ငွေဖြင့် စားစရာဝယ်၍ရနိုင်သည်။ သို့သော် အရသာကို ၀ယ်၍မရပါ။
ငွေဖြင့်ဆေးဝါးကိုဝယ်နိုင်သည်။ ကျန်းမာခြင်းကိုဝယ်၍မရ။
ဗဟုသုတအချက်အလက်ကို ၀ယ်၍ရသည်။ ဥာဏ်အမြော်အမြင်ကို ၀ယ်၍မရ။
အရောင်ပြိုးပြိုးပြက်ပြက်တွေ ၀ယ်၍ရသည်။ လှပမှုကို ၀ယ်၍မရပါ။
အပျော်အပါးကို ၀ယ်၍ရသည်။ ချမ်းသာသုခကို ၀ယ်၍မရ။
အသိအကျွှမ်းတွေ ၀ယ်၍ရသည်။ မိတ်ဆွေ အစစ်အမှန်ကို ၀ယ်၍မရ။
အစေအပါးတွေ ၀ယ်၍ရသည်။ သစ္စာရှိမှုကို ၀ယ်၍မရ။
အားလပ်ချိန်တွေ ၀ယ်၍ရသည်။ ငြိမ်းချမ်းမှုကို ၀ယ်၍မရ။
ငွေဖြင့်သင်သည် အလုံးစုံသောအရာတို့၏ အခွံအကာများကို ၀ယ်၍ရနိုင်သည်။ အတွင်းအနှစ်သာရကိုကား မရရှိနိုင်။
0 comments:
Post a Comment