2010 ဓာတုနိုဘယ်လ် ဆုရှင်များ |
ကင်ဆာ ဆေးဝါးသစ်များ ထုတ်လုပ်ရန်နှင့် ပါးလွှားသော ကွန်ပျူတာ ဖန်သားပြင်များ ပြုလုပ်ရန် သိပ္ပံပညာရှင်များကို လမ်းဖွင့်ပေးခဲ့သည့် ကာဗွန်အက်တမ်များ ပြုပြင်သည့် ဓာတုဗေဒနည်းကို ဖန်တီးခဲ့သော အမေရိကန် သိပ္ပံပညာရှင် ရစ်ချက်ဟက်နှင့် ဂျပန် သိပ္ပံပညာရှင် အေအိချိနေဂိရှိနှင့် အကီရဆူဇူကီး တို့သည် ၂၀၁၀ ပြည့်နှစ်အတွက် ဓာတုဗေဒ နိုဗယ်ဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
၎င်းတို့၏ တွေ့ရှိမှုသည် ပညာရပ်ဆိုင်ရာနှင့် စက်မှု သုတေသနတွင် ကြီးစွာသော သက်ရောက်မှု ရှိခဲ့ပြီး ဆေးဝါးများ၊ စိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်းများ၊ နည်းပညာမြင့် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးဝင်စေခဲ့ကာ လူ့အဖွဲ့အစည်းကို အကျိုးပြုခဲ့ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက သုံးသပ်သည်။
ယခု နိုဗယ်ဆုရှင်များ၏ နည်းလမ်းကို ရေနေ ရေမြှုပ်သတ္တ၀ါများတွင် တွေ့ရသော ကင်ဆာ သေစေသည့် အရာများကို နည်းပညာသုံး ထုတ်လုပ်ရန် အတွက်လည်း အသုံးပြု စမ်းသပ်နေသည်။ လျှပ်စစ်ပစ္စည်း နယ်ပယ်တွင်လည်း အလွန်ပါးလွှာသည့် ကွန်ပျူတာ မော်နီတာများ ထုတ်လုပ်ရေးတွင် အလင်းလွှင့်ဒိုင်အုပ်များ ပြုလုပ်ရန် သုံးစွဲကြသည်။
အသက် ၇၉ နှစ်အရွယ်ရှိ ဟက်သည် ဒဲလ်ဝဲတက္ကသိုလ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ထမ်းဆောင်နေသူ ဖြစ်ပြီး အသက် ၇၅နှစ် အရွယ်ရှိ နေဂီရှီမှာ အင်ဒီယားနား ပြည်နယ်၊ ပါဒျူးတက္ကသိုလ် ဓာတုဗေဒ ပါမောက္ခ ဖြစ်ကာ အသက် ၈၀ အရွယ်ရှိ ဆူဇူကီးမှာ ဟော့ကေးဒိုး တက္ကသိုလ်မှ ပါမောက္ခဖြစ်သည်။
0 comments:
Post a Comment