သန့်ရှင်းသောရေ ( pH=7 ) ကို သဘာဝ အတိုင်း မရရှိနိုင်။ သဘာဝရေတွင် မိုးရေသည် အသန့်ရှင်းဆုံး ဖြစ်သော်လည်း၊ လေထုအတွင်း စက်ရုံ အလုပ်ရုံများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များမှ ထွတ်ရှိသော ကာဗွန်ဒိုင် အောက်ဆိုက်၊ ဆာဖာဒိုင် အောက်ဆိုက်၊ နိုက်ထထြိုဂျင် အောက်ဆိုက် စသည့် ဓာတ်ငွေ့များကို ဖြတ်သန်းလာသော မိုးရေသည်လည်း အက်စစ်မိုး အဖြစ် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။ မြစ်ချောင်းအင်းအိုင်များမှ ရေများသည် ၄င်းတို့ ဖြတ်သန်းစီးဆင်းရာ ဒေသရှိ ပျော်ဝင်နိုင်သော ဆားများကို သယ်ဆောင်လာကြပြီး၊ ပင်လယ်ထဲသို့ စီးဝင်ကြသည်။ ထို့ကြောင့် ပင်လယ်ထဲတွင် ဆားအမျိုးမျိုး ပျော်ဝင်နေကြသည်။ ရေကို ကျိုချက်သောက်လျှင် ကျန်းမာရေးအတွတ် သင့်လျှော်ကြောင်း သိကြသည်။ ရေကို ကျိုချက်သောက်လျှင် ပိုးမွှားများ သေကြေပြီး၊ ဆားများ အနည်ကျသည်။ အိမ်သုံးဆားသည် ဆိုဒီယမ် ကလိုရိုဒ် ( NaCL ) ဖြစ်သည်။ ရေနွေးကရားအိုးထဲရှိ အဖြူရောင် အနည်များသည် ကယ်လ်ဆီယမ်နှင့် မဂ္ဂနီစီယမ် တို့၏ ကာဗွန်နိတ်များ ( CaCO3 , MgCO3 ) ဖြစ်သည်။
ဖူကူရှီးမား ဓာတ်ပေါင်းဖို မတော်မဆ ဓာတ်ရောင်ခြည် ယိုစိမ့်မှု့သည် မိုင်ပေါင်း ၁၀၀ ကျော်ဝေးသည့် တိုကျိုမြို့တော်အထိ ပျံ့နှံ့ရောက်ရှိပြီး၊ ရေပေးဝေရေး စနစ်တွင် ဓာတ်ရောင်ခြည်သင့် အိုင်အိုဒင်း (Iodine) ဓာတ်များ တွေ့ရှိခဲ့သည်။ ဓာတ်ရောင်ခြည်သင့် အသားများနှင့် ဟင်းသီးဟင်းရွက်များ မည်သို့မည်ပုံ ချက်ပြုတ်စားသောက်သော်လည်း ဓာတ်ရောင်ခြည်သင့် ခံစားရမည်ဖြစ်ပြီး၊ ရေကိုကျိုချက် သောက်သုံးခြင်းဖြင့်လည်း ဓာတ်ရောင်ခြည် အန္တာရာယ်မှ ရှောင်ဖယ်၍ မရနိုင်ကြောင်း ဗဟုသုတ အလို့ဌာ ရေးသား လိုက်ရပါတော့သည်။
3 comments:
ဗဟုသုတလေးတွေ သိရှိရလို့ ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။
တိုကျိုမြို့ပေါ်က စားသောက်ဆိုင်မှာ ပန်းကန်ဆေးရတဲ့လုပ်သား တစ်ယောက်ဟာ ရေများကိုထိတွေ့ နေရတဲ့ အတွက် ရောင်ခြည်သင့်မှုသည် စိုးရိမ်ရပါသလား၊
တိုကျိုမြို့မှာ ဓာတ်ရောင်ခြည် အန္တာရာယ် နည်းပါတယ်။ ပန်းကန်ဆေးတဲ့အခါ ရာဘာလက်အိတ် ၀တ်ပြီး ဆေးပါလို့ အကြံပေးပါရစေ။ လက်အိတ်သုံးရင် စိုးရိမ်စရာမရှိပါဘူး။
Post a Comment