ဟိုက်ဒြိုဂျင် စကေး
![]() |
| John Dalton |
John Dalton က အက်တမ်တစ်ခု၏ အက်တမ်အလေးဆ သည် ယင်းအက်တမ်၏ အလေးချိန်ကို ဟိုက်ဒြိုဂျင် အက်တမ်တစ်ခု၏ အလေးချိန်နှင့် စား၍ရသော ကိန်းဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ ဒြပ်စင်တစ်ခု၏ အလေးဆ ဆိုသည်မှာ ယင်းအက်တမ်၏ အလေးချိန်သည် ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အလေးချိန်နှင့် နှိုင်းယှဉ်လျှင် မည်မျှရှိကြောင်း သိနိုင်သည်။ ထို့ကြောင့် ဟိုက်ဒြိုဂျင် အက်တမ်တစ်ခု၏ အလေးချိန်ကို အက်တမ်အလေးဆ ယူနစ်အဖြစ် သတ်မှတ်သည်။ ဤသို့သတ်မှတ်ရာတွင် Dalton သည် ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အလေးချိန်ကို 1 a.m.u ( atomic mass unit ) အဖြစ်စံယူခဲ့သည်။













