ရထားတစ်စင်းပေါ်တွင် အရွယ်ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦးက ကလေးငယ်ကို ထမင်းကျွေးနေသည်။
"သား...ပါးစပ်ဟ၊ မန်မန် စားလိုက်နော်"
ကလေးက ခေါင်းခါပြသည်။
"သားက လိမ္မာပါတယ်။ စားလိုက်နော်၊ မစားရင် ဒီဦးလေးကြီးကိုကျွေးလိုက်မှာ"
ဒီတော့မှ ကလေးက စားတယ်။ ထမင်းကျွေးပြီး တအောင့်လောက်ကြာတော့ ကလေးကို နို့တိုက်ဖို့ ကြိုးစားပြန်တယ်။
"သားလေး...နို့စို့ရင်း အိပ်တော့နော်"
ကလေးက ဗိုက်ပြည့်နေလို့လားမသိဘူး၊ မစို့ဘူး။
"သားလေး...စို့လေ၊ မစို့ရင် ဒီဦးလေးကြီးကို တိုက်လိုက်မှာနော်"
ကလေးက မစို့ဘူး၊
"သားလေး...စို့လေ၊ မစို့ရင် ဒီဦးလေးကြီးကို တိုက်လိုက်မှာ"
ကလေးက ဘယ်လိုပြောပြော မစို့ဘူးဖြစ်နေတယ်။
"သား...စို့ပါဆို၊ သား..မစို့ရင် ဒီဦးလေးကြီးကို တိုက်လိုက်မှာ"
ဒီမှာတင် တလမ်းလုံး နှုတ်ငုံလိုက်လာတဲ့ ကိုထုံက စိတ်မရှည်စွာ ပြောလိုက်ပုံက ... "ကဲ...ငါ့ညီမ၊ ကလေးကတော့ စို့မယ့်ပုံမပေါ်ဘူး၊ လုပ်စရာရှိတာ ဆက်လုပ်တော့"

0 comments:
Post a Comment