နာနတ်သီးကို လူတိုင်းနှစ်ခြိုက်စွာ သုံးဆောင်ကြသည်။ နာနတ်သီးတွင် ဗီတာမင်-B6 ၊ ဗီတာမင်-စီ၊ မဂ္ဂနီးစ်နှင့် ကောပါးဓာတ်ဆားများ ပါဝင်သည်။ ထို့ပြင် အစာကြေလွယ်သော အင်ဇိုင်းများနှင့် အရောင်ကျစေလွယ်သော ဘရိုမီလိန်း ( Bromelein ) ဓာတ်တို့ပါဝင်သည်။ အဆစ်အမျက်ရောင် ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင်၊ ထိပ်ကပ်နာ ရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပြီး၊ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။ နာနတ်သီးကို နာနတ်သီးစိတ်လေးများအဖြစ် သုံးဆောင်ကြသလို၊ နာနတ်သီး ဖျော်ရည် အဖြစ်တစ်ဖုံ၊ နာနတ်ယို အဖြစ်တစ်မျိုး၊ သစ်သီးခြောက်များနှင့် ဟင်းလျှာများအဖြစ်ပါ သုံးစွဲလာကြသည်။ မွှေးပျံ့တဲ့ ရနံ့နဲ့ အတူ အရသာလည်းရှိ၊ ကျန်းမာရေးအတွတ်လည်း အကျိုးများလှတဲ့ နာနတ်သီးစိတ်လေးများ စားသုံးဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတော့တယ်။
0 comments:
Post a Comment