ရှေးဒဏ္ဍာရီပုံပြင်ထဲက မှော်ရေကန်ကြီးဆီ စာဖတ်ပရိသတ်တွေကို ခေါ်ဆောင်သွားပါမယ်။ မှော်ရေကန်ဆိုတာ တစ်ခုခုတော့ ထူးခြားလိမ့်မယ်ဆိုတာ စာဖတ်သူ တွေးမိမှာ အမှန်ပါပဲ။ အဲဒီမှော်ရေကန်လေးကို မှော်ဆရာကြီးတစ်ဦးက ထူးခြားတဲ့စွမ်းအားတွေနဲ့ စီမံပြုလုပ်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာ အဲဒီမှော်ရေကန်ကြီးဆီကို မင်းသမီးလေးတစ်ပါး အခြွေအရံတွေနဲ့ လမ်းမှားပြီးရောက်လာပါတယ်။ ရေကန်ကြီးက အေးမြကြည်လင်နေတာမို့ မင်းသမီးလေး နှစ်သက်သဘောကျသွားပါတယ်။ မင်းသမီးလေးက ကြာပန်းတွေနဲ့သာဆိုရင် ရေကန်ကြီး ဒီထက်ပိုလှသွားလိမ့်မယ်လို့ တွေးမိတာနဲ့ အခြွေအရံတွေကို ကြာပန်းစိုက်ဖို့ ပြောကြားလိုက်ပါတယ်။ နောက်တစ်နေ့ ရံရွေတော်တစ်ယောက်က နန်းတော်က ယူလာတဲ့ အပွင့်ပါတဲ့ ကြာပန်းတစ်ပင် စိုက်လိုက်ပါတယ်။ ဒုတိယရက်ရောက်တော့ အံ့ဖွယ်ရာတွေ့ရတော့တာပါပဲ။ အကြောင်းကတော့ ကြာပန်းတစ်ပွင့်ကနေ နှစ်ပွင့်ဖြစ်သွားတာပါပဲ။ ဒါနဲ့ ရံရွေတော်လေးလဲ တတိယရက်မှာ တစ်ခေါက်လာကြည့်ပြန်တယ်။ ဒီတစ်ခါတော့ ကြာပွင့်က လေးပွင့်ဖြစ်နေပါသတဲ့။ ဒီလိုနဲ့ နှစ်ဆ ပွားလာလိုက်တာ လကုန်ရက်မှာ ရေကန်တစ်ကန်လုံး ကြာပန်းတွေနဲ့ ပြည့်သွားပါတော့တယ်။
ပြဿနာက ဒီမှာစတာပါ။ ကဲစာဖတ်ပရိသတ်ကြီးကို မေးချင်တာကဘယ်နေ့မှာ ရေကန်တစ်ဝက် ကြာပန်းများ ပြည့်နေလိမ့်မည်နည်း။
0 comments:
Post a Comment