စာကားလုံး အသုံးအနှုန်းတစ်ခုခု ဒါမှမဟုတ် နာမည် ပြောခါနီး ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား ? ဦးနှောက် တစ်သျှူးတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဦးနှောက် ပျက်စီးလွယ်ပါတယ်။ အောက်ဖော်ပြပါ အချက်များက သင့်မှတ်ဥာဏ် ကောင်းမွန်စေမှာပါ။
၁။ စိတ်အေးအေးထားပါ
စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဖိစီးမှု ဖြစ်ပေါ်တဲ့အခါ ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်လုပ်ငန်းဆောင် တာတွေကို ပျက်စီးပြီး မှတ်ဥာဏ် အသစ်ဖြစ်ပေါ်ဖို့လည်း တားဆီးပေးပါတယ်။ ဒါကြောင့် စိတ်အေးအေး ထားပါ။ တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြိး ဦးနှောက် ထက်မြက်စေပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ဦးနှောက်ဆဲလ်(neuron) တွေ ကျုံ့ဝင်ပြီး ဆဲလ်တစ်ခုနဲ့ တစ်ခုအကြား ဆက်သွယ်ပေးတဲ့ neurotransmitter တွေကိုလည်း ဟန့်တားတဲ့အတွက် သော့ဘယ်မှာ ထားသလဲဆို တာကို မေ့မေ့နေတတ်တယ်။ ဒါပေမဲ့ နှလုံးသွေးခုန်နှုန်း မြန်ခြင်းဖြင့် မှတ်ဥာဏ်နဲ့ ဦးနှောက် လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ သစ်ပင်စိုက်ခြင်းစတဲ့ ဘယ်ကိုယ်လက် လှုပ်ရှားမှု အကျိုးရှိမှာပါ။
လေ့လာချက်တွေအရ သက်ကြီးရွယ်အို အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်တဲ့အခါမှာ မှတ်ဥာဏ်သာလွန်တာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးဝယ်ထွက်ခြင်းကြောင့်ပါ။ ဈေးဝယ်ထွက်ခြင်းဖြင့် ကိုယ်ရော၊ စိတ်ပါလှုပ်ရှားကာ လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ ဘာဝယ်မယ်ဆို တာ တွက်ချက်ခြင် ဘယ်လောက်ကျသလဲဆိုတာ တွက်ချက်ခြင်းဖြင့် ဦးနှောက်ကို သွက်လက်ထက် မြက်နိုင်ပါတယ်။
ရူပ်ထွေးတဲ့ ရုပ်ပုံအသစ်တွေဟာ ဦးနှောက်ပျက်စီးမှုကို နှေးစေပါတယ်။ ဦးနှောက်ဟာ ပထမဆုံးပန်ချီ ကား၊ ရုပ်ပုံရဲ့ ထင်သာ မြင်သာတဲ့ အပိုင်းတွေကို သတိထားမိပြီးနောက် ဆန်းသစ်ကွဲပြားတဲ့ အပိုင်းတွေ ကို လေ့လာမိမှာပါ။ ဒါကြောင့် မြင်နေကျပုံတွေကိုကြည့်မယ့်အစား ဦးနှောက်အတွက် ကောင်းမွန်စေနိုင် တဲ့ ဆန်းပြားတဲ့ ပုံတွေ၊ ပန်းချီကားတွေကို ကြည့်ပါ။ စိတ္တဇပန်ချီကားတွေကိုကြည့်တဲ့အခါ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။
နောက်တစ်ခါ သင်ရဲ့ဆရာ သင့်ကို ခက်ခဲတဲ့ အလုပ်တွေလုပ်ခိုင်းပါက ကျေးဇူးတင်လိုက်ပါ။ အသက် ၃၀ မှ ၅၀ ကြားအရွယ်မှာ ဦးနှောက်သုံးရတဲ့ အလုပ်တွေလုပ်ပါက အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် ဦးနှောက်သုံးခြင်းဖြင့် ဦးနှောက်လုပ်ငန်း ဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်အလုပ်မှာ ဦးနှောက်သုံးစရာမလိုပါက ဘာသာစကားအသစ်သင်ခြင်း၊ ပဟေဠိဖြေခြင်း၊ ဦးနှောက်အသုံးပြုတဲ့ ကစားနည်းကစားခြင်းကို ပြုလုပ် ခြင်းဖြင့် ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပါ။
0 comments:
Post a Comment