Green House Effect |
စာဖတ်ပရိသတ်များ ဗဟုသုတ အလို့ဌာ ကမ္ဘာ့လူသား အားလုံးနှင့် သက်ဆိုင်သော ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီး အတွတ် အရေးကြီးတဲ့ အချက်တစ်ခု တင်ပြချင်ပါတယ်။ ဖန်လုံအိမ် အာနိသင် ( Green House Effect ) လို့အများသိတဲ့ ကမ္ဘာကြီး ပူနွေးလာမှု့ပါ။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာ့ရာသီဥတုဟာ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ များနှင့် ရေငွေ့ ( water vapour ) များက များစွာအကျိုး သက်ရောက် စေပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များ နှင့်ရေငွေ့များက ဖန်လုံအိမ် အာနိသင်ကို ဖြစ်ပေါ်စေတယ်။
နေမှ ရောက်ရှိလာတဲ့ ရောင်ခြည်တွေဟာ ကမ္ဘာကို ပူနွေးစေပါတယ်။ ကမ္ဘာကတဖန် နေမှ အပူဓာတ်ကို အာကာသသို့ ပြန်လည် ပို့လွှတ်ပါတယ်။ ဒါပေမယ့် အာကာသသို့ ပြန်လည် ပို့လွှတ်ရာမှာ တော့ လှိုင်းအလျား ပြောင်းလဲပြီး၊ အနီအောက် ရောင်ခြည် ( Infrared Radiation ) အဖြစ် ပြောင်းလဲ ပို့လွှတ်တာပါ။ နေရောင်ခြည်နှင့် မတူညီတဲ့ အနီအောက် ရောင်ခြည်များဟာ လေထုထဲမှာ ကောင်းစွာ မသွား ရောက်နိုင်ပါဘူး။ ရေငွေ့များနှင့် ကာဗွန်ဒိုင် အောက်ဆိုက်များက အနီအောက် ရောင်ခြည် ကိုစုပ်ယူထားပြန်ပါသေးတယ်။ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များနှင့် ရေငွေ့များက ကမ္ဘာကို စောင်အဖြစ် လွှမ်းခြုံကာ အာကာသသို့ အပူပြန်လည် ထုတ်လွှတ်မှု့ကို တားဆီးပါတယ်။ ထိုအပြုအမှုကတော့ ကမ္ဘာပေါ်ရှိ သက်ရှိဖြစ်စဉ်များ အတွတ် သင့်တော်သော အပူချိန် ၁၅ ဒီကရီ စင်တီဂရိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီလို မလွှမ်းခြုံထားပြန်ရင်လည်း ကမ္ဘာ့ အပူချိန်ဟာ အနုတ် ၄၀ ဒီဂရီ စင်တီဂရိတ် သို့ လျှောကျသွားစေနိုင်ပါတယ်။
စက်မှု့ဖွံ့ဖြိုးလာတဲ့ ယနေ့အချိန်မှာတော့ စက်ရုံအလုပ်ရုံများ၊ သယ်ယူ ပို့ဆောင်ရေး ယာဉ်များ၊ တောမီးလောင်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းများမှ ထွတ်ရှိလာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များဟာ လေထုထဲမှာ ပိုမို များပြားလာပြီး၊ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့လွှာ ထူထဲ လာပါတော့တယ်။
ဒီလို ထူထဲလာမှု့ဟာ ကမ္ဘာကို ပိုမို ပူနွေး စေသည် မဟုတ် ကမ္ဘာကြီး ပိုမို ပူနွေးလာမှု့နှင့် အတူ တောင်ဝင်ရိုးစွန်းတန်း နှင့် မြောက်ဝင်ရိုးစွန်းတန်းမှ ရေခဲတောင်များ အရည်ပျော်ပြီး ရေကြီးစေနိုင်ပါသေးတယ်။ ဒီလို ထပ်လောင်း များပြားလာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ များနဲ့ ရေခိုးရေငွေ့ များက ဖန်လုံအိမ် အာနိသင် Green House Effect ဖြစ်စေကြောင်း တင်ပြလိုက်ရပါတော့တယ်။
0 comments:
Post a Comment