Chromatography

| Tuesday, March 15, 2011
Chromatography ဟူသော ဝေါဟာရသည် ဂရိဘာသာစကား (Chroma=Color, graphen=To Write) မှဆင်းသက်လာပြီး၊ ဒြပ်နှောများမှ ပါဝင်ပစ္စည်း ( Components ) များကို ခွဲခြားသတ်မှတ်ရန် ဓာတ်ခွဲခန်းများတွင် အသုံးပြုသော နည်းစဉ်ဖြစ်သည်။ Chromatography နည်းစဉ်တွင် ဒြပ်နှောကို သင့်လျှော်သော Solvent နှင့်ဖြတ်သန်းစီးဆင်း စေသောအခါ မော်လီကျူးအလေးဆ များမတူညီသော ပါဝင်ပစ္စည်းများသည် မတူညီသောနှုန်းများနှင့် ရွှေ့လျှားသွားသည်။ ရွေ့လျှားသွားသော ပါဝင်ပစ္စည်း၏ အကွာအဝေးကို ဖျော်ရည် ဖြတ်သန်းသွားသော အကွာအဝေးနှင့် စားလျှင် Retention factor ( Rf ) ရရှိသည်။ Rf တန်ဖိုးသည် အမျိုးအမည်မသိသော ဒြပ်ပေါင်းများကို သတ်မှတ်ရန် စံအဖြစ်ထားသော တန်ဖိုးဖြစ်သည်။



Chromatography နည်းစဉ်သည် ၁၉ရာစု အလည်တွင် စတင်ခဲ့ပြီး၊ ၂၀ရာစုတွင် Colour Writing ဟုအမည်ပေး အသုံးပြုခဲ့ကြသည်။ အဓိကအားဖြင့် အပင်များမှ ကလိုရိုဖီး ကဲ့သို့သော ရောင်ခြည်ပစ္စည်းများကို ခွဲခြားရန် ဖြစ်သည်။ ၁၉၃၀ - ၁၉၄၀ ခုနှစ်တွင် Chromatography နည်းပညာ ဖွံဖြိုးတိုးတတ်လာခဲ့ပြီး၊ များစွာသော ခွဲထုတ်ခြင်း နည်းစဉ်များတွင် အသုံးပြုလာကြသည်။ ၁၉၄၀ - ၁၉၅၀ ခုနှစ်များတွင် ဂျာမန် သိပ္ပံပညာရှင် Archer John Porter Marton နှင့် Richard Laurence Millingtom Porter တို့က Paper Chromatography, Gas chromatography နှင့် High Performance liquid Chromatography နည်းစဉ်များကို တိုးတတ်စေခဲ့သည်။ နောင်တွင် Chromatography နည်းစဉ်များစွာ ပေါ်ပေါက်လာပြီး၊ မိမိရည်ရွယ်ချက်ပေါ် မူတည်၍ နည်းစဉ်များ ကွဲပြားသွားသည်။

Techniques by chromatographic bed shape

Techniques by physical state of mobile phase


Techniques by separation mechanism

Special techniques

Chiral chromatography

Paper Chromatography Technique

Thin Layer Chromatography Technique
 

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine