ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များနှင့် ထိတွေ့နေကြရသော နျူကလီးယားဓာတ်ပေါင်းဖို လုပ်သားများ၊ သုတေသနပြုနေသူများ ယူရေနီယမ် မိုင်းတွင်းလုပ်သားများ၊ အများပြည်သူများ ရေဒီယိုသတ္တိကြွ အန္တာရာယ် ( Radiation Hazard ) မှ ကာကွယ်နိုင်ရန် နည်းလမ်းများမှာ -
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။
အယ်လ်ဖာရောင်ခြည်သည် အရေပြား၊ စက္ကူ စသည် မဖောက်ထွင်းနိုင်ပါဘူး။ ဘီတာရောင်ခြည်သည် အလူမီနီယမ်၊ သံ စသည် ဖောက်ထွင်းမသွားနိုင်ပေ။ ဖောက်ထွင်မှု့ အကောင်းဆုံး ဂမ်မာရောင်ခြည်ကို ခဲဖြင့် ဖောက်ထွင်းနိုင်မှု့ကို လျှော့နည်းအောင် ပြုလုပ်သည်။
ခန္ဓာကိုယ်ပြင်ပ ဓာတ်ရောင်ခြည် သင့်ခဲ့မယ်ဆိုရင် ဖောက်ထွင်းမှု့ အကောင်းဆုံး ဂမ်မာရောင်ခြည်သည် အယ်လ်ဖာနှင့် ဘီတာ ရောင်ခြည်များထက် အန္တာရာယ် ပိုပါတယ်။ အစားအစာ၊ ရေနဲ့ အသက်ရှုလမ်းကြောင်း တို့ကတဆင့် ဓာတ်ရောင်ခြည် သင့်ခဲ့မယ်ဆိုရင် ionization radiation လည်းဖြစ်၊ အလေးချိန်လည်း ပိုတဲ့ အယ်လ်ဖာ ရောင်ခြည်က အန္တာရာယ် ကြီးမားပါတယ်။ အကွာအဝေး၊ အချိန်နဲ့ အကာအကွယ်ပစ္စည်း သုံးမျိုးလုံး တူခဲ့မယ်ဆိုရင်တာင် ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲ ကလေးငယ်များမှာ လူကြီးတွေထက် ဓာတ်ရောင်ခြည်ကို ပိုခံစားရပါတယ်။
![]() |
ဓာတ်ရောင်ခြည် ကာကွယ်ဝတ်စုံ |
0 comments:
Post a Comment