အက်တမ် တစ်ခုလုံးသည် နျူကလိယက်စ်ထက် အဆပေါင်း တစ်သောင်းနီးပါး ကြီးမားသည်။ ထိုမျှလောက် သေးငယ်သော နျူကလိယက်စ်မှ ရေဒီယိုသတ္တိကြွ ရောင်ခြည်များနှင့် နျူကလီးယားဗုံး ပေါက်ကွဲရာမှ အံ့မခန်းကြီးကျယ် များပြားလှသော စွမ်းအင်များ ထွတ်ရှိနိုင်သည်။ နျူကလီးယား ဓာတ်ပြုခြင်းများတွင် မြောက်များလှစွာသော စွမ်းအင်များ ထုတ်လွှတ်ပြီး၊ နျူကလိယက်စ်များ ဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းနှင့်အတူ ဒြပ်စင်များပါ ပြောင်းလဲသွားကြသည်။ နျူကလီးယား ဓာတ်ပြုခြင်းများ နှင့်နျူကလိယက်စ်ကို လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲကို နျူကလီးယား ဓာတုဗေဒဟုခေါ်သည်။ နျူကလီးယား ဓာတုဗေဒတွင် နျူကလိယက်စ်များ အသွင်ပြောင်းသွားခြင်း၊ ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များ အသုံးပြုခြင်း၊ ရေဒီယိုသတ္တိကြွ ရောင်ခြည်များ၏ အကျိုးသက်ရောက်မှု့များကို ဓာတုဗေဒ ရူ့ထောင့်မှလေ့လာသည်။
နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းဖြင့် လူသားအကျိုးပြု လုပ်ငန်းများတွင် အသုံးချနိုင်သလို၊ ရေငုတ်သင်္ဘောများ မောင်းနှင်ခြင်းနှင့်၊ ဒုံးပျံလွှတ်ခြင်း အစရှိသည့် အဆင့်မြင့်နည်းပညာရပ်များ တွင်သာမက လူအစုလိုက်အပြုံလိုက် သေကြေစေတဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ရာတွင်လည်း အသုံးဝင်သည်။ ၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်တွင် ဟီရိုရှီးမားနှင့် နာဂါစကီမြို့ နျူကလီးယားဗုံးကြဲ ခံရခြင်းတွင် နျူကလီးယားစွမ်းပကားကို တွေ့မြင်ခဲ့ကြရသည်။ ယူရေနီယမ်သည် စက်မှု့စွမ်းအားအတွတ် အဓိကပင်မ အရင်းအမြစ် ဖြစ်လာတာနဲ့အမျှ ၁၉၅၄-ခုနှစ်တွင် အမေရိကန်တို့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စမ်းသပ်ရေချနိုင်ခဲ့သည်။ သက္ကရာဇ် 2000ပြည့်နှစ်တွင် တကမ္ဘာလုံး လျှပ်စစ်စွမ်းအင် ၄၀% ကို နျူကလီးယား ဓာတ်ပေါင်းဖို ( Nuclear Reactors ) များမှ ရရှိသည်။ ထို့ကြောင့် ၂၁ရာစုတွင် နျူစွမ်းအင်သည် စက်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် ၊ဓာတ်ပေါင်းဖိုများမှ လျှပ်စစ်စွမ်းအင် ရရှိရန် အရေးပါလာသည်မဟုတ် သုတေဿန ပြုလုပ်ဆောင်ရွက်ချက်များ ၊နှင့်ဆေးပညာဆိုင်ရာ လုပ်ငန်းများတွင်ပါ စမ်းသပ်လုပ်ဆောင် လာကြသည်။ နျူစွမ်းအင်သည် လူသားတို့အတွတ် အကျိုးပြု သည်မဟုတ် ၊နျူကလီးယားဗုံး ပေါက်ကွဲရာမှ ထွတ်လာသော ရောင်ခြည်များ၊ နျူဓာတ်ပေါင်းဖိုများမှ ထွတ်လာသော စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းရန် ၊နျူဓာတ်ပေါင်းဖိုများနှင့် နျူစမ်းသပ် လုပ်ဆောင်သော လုပ်သားများ အနေဖြင့် အန္တာရာယ် ရှိလှသည်။
0 comments:
Post a Comment