စာကားလုံး အသုံးအနှုန်းတစ်ခုခု ဒါမှမဟုတ် နာမည် ပြောခါနီး ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား ? ဦးနှောက် တစ်သျှူးတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဦးနှောက် ပျက်စီးလွယ်ပါတယ်။ အောက်ဖော်ပြပါ အချက်များက သင့်မှတ်ဥာဏ် ကောင်းမွန်စေမှာပါ။
ရေနံ
3
Posted by
Maung Chem
|
Saturday, March 19, 2011
လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ အထက်မှ စတင်ဖြစ်ပေါ်ခဲ့သော ရေနံသည် အဓိကကျသော သဘာဝ အရင်းအမြစ် တစ်ခု ဖြစ်သည်။ သမိုင်းမတင်မီ ခေတ်ကာလမှ ရေနေသတ္တ၀ါများ သေကြေပြီး၊ ရွံ့ညွန်များ အထက်ထက် ဖုံးလွှမ်းသွားသည်။ နောင်နှစ်သန်းပေါင်းများစွာ ကြာမြင့်လာသောအခါ မြင့်မားသော အပူချိန်၊ ဖိအားနှင့် ဘက်တီးရီးယားများ၏ ပြုပြင်ပြောင်းလဲမှု့များကြောင့် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ အဖြစ် ပြောင်းလဲသွားသည်။
Thin Layer Chromatography
2
Posted by
Maung Chem
|
Wednesday, March 16, 2011
Thin Layer Chromatography (TLC) နည်းသည် Paper Chromatography (PC) တွင်အသုံးပြုသော Stationary Phase အဖြစ် စက္ကူအစား ပါးလွှာသော Silica gel သို့မဟုတ် Alumina ကို coating လုပ်ထားသော သတ္တုပြား အသုံးပြုခြင်း ဖြစ်သည်။ TLC နည်းသည် PC နည်းထက် Resolution ပိုကောင်းပြီင်္း၊ ဒြပ်နှောများ ခွဲခြားရာတွင်လည်း ပိုမြန်သည်။
![]() |
| Thin Layer Chromatography |
Chromatography
0
Posted by
Maung Chem
|
Tuesday, March 15, 2011
Chromatography ဟူသော ဝေါဟာရသည် ဂရိဘာသာစကား (Chroma=Color, graphen=To Write) မှဆင်းသက်လာပြီး၊ ဒြပ်နှောများမှ ပါဝင်ပစ္စည်း ( Components ) များကို ခွဲခြားသတ်မှတ်ရန် ဓာတ်ခွဲခန်းများတွင် အသုံးပြုသော နည်းစဉ်ဖြစ်သည်။ Chromatography နည်းစဉ်တွင် ဒြပ်နှောကို သင့်လျှော်သော Solvent နှင့်ဖြတ်သန်းစီးဆင်း စေသောအခါ မော်လီကျူးအလေးဆ များမတူညီသော ပါဝင်ပစ္စည်းများသည် မတူညီသောနှုန်းများနှင့် ရွှေ့လျှားသွားသည်။ ရွေ့လျှားသွားသော ပါဝင်ပစ္စည်း၏ အကွာအဝေးကို ဖျော်ရည် ဖြတ်သန်းသွားသော အကွာအဝေးနှင့် စားလျှင် Retention factor ( Rf ) ရရှိသည်။ Rf တန်ဖိုးသည် အမျိုးအမည်မသိသော ဒြပ်ပေါင်းများကို သတ်မှတ်ရန် စံအဖြစ်ထားသော တန်ဖိုးဖြစ်သည်။ဆက်လုပ်ပါ
0
Posted by
Maung Chem
|
Monday, March 14, 2011
ရထားတစ်စင်းပေါ်တွင် အရွယ်ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦးက ကလေးငယ်ကို ထမင်းကျွေးနေသည်။
"သား...ပါးစပ်ဟ၊ မန်မန် စားလိုက်နော်"
ကလေးက ခေါင်းခါပြသည်။
"သားက လိမ္မာပါတယ်။ စားလိုက်နော်၊ မစားရင် ဒီဦးလေးကြီးကိုကျွေးလိုက်မှာ"
ဒီတော့မှ ကလေးက စားတယ်။ ထမင်းကျွေးပြီး တအောင့်လောက်ကြာတော့ ကလေးကို နို့တိုက်ဖို့ ကြိုးစားပြန်တယ်။
"သား...ပါးစပ်ဟ၊ မန်မန် စားလိုက်နော်"
ကလေးက ခေါင်းခါပြသည်။
"သားက လိမ္မာပါတယ်။ စားလိုက်နော်၊ မစားရင် ဒီဦးလေးကြီးကိုကျွေးလိုက်မှာ"
ဒီတော့မှ ကလေးက စားတယ်။ ထမင်းကျွေးပြီး တအောင့်လောက်ကြာတော့ ကလေးကို နို့တိုက်ဖို့ ကြိုးစားပြန်တယ်။
အချိန်
0
Posted by
Maung Chem
|
Saturday, March 12, 2011
လက်ထပ်ခွင့်တောင်းချိန်
အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီး စောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီး စောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
မယ်လမင်း
3
Posted by
Maung Chem
|
မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မယ်လမင်းသည် ဖော်မယ်လ်ဒီဟိုက်နှင့် ဓာတ်ပြုလိုက်သောအခါ Melamine Resin ရရှိပြီး၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်များတွင် သုတ်လိမ်း လိုက်သောအခါ အလွယ်တကူ ပျက်စီးနိုင်ခြင်း မရှိသော လှပသေသပ်ပြီး ပေါ့ပါးခိုင်ခန့်တဲ့ အသုံးအဆောင်များ ရရှိလာသည်။ မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသည်။ ပရိုတိန်းဓာတ်သည် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်သည် ဆိုးကျိုးသာ ဖြစ်စေသည်။ မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက ပြန်မထွက်နိုင်တော့ဘဲ ကြာသောအခါ အဆိပ်ဖြစ်စေသည်။
အကြောင်းရင်း
0
Posted by
Maung Chem
|
Friday, March 4, 2011
ရထားလက်မှတ်စစ်သည် တွဲပေါ်တက်လာပြီး လက်မှတ်များ လိုက်လံ စစ်ဆေးသည်။ လက်မှတ်မဲ့ စီးသူများအတွက် ဒဏ်ငွေမှာ ၅၀၀၀ ကျပ် ဖြစ်သည်။
အင်္ကျီလက်ပြတ် ၀တ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေခဲ့သည်။
နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။
အင်္ကျီလက်ပြတ် ၀တ်ထားသည့် ပထမအမျိုးသမီးငယ် တစ်ဦးအား ဒဏ်ငွေ ၃၀၀၀ ကျပ် ပေးဆောင်စေခဲ့သည်။
နောက်ကျောပြောင်နှင့် လည်ဟိုက်အင်္ကျီ လက်ပြတ်ဝတ်ထားသော ဒုတိယ အမျိုးသမီးကိုမူ ဒဏ်ငွေ ၂၀၀၀ ကျပ် ပေးစေခဲ့သည်။
အက်တမ်အရွယ်အစား
0
Posted by
Maung Chem
|
Wednesday, March 2, 2011
အက်တမ်သည် ပရိုတွန်၊ နျူထရွန်နှင့် အီလက်ထရွန်များဖြင့် ဖွဲ့စည်းထားသည်။ ( ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန် ရှာနည်းကြည့်ရန်။ ) အက်တမ်အမှတ်စဉ် ကြီးလာသည်နှင့် နျူကလီယွန်များ ဖြစ်သည့် ပရိုတွန်၊ နျူထရွန် အရေအတွတ်များလာသကဲ့သို့၊ နျူကလိယက်စ်ကို လှည့်ပတ်နေသော အီလက်ထရွန်များ များပြားလာပြီး အက်တမ်၏ အရွယ်အစားမှာလည်း ကြီးမားလာသည်။ အက်တမ်အလှည့်ကျ ဇယားတွင် Group ( တိုင် ) ၈ ခုနှင့် Period ( တန်း ) ၇ ခုတွင် ဒြပ်စင်များကို စနစ်တကျ စီစဉ်ထားသည်။








