ဒီတစ်ပတ် စိတ်ဝင်စားစရာ တင်ပြမယ့် အကြောင်းအရာလေးကတော့ လစ်တမတ်စက္ကူ ( Litmus Paper ) အကြောင်းလေးပါပဲ။ သူနဲ့ပတ်သတ်ပြီး အမှတ်ရစရာလေးတွေ ရှိခဲ့ပါတယ်။ ပြောရမယ် ဆိုရင်တော့ ကော်တော်ခေါင်းစားစေခဲ့တဲ့ မေးခွန်းတွေပေးခဲ့လို့ပါပဲ။ အကြောင်းကတော့ အနီနဲ့ အပြာနှစ်ခုတည်းနဲ့ ဘယ်ဟာဖြေရမှန်းမသိ စိတ်ရှု့ပ်စေခဲ့တာပါ။ စာထဲမှာဖတ်ရလို့သာ သူနဲ့ ရင်းနှီးခဲ့ရတာပါ။ ဒါပေမယ့် မမြင်ဘူးခဲ့ပါဘူး။ မျက်စိမှတ်ပြီး ကျက်ခဲ့ရတာပါ။ လစ်တမတ်စက္ကူရဲ့ အသုံးဝင်ပုံကတော့ အက်စစ်နဲ့ ဗေ့စ်ကို ခွဲခြားပြသနိုင်ခြင်းပါပဲ။ လစ်တမတ်စက္ကူသည် အက်စစ်တွင် အနီရောင်သို့ပြောင်းစေပြီး၊ ဗေ့စ်တွင် အပြာရောင်သို့ ပြောင်းစေသည်။
အောက်က ဗွီဒီယိုဖိုင်လေးကတော့ စာဖတ်ပရိသတ်ကြီး အိမ်မှာ လက်တွေ့ စမ်းသပ်နိုင်အောင် အိမ်အသုံးအဆောင်ပစ္စည်းများကို အက်စစ်ဂုဏ်သတ္တိရှိသလား၊ ဗေ့စ်ဂုဏ်သတ္တိရှိသလား ဆိုတာစမ်းသပ်ပြသနေပုံပါပဲ။
pH range |
အောက်က ဗွီဒီယိုဖိုင်လေးကတော့ စာဖတ်ပရိသတ်ကြီး အိမ်မှာ လက်တွေ့ စမ်းသပ်နိုင်အောင် အိမ်အသုံးအဆောင်ပစ္စည်းများကို အက်စစ်ဂုဏ်သတ္တိရှိသလား၊ ဗေ့စ်ဂုဏ်သတ္တိရှိသလား ဆိုတာစမ်းသပ်ပြသနေပုံပါပဲ။
0 comments:
Post a Comment