ကျွန်တော် ဘလော့မရေးဖြစ်တာ အတော်ကြာသွားတဲ့အတွတ် လာရောက်လာပတ်တဲ့ သူငယ်ချင်း မိတ်ဆွေများကို ဦးစွာတောင်းပန်လိုက်ပါတယ်။ အကြောင်းကတော့ Maung Chem ကိုယ့်ဘလော့ ဒီဇိုင်းကို လန်းချင်တာနဲ့ ပြင်လွန်းတော့ ရေးမရတော့လို့ သူငယ်ချင်း တစ်ယောက်ကို အကူအညီတောင်း လိုက်ရတယ်။ ရေးမယ်လို့စဉ်းစားလိုက်တော့ ဟာသတစ်ခုသွားတွေ့တယ်။ ကျွန်တော် ၉၊ ၁၀ တန်းတွေကို ဓာတုသင်ပေးပါတယ်။ ကျောင်းသားတွေကို စာမေးရင်း သူတို့ပြန်ဖြေတဲ့ ဟာသလေးတွေကို ရေးဖို့ အကြံရသွားတယ်။
တစ်နေ့ Maung Chem ၉တန်း ကျောင်းသား တစ်ယောက်ကို Chapter 9 ခန်းသင်ပြီးသွားတာနဲ့ အရင်သင်ပြီးသား စာတွေ ပြန်မေးပါတယ်။
ကျောင်းသား : : ဓာတ်ပြုပစ္စည်းကို မြှားဘယ်ဘက်နဲ့ ဓာတ်ဖြစ်ပစ္စည်းတွေကို ညာဘက်မှာ ရေးပါတယ် ဆရာ။
Maung Chem : : Reaction တွေမှာ မြှားကို ညာလက်ထိုးရင် ?
ကျောင်းသား : : Foreward reaction ပါ။
Maung Chem : : ဘယ်ဘက်ထိုးရင်?
ကျောင်းသား : : Backward reaction ပါ။
Maung Chem : : ဒါနဲ့ မြှားကို အပေါ်ထိုးရင်?
သူဖြေလိုက်တဲ့ အဖြေကြောင့် ငိုအားထပ် ရီအားသန်ခဲ့ပါတယ်။
အတော်ကြာအောင် စဉ်းစားပြီး ပြန်ဖြေလိုက်တာကတော့ UPWARD REACTION ပါတဲ့ဗျာ။
0 comments:
Post a Comment