ဓာတုဓာတ်ခွဲခန်း လုံခြုံစိတ်ချရဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းများသည် အရေးကြီးပြီး၊ ကျောင်းသားများနှင့် သပ္ပံပညာရှင်များ အန္တာရာယ်ဖြစ်ခြင်းမှ ကာကွယ်ပါတယ်။
မင်းကရေတွေပါလို့ ပြောနေပေမယ့်၊ ဖန်ထည်ပစ္စည်းတွေ ဘယ်လောက် သန့်တယ်ထင်ထင် ဓာတ်ခွဲခန်းသုံး Pipette ကိုဘယ်သောအခါမှ ပါးစပ်နှင့် မစုပ်ပါနဲ့။ Pipette bulb ဒါမှမဟုတ် Automted pipetter ကိုအသုံးပြုနိုင်ပါတယ်။
Pipette bulb |
မင်းအသုံးပြုတဲ့ ဓာတ်ခွဲခန်းမှာ ဓာတုပစ္စည်း တွေရဲ့ အချက်အလက်တွေ ရေးထားတဲ့ Material Safely Data Sheet ( MSDS ) ရနိုင်ပါတယ်။ ဒီအချက်အလက်တွေကမှ မင်းအသုံးပြုမည့် ဓာတုပစ္စည်းတွေနဲ့ ဂုဏ်သတ္တိတွေ သိရှိနိုင်ပါတယ်။
MSDS |
မင်းဆံပင်တွေ ရှည်နေမယ်ဆိုရင် ချည်နှောင်ထားသင့်ပါတယ်။ ဓာတ်ခွဲခန်းသုံး မျက်မှန်၊ လက်အိတ်နဲ့ ကုတ်အင်္ကျီတွေ ၀တ်ဆင်ပါ။
ဓာတ်ခွဲခန်းအတွင်း မီးသတ်ဆေးဗူး၊ ဘေဇင်၊ ဆေးသတ္တာ ထားတဲ့နေရာတွေကို သိထားသင့်ပါတယ်။ ဓာတုဓာတ်ခွဲခန်းအတွင်း ဓာတုပစ္စည်းများကို မည်သည့်အခါမှ နှာခေါင်းနားကပ်လျှက် မရှုရှိုက်သင့်ပါဘူး။ အစားအစာ သောက်စားခြင်း ရှောင်ကြဉ်ပါ။
အချို့ဓာတုပစ္စည်းတွေကို ဘေဇင်မှာ ရေနဲ့ရောစပ်ပြီးမှ စွန့်သင့်ပါတယ်။ ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်တွေကို ဂရုတစိုက် သေသေချာချာ လုပ်ဆောင်ပါ။ စမ်းသပ်ချက်တွေ လုပ်ဆောင်နေစဉ်တွင်းမှာလည်း ရရှိလာတဲ့ အချက်အလက်တွေကို ဂရုတစိုက် သေသေချာချာ မှတ်သားထားသင့်ပါတယ်။
0 comments:
Post a Comment