မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ လို့ဆိုပါတယ်။ မိတ်ဆွေ ဖြစ်နေပေမယ့် လောင်ကျွမ်းတတ်တဲ့ သဘော ကတော့ ပျောက်ကွယ် မသွားပါဘူး။ နျူစွမ်းအင်က နိုင်ငံတိုင်း လိုအပ်လျှက်ရှိသော၊ ပေါင်းဖော်နေသော မဟာ မိတ်ဆွေကြီး ဖြစ်သလို၊ နောင်တစ်ကမ္ဘာလုံး ပျက်ဆီး သွားစေနိုင်သော မဟာ ရန်သူတော်ကြီး ဖြစ်လာနိုင်ပါတယ်။
![]() |
ဓာတ်ရောင်ခြည် ကာကွယ်ဝတ်စုံ |
အနျူမြူဓာတ်ပေါင်းဖို ပေါက်ကွဲခြင်း၊ ယိုစိမ့်ခြင်း မဖြစ်ခဲ့ရင်တောင် နျူဓာတ်ပေါင်းဖိုများမှ အသုံးပြုပြီးသား ပစ္စည်းတွေကို စွန့်ပစ်တော့မယ်ဆိုရင် ရေဒီယိုသတ္တိကြွ အန္တရာယ်မဖြစ်ရအောင် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး စွန့်ပစ် တတ်ကြပါတယ်။ အနျူမြူ စွန့်ပစ်ပစ္စည်းတွေကို အကောင်းစား ကွန်ကရစ်တွေနဲ့ အထပ်ထပ် ကာရံပြီးမှ မြေကြီးထဲကို စွန့်ပစ်ပါတယ်။ သို့သော်လည်း ထိုနေရာ တ၀ိုက်မှာ အပူချိန် ပိုနေတတ်ပါတယ်။ နိုင်ငံတချို့ ကတော့ ပင်လယ်ထဲ စွန့်ပစ်ပါတယ်။ နျူစက်ရုံများမှ ထွတ်ရှိသော စွန့်ပစ်ပစ္စည်းများသည် နောင်နှစ်ပေါင်းများစွာထိ ရေဒီယိုသတ္တိကြွရောင်ခြည်များ ထုတ်လွှတ်နိုင်ပါတယ်။ ရေဒီယိုသတ္တိကြွ ရောင်ခြည်များသည် ခန္ဓာကိုယ်တွင်း ဆဲလ်များကို ပျက်ဆီးစေပြီး၊ ကင်ဆာရောဂါဖြင့် အသက်သေဆုံးနိုင်ပါတယ်။ အကြမ်းဖက်သမားများ နျူနည်းပညာနှင့် ယူရေနီယမ် ရရှိပါကလည်း ကမ္ဘာပျက်နိုင်ပါတယ်။
အနျူမြူပညာရှင်တွေက ဓာတ်ပေါင်းဖိုတွင်း အမှားအယွင်းဖြစ်ပြီး ပေါက်ကွဲခြင်း၊ ယိုစိမ့်ခြင်းတွေကို အလေးထား တွတ်ချက်ခဲ့ကြပါတယ်။ မတ်လ ၁၁ ရက်နေ့ ဂျပန်မှာ ဖြစ်ပွားခဲ့တဲ့ ငလျှင်နဲ့ ဆူနာမီကြောင့် အနျူမြူဓာတ်ပေါင်းဖိုတွေ ပျက်စီးခဲ့သလိုမျိုး မစဉ်းစား ခဲ့ကြပါဘူး။ ကုန်းတွင်းပိတ် နိုင်ငံတွေကလွဲရင် ကမ်းရိုးတမ်း နိုင်ငံတွေသည် အနျူမြူ ဓာတ်ပေါင်းဖိုကို ပင်လယ်ကမ်းရိုးတန်းနားမှာပဲ တည်ဆောက်လေ့ ရှိပါတယ်။ အကြောင်းကတော့ အနျူမြူဓာတ်ပေါင်းဖို အအေးပေးရန် ရေအမြောက်အမြား အသုံးပြုရလို့ ဖြစ်ပါတယ်။ ကုန်းတွင်းပိတ် နိုင်ငံတွေမှာ တည်ဆောက်ထားတဲ့ ဓာတ်ပေါင်းဖိုတွေအတွတ် အအေးပေးရန် ရေချိုပမာဏ အမြောက်အများ သုံးစွဲရသလို ပူနေတဲ့ ရေတွေကို မြစ်ချောင်း အင်းအိုင်တွေထဲ စွန့်ပါတယ်။ အကျိုးဆက်ကတော့ ရေနေသတ္တဝါတွေနဲ့ ရေချိုတွေ ပျက်စီးစေပါတယ်။
![]() |
ဖူကူရှီးမား နျူစက်ရုံများ မပေါက်ကွဲခင် အခြေအနေ |
![]() |
ဖူကူရှီးမား ဓာတ်ပေါင်ဖိုများ ပေါက်ကွဲနေစဉ် |
၁၉၇၉ ခုနှစ် အမေရိကန်နိုင်ငံ ပင်စီဗေးနီးယားပြည်နယ်ရှိ "သုံးမိုင်ကျွန်း" အနျူမြူဓာတ်ပေါင်းဖို ယိုစိမ့် ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ရုရှား ချာနိုဘိုင်း ဓာတ်ပေါင်းဖို ပေါက်ကွဲ ခဲ့ပါတယ်။ မတ်လ ၁၁ရက်နေ့ ဂျပန်နိုင်ငံ ဖူကူရှီးမား ဓာတ်ပေါင်းဖို မတော်မဆဖြစ်မှု့သည် မေ့လျှော့နေတဲ့ အနျူမြူအန္တာရာယ်ကို နှိုးဆော်ကာ သတိပေးလိုက်ကြောင်း ရေးသားလိုက်ရပါတော့သည်။
2 comments:
ဗဟုသုတလေးတွေ ဖတ်သွားပါတယ်အကိုရေ။
ကျေးဇူးပါနော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။
ဗဟုသုတ ရပါတယ်အစ်ကို
Post a Comment