓာတ်ပေါင်းဖိုများမှ လျှပ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး၊ လူနေအိမ်ပေါင်း နှစ်သောင်းခန့်၊ သဘောင်္ကြီး တစ်စင်းစာ၊ သို့မဟုတ် သတ္တုမိုင်းတွင်းတစ်နေရာ စသည်ဖြင့် လိုအပ်သော စွမ်းအင်ကို အသုံးပြုနိုင်သည်။


Nuclear Power Plant

အကြမ်းဖက်သမားများ အလွယ်တကူ လုယက်၊ ဖောက်ခွဲဖျက်ဆီးနိုင်ခြင်း၊ မတော်တဆ ပေါင်ကွဲနိုင်သည့် အန္တာရာယ်များ တွေ့ရှိနိုင်ကြောင်း နိုင်ငံတကာ Greenpeace အဖွဲ့ကြီးမှ ထောက်ပြပြောဆို ဝေဖန်ခဲ့သည်။ Hyperion ကုမ္ပဏီမှ CEO John Deal ကနျူကလီးယား ဘတ္ထရီများသည် အလွန်ခိုင်ခံသော ကွန်ကရစ်များဖြင့် တည်ဆောင်ထားပြီး၊ ဒုံးလက်နက်များဖြင့် ဖောက်ခွဲ ဖျက်ဆီးမရနိုင်ကြောင်း အာမခံပြောကြားသည်။

နျူကလီးယား ဘတ္ထရီများဖြင့် အလုပ်လုပ်သော အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုများသည် သမရိုးကျ နျူကလီးယား ဓာတ်ပေါင်းဖိုကြီးများ နေရာတွင် အစားထိုး တည်ဆောက်လာနိုင်ကြောင်း Nuclear Energy Institute ကဆိုသည်။ Hyperion ကုမ္ပဏီမှ CEO John Deal ကနျူကလီးယား ဓာတ်ပေါင်းဖိုများသည် လေတိုက်နှုန်းမမှန်သည့် လေစွမ်းအင် တာဘိုင်တွေနှင့် နေရောင်ခြည် လုံလောက်စွာ မရရှိနိုင်သည့် ဆိုလာစွမ်းအင် စက်ရုံများအတွတ် လျှပ်စစ်ဓာတ်အား ထိန်းညှိစက်များ အဖြစ် ရပ်တည်လာနိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။



အမေရိကန် နျူကလီးယား စည်းမျဉ်းစည်းကမ်း ကော်မရှင်က Hyperion ကုမ္ပဏီမှ ထုတ်လုပ်သည့် နျူကလီးယား ဘတ္ထရီများသည် အခြားနိုင်ငံများမှ ထုတ်လုပ်ရန် ကြိုးစားနေသည့် နျူကလီးယား ဘတ္ထရီများထက် ရေဒီယိုသတ္တိကြွ အန္တာရာယ် ကာကွယ်နိုင်သည့် အတွတ် ထုတ်လုပ်ရောင်းချခွင့် ပေးသင့်ကြောင်း၊ အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ ဥက္ကဌ Charles Ferguson ကကွန်ဂရက် လွှတ်တော်တွင် ထောက်ခံ တင်ပြခဲ့သည်။

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine