၂၀၁၁ ခုနှစ်ကို နိုင်ငံတကာ ဓာတုဗေဒ ပညာရပ်နှစ် International year of Chemistry ဟုယူနက်စကိုအဖွဲ့ ကြီးက သတ်မှတ်ထား ရှိသည်။ ၂၀၀၉ ခုနှစ်ကို အာကာသသိပ္ပံ ပညာနှစ် International year of Astronomy၊ ၂၀၁၀ ကို ဇီဝမျိုးနွယ်စုများနှစ် International year of Biodiversity စသည်ဖြင့် သဘာဝသိပ္ပံနှစ်များကို ABC အင်္ဂလိပ်အက္ခရာ အစဉ်အလိုက် သတ်မှတ် ထားရှိခဲ့ခြင်း ဖြစ်သည်။
New Clear Energy မဟုတ်ပါ။
0
Posted by
Maung Chem
|
Sunday, June 19, 2011
နျူကလီယားစွမ်းအင်သည် သဘာဝစွမ်းအင် မဟုတ်သော တခြားလောင်စာ စွမ်းအင်များနှင့် ယှဉ်လျှင် ပတ်ဝန်းကျင် ညစ်ညမ်းမှု အနဲပါးဆုံး စွမ်းအင် ဖြစ်သော်လည်း၊ နျူကလီယား စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကို လွန်စွာထိန်းချုပ် ကန့်သတ်ေ နကြပါတယ်။ အကြောင်းကတော့ နျူကလီယားစွမ်းအင် ထုတ်ယူတာ၊ သုံးစွဲတာအပြင် နျူကလီယား စွန့်ပစ်ပစ္စည်းတွေ သိမ်းဆည်းဖို့ကအစ အန္တရာယ်ကြီးပါတယ်။ ထို့ထက်ဆိုးတာက နျူကလီယားစွမ်းအင်နဲ့ လူသားအကျိုးပြု လျှပ်စစ်ဓာတ်ထုတ်ရန် သာမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်အဆင့်ထိ ထုတ်ယူနိုင်တာကြောင့်ပါ။
ဒြပ်စင်သစ်နှစ်မျိုး အက်တမ်ဇယားတွင်း ထည့်သွင်းရန်စီစဉ်။
0
Posted by
Maung Chem
|
Sunday, June 12, 2011
အမေရိကန်နှင့် ရုရှားသိပ္ပံပညာရှင်များ ပူးပေါင်း သုတေသန ပြုလုပ်ခဲ့ပြီး၊ ရှာဖွေတွေ့ ရှိခဲ့သည့် ဒြပ်စင်အသစ် ၂-မျိုးကို ဒြပ်စင်ဇယားအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း၊ အမေရိကန် ထိပ်တန်း ဓာတုပညာရှင် တစ်ယောက်က ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် Copernicium ကို ထည့်သွင်းခဲ့ပြီး၊ နောက်ပိုင်း အသစ်ထပ်မံ ထည့်သွင်းကြခြင်းဖြစ်သည်။
စာမေးပွဲနဲ့ စိုးရိမ်စိတ်
0
Posted by
Maung Chem
|
Monday, April 4, 2011
ကျောင်းသူကျောင်းသား တော်တော်များများ စာမေးပွဲမဖြေခင် စိုးရိမ်ထိတ်လန့်မှု့တွေ ဖြစ်တတ်ကြပါတယ်။ တစ်ချို့ကတော့ စိုးရိမ်လွန်ပြီး၊ ခြေမကိုင်မိ လက်မကိုင်မိထိ ဖြစ်သွားတတ်ကြပါတယ်။ ဒီအခါ မိမိ သိထားပြီးသာ အရာတွေတောင် မေ့သွားပြီး၊ စာမေးပွဲမှာ မဖြေနိုင် ဖြစ်တတ်ကြပါတယ်။ တချို့လဲ စာမေးပွဲမှာ ခြစ်ချ၊ ဖြတ်ချပြီး၊ နောက်တစ်နှစ် ပြန်ဖြေကြပါတယ်။ တချို့လည်း မျက်ရည်ကျတဲ့ထိ ၀မ်းနည်းပူဆွေး ရတာကို ကြုံရဖူးမှာပါ။
အောက်စီဂျင်ဓာတ်ငွေ့ ထုတ်ဖော်ပုံ
0
Posted by
Maung Chem
|
ဟိုက်ဒြိုဂျင် ပါအောက်ဆိုဒ် အသုံးပြုပြီး အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်ဖော်ပုံ ဗီဒီယိုဖိုင်လေးပါ။
ရေဒီယိုသတ္တိကြွမှု့နှင့် သိမှတ်စရာများ
0
Posted by
Maung Chem
|
Friday, April 1, 2011
စာဖတ်ပရိတ်သတ်တွေအတွတ် ဗဟုသုတရစေမယ့် ရေဒီယိုသတ္တိကြွမှု့နှင့် သိမှတ်စရာများ အကြောင်းကို နေ့သစ်ဝက်ဆိုက် ကနေ ဖတ်လိုက်ရလို့ ပြန်ပြီး ဖောက်သည် ချလိုက်ပါတယ်။
ဒီလင့်ကနေ "ပုံကိုနှိပ်လိုက်ပါ" ဆိုတဲ့ နေရာကို နှိပ်ပြီး၊ PDF ဖိုင်ကို ဒေါင်းပြီး ဖတ်ရှု့နိုင်ပါတယ်။
ဓာတ်ခွဲခန်းနဲ့ ကျွန်တော် - ၁
0
Posted by
Maung Chem
|
Sunday, March 27, 2011
ဓာတုဓာတ်ခွဲခန်း လုံခြုံစိတ်ချရဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းများသည် အရေးကြီးပြီး၊ ကျောင်းသားများနှင့် သပ္ပံပညာရှင်များ အန္တာရာယ်ဖြစ်ခြင်းမှ ကာကွယ်ပါတယ်။
မင်းကရေတွေပါလို့ ပြောနေပေမယ့်၊ ဖန်ထည်ပစ္စည်းတွေ ဘယ်လောက် သန့်တယ်ထင်ထင် ဓာတ်ခွဲခန်းသုံး Pipette ကိုဘယ်သောအခါမှ ပါးစပ်နှင့် မစုပ်ပါနဲ့။ Pipette bulb ဒါမှမဟုတ် Automted pipetter ကိုအသုံးပြုနိုင်ပါတယ်။
ဓာတ်သတ္တိကြွရေ ကျိုချက် သောက်ခြင်း
3
Posted by
Maung Chem
|
Friday, March 25, 2011
သန့်ရှင်းသောရေ ( pH=7 ) ကို သဘာဝ အတိုင်း မရရှိနိုင်။ သဘာဝရေတွင် မိုးရေသည် အသန့်ရှင်းဆုံး ဖြစ်သော်လည်း၊ လေထုအတွင်း စက်ရုံ အလုပ်ရုံများနှင့် သယ်ယူပို့ဆောင်ရေး ယာဉ်များမှ ထွတ်ရှိသော ကာဗွန်ဒိုင် အောက်ဆိုက်၊ ဆာဖာဒိုင် အောက်ဆိုက်၊ နိုက်ထထြိုဂျင် အောက်ဆိုက် စသည့် ဓာတ်ငွေ့များကို ဖြတ်သန်းလာသော မိုးရေသည်လည်း အက်စစ်မိုး အဖြစ် သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည်။
မတူကွဲပြား၊ ဓာတ်ပေါင်းဖို ဒီဇိုင်းများ။
1
Posted by
Maung Chem
|
Tuesday, March 22, 2011
မှတ်ဥာဏ်ထက်သန်စေနည်း
0
Posted by
Maung Chem
|
Sunday, March 20, 2011
စာကားလုံး အသုံးအနှုန်းတစ်ခုခု ဒါမှမဟုတ် နာမည် ပြောခါနီး ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား ? ဦးနှောက် တစ်သျှူးတွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဦးနှောက် ပျက်စီးလွယ်ပါတယ်။ အောက်ဖော်ပြပါ အချက်များက သင့်မှတ်ဥာဏ် ကောင်းမွန်စေမှာပါ။
ရေနံ
3
Posted by
Maung Chem
|
Saturday, March 19, 2011
လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ အထက်မှ စတင်ဖြစ်ပေါ်ခဲ့သော ရေနံသည် အဓိကကျသော သဘာဝ အရင်းအမြစ် တစ်ခု ဖြစ်သည်။ သမိုင်းမတင်မီ ခေတ်ကာလမှ ရေနေသတ္တ၀ါများ သေကြေပြီး၊ ရွံ့ညွန်များ အထက်ထက် ဖုံးလွှမ်းသွားသည်။ နောင်နှစ်သန်းပေါင်းများစွာ ကြာမြင့်လာသောအခါ မြင့်မားသော အပူချိန်၊ ဖိအားနှင့် ဘက်တီးရီးယားများ၏ ပြုပြင်ပြောင်းလဲမှု့များကြောင့် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ အဖြစ် ပြောင်းလဲသွားသည်။
Thin Layer Chromatography
2
Posted by
Maung Chem
|
Wednesday, March 16, 2011
Thin Layer Chromatography (TLC) နည်းသည် Paper Chromatography (PC) တွင်အသုံးပြုသော Stationary Phase အဖြစ် စက္ကူအစား ပါးလွှာသော Silica gel သို့မဟုတ် Alumina ကို coating လုပ်ထားသော သတ္တုပြား အသုံးပြုခြင်း ဖြစ်သည်။ TLC နည်းသည် PC နည်းထက် Resolution ပိုကောင်းပြီင်္း၊ ဒြပ်နှောများ ခွဲခြားရာတွင်လည်း ပိုမြန်သည်။
![]() |
| Thin Layer Chromatography |
Chromatography
0
Posted by
Maung Chem
|
Tuesday, March 15, 2011
Chromatography ဟူသော ဝေါဟာရသည် ဂရိဘာသာစကား (Chroma=Color, graphen=To Write) မှဆင်းသက်လာပြီး၊ ဒြပ်နှောများမှ ပါဝင်ပစ္စည်း ( Components ) များကို ခွဲခြားသတ်မှတ်ရန် ဓာတ်ခွဲခန်းများတွင် အသုံးပြုသော နည်းစဉ်ဖြစ်သည်။ Chromatography နည်းစဉ်တွင် ဒြပ်နှောကို သင့်လျှော်သော Solvent နှင့်ဖြတ်သန်းစီးဆင်း စေသောအခါ မော်လီကျူးအလေးဆ များမတူညီသော ပါဝင်ပစ္စည်းများသည် မတူညီသောနှုန်းများနှင့် ရွှေ့လျှားသွားသည်။ ရွေ့လျှားသွားသော ပါဝင်ပစ္စည်း၏ အကွာအဝေးကို ဖျော်ရည် ဖြတ်သန်းသွားသော အကွာအဝေးနှင့် စားလျှင် Retention factor ( Rf ) ရရှိသည်။ Rf တန်ဖိုးသည် အမျိုးအမည်မသိသော ဒြပ်ပေါင်းများကို သတ်မှတ်ရန် စံအဖြစ်ထားသော တန်ဖိုးဖြစ်သည်။


















