ကျွန်တော်ကတော့ ဓာတုဗေဒရဲ့ အသက်လို့ ဆိုချင်ပါတယ်။ တစ်ခြား မဟုတ်ပါဘူး ဓာတုဗေဒ သင်ယူသူတိုင်း ရင်းနှီးပြီးသားပါ။ ဓာတုဗေဒ လေ့လာနေသူတိုင်း မရှိမဖြစ်၊ မသိမဖြစ်တဲ့ ဇယားလေးပါ။ မြန်မာလို အက်တမ် အလှည့်ကျဇယား လို့ခေါ်တဲ့ Periodic Table လေးပါပဲ။ ဒြပ်စင် ( Elements ) တွေကို ဂုဏ်သတ္တိအရည်အသွေး တူရာအလိုက် စုစည်း ထည့်သွင်းထားခြင်းမျှသာ။
![]() |
Mendeleev |
Periodic Table ကိုတီထွင်ဖန်တီး ခဲ့သူကတော့ ရုရှားနိုင်ငံသား ဓာတုဗေဒပညာရှင် Mendeleev ဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်တွင် ထိုအချိန်က တွေ့ရှိထားသော အက်တမ် ၆၃ လုံးကို အက်တမ်အလေးချိန် Atomic Mass ကိုအခြေခံပြီး၊ တူရာ ဂုဏ်သတ္တိအလိုက် အုပ်စုဖွဲ့ကာ စနစ်တကျ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
Atom တွင် electrons များနေရာယူပုံမှာ Nucleus နှင့်အနီးဆုံး ပတ်လမ်း ဖြစ်တဲ့ စွမ်းအင်နိမ့်သော လမ်းကြောင်း မှစတင် ၀င်ရောက်သည်။ Nucleus ဝေးလေလေ အီလက်ထရွန် ပတ်လမ်း၏ စွမ်းအင် ပမာဏ များလေလေ ဖြစ်သည်။
အက်တမ် တစ်ခုအတွင် နျူကလိယက်စ်ကို လှည့်ပတ်နေသော အဓိက အီလက်ထရွန် ပတ်လမ်း ( Main Shell ) များမှာ - K , L , M , N , O , .......စသည်ဖြင့်။
K=1 ( ပထမပတ်လမ်း )
L=2 ( ဒုတိယပတ်လမ်း )
M=3 ( တတိယပတ်လမ်း )
N=4 ( စတုတ္ထပတ်လမ်း )
Main Shell တွင်ထည့်ဝင်နိုင်သော အီလက်ထရွန် အရေအတွတ် စုစုပေါင်း ဖော်မြူလာမှာ 2n2 ( two n square ) ဖြစ်သည်။ ထို့ကြောင့်
K တွင် အီလက်ထရွန် ၂-လုံး
L တွင် အီလက်ထရွန် ၈-လုံး
M တွင် အီလက်ထရွန် ၁၈-လုံး
N တွင် အီလက်ထရွန် ၃၂-လုံး
L တွင် အီလက်ထရွန် ၈-လုံး
M တွင် အီလက်ထရွန် ၁၈-လုံး
N တွင် အီလက်ထရွန် ၃၂-လုံး
Main Shell များကို Sub-Shell များအဖြစ်ပြန်လည် ခွဲခြားသည်။ ရှဲခွံခွဲများဟု မြန်မာပြန်သည်။ ၄င်းတို့မှာ s,p,d,f ဖြစ်သည်။ s - သည် sharp၊ p - သည် principle၊ d - သည် diffuse၊ ဖြစ်ပြီး f - သည် Fundemendal ဖြစ်သည်။ အထက်ပါပုံတွင် 1 သည် ပထမပတ်လမ်း K၊ 2 သည် ဒုတိယပတ်လမ်း L၊ 3 သည် တတိယပတ်လမ်း M၊ 4 သည် စတုတ္ထပတ်လမ်း N အသီးသီး ဖြစ်သည်။ s - sub-shell တွင် အီလက်ထရွန် ၂-လုံး၊ p- တွင် ၆-လုံး၊ d - တွင် ၁၀-လုံး နှင့် f - တွင် ၁၄ လုံးသာနေရာယူနိုင်သည်။
အထက်တွင် ဆိုခဲ့ပြီးတိုင်း Periodic Table တွင် Elements များ စနစ်တကျ နေရာယူခြင်း ဖြစ်သည်။ Peridic Table တွင် Group အုပ်စု VIII ခုရှိပြီး၊ Periodic VII ခုရှိသည်။ Transition Elements များကို ဖြန့်ကျက်ထားပါက အုပ်စု ၁၈ ခုရှိသည်ဟု ထင်မှားနိုင်သည်။ အပြင်ဘက်ဆုံး electons အရေအတွတ်အတိုင်း တူရာ အုပ်စုတွင်း သွင်းလိုက်ပါက Group 8 ခုသာရမည်။
Group I တွင် ပါရှိနေသော ဒြပ်စင်များ၏ အပြင်ဘက်ဆုံး ပတ်လမ်း ( Outermost Shells ) တွင် အီလက်ထရွန် တစ်လုံးသာ ရှိနေကြသည်။ ထို့အတူ Group II တွင် ပါရှိနေသော ဒြပ်စင်များ၏ အပြင်ဘက်ဆုံးပတ်လမ်းတွင် အီလက်ထရွန် နှစ်လုံး စသည်ဖြင့်၊ Group number VIII တွင် ပါဝင်နေသော ဒြပ်စင်၏ အပြင်ဘက်ဆုံး ပတ်လမ်းတွင် အီလက်ထရွန် 8 လုံးအစီအစဉ်အတိုင်း ပါရှိသည်။
ရေပြင်ညီ အတိုင်းရှိနေသော Periodic ၏နားလည် ပုံမှာလည်း၊ periodic I ဆိုလျှင် ၄င်း ဒြပ်စင်များသည် အီလက်ထရွန် ပတ်လမ်းတစ်ခုသာရှိသည်။ periodic II ဆိုလျှင် ၄င်း ဒြပ်စင်များသည် အီလက်ထရွန် ပတ်လမ်း နှစ်ခုရှိသည်။ periodic VII ဆိုလျှင် ၄င်း ဒြပ်စင်များသည် အီလက်ထရွန် ပတ်လမ်း ခုနှစ်ခုအထိရှိသည်။
ဒီအပေါ်က ဇယားလေးက Metals, Non-Metals နဲ့ Metalloids တွေကိုသိသာ စေတယ်။
Metals - အနီရောင်
Non-Metals - အ၀ါရောင်
Metalloids - အစိမ်းရောင်
Non-Metals - အ၀ါရောင်
Metalloids - အစိမ်းရောင်
ဒီဇယားလေးကတော့ s, p, d, f elements ( ဒြပ်စင်) များကို သိသာစေသည်။
s-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က s-shell မှာရှိတယ်။
p-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က p-shell မှာရှိတယ်။
d-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က d-shell မှာရှိတယ်။
f-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က f-shell မှာရှိတယ်။
s-Elements - အစိမ်းရောင်
p-Elements - အနီရောင်
d-Elements - အ၀ါရောင်
f-Elements - အပြာရောင်
s-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က s-shell မှာရှိတယ်။
p-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က p-shell မှာရှိတယ်။
d-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က d-shell မှာရှိတယ်။
f-Elements တွေရဲ့ အပြင်ဘက်ဆုံး electron က f-shell မှာရှိတယ်။
s-Elements - အစိမ်းရောင်
p-Elements - အနီရောင်
d-Elements - အ၀ါရောင်
f-Elements - အပြာရောင်
ဒီဇယားလေးကတော့ ...
Alkali Metals
Alkaline Earth Metals
Other Metals
Non-Metals
Halogens
Inert Elements
Transition Elements
Rare Earth Metals
Actinide Series
Lanthanide series
တို့ကို လွယ်ကူရှင်းလင်းစွာ မြင်နိုင်သည်။
Alkaline Earth Metals
Other Metals
Non-Metals
Halogens
Inert Elements
Transition Elements
Rare Earth Metals
Actinide Series
Lanthanide series
တို့ကို လွယ်ကူရှင်းလင်းစွာ မြင်နိုင်သည်။
0 comments:
Post a Comment