နာရီဝက်

| Wednesday, November 17, 2010
ဘားကောင်တာသို. 'ဂျိန်းစ်ဘွန်း' လျှောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။ ဘေးကုလားထိုင်တွင် မိန်းမချောလေး တစ်ယောက်။ သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင် ပတ်ထားသော မိမိနာရီကိုသာ မကြာခဏ ကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
 

" ဘာလဲ ... မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား"


"မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နာရီကို ကြည့်မ၀ဖြစ်နေလို့ပါ"
 

"တခြားနာရီတွေထက်... ဘာများသာလို.လဲ ရှင့်"


"အများကြီး သာတာပေါ့ ။ သူ.မှာ ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပါတယ်။ ဥပမာ ... ခင်ဗျား ဘရာဇီယာ ၀တ်မထားဘူးလို. ကျုပ် နာရီက သတင်းပေးနေတယ်ဗျ"


အမျိုးသမီး ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။ " ရှင့် နာရီ မှားပြီ ... ကျမမှာ ဘရာဇီယာ ပါတယ်ရှင့်"




'ဂျိန်းစ်ဘွန်း' နာရီကို သေသေချာချာ ပြန်ကြည့်ပြီးပြောသည်။
" အင်း ... နာရီက နာရီဝက် တိတိ မြန်နေတာကိုး.."

0 comments:

Post a Comment

 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine