ဗဟုသုတ အနေနဲ့ရော ဆေးပညာလောကမှာပါ အရေးပါတဲ့၊ ရင်းနှီးပြီးသား အကြောင်းအရာလေး ဆွေးနွေးခြင်ပါတယ်။ တခြားမဟုတ်ပါဘူး ဓာတ်မှန်ရိုက်ခြင်းပါပဲ။ လူတိုင်းနီးပါး ဓာတ်မှန်ရိုက်ဖူး ကြပါတယ်။ လုံခြုံရေး အထူးတာဝန် ယူထားရသော နေရာများတွင် လက်နက်များ နှင့် ဖောက်ခွဲရေး ပစ္စည်းများ လှို့ဝှက်သယ်ဆောင်လာမှု့၊ ကိုယ်တွင်းအင်္ဂါများ ကြည့်ရှု့ရာတွင်လည်းကောင်း၊ အရိုးကျိုးခြင်း၊ စသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အချက်အလက်များကို X-ray ရောင်ခြည် အကူအညီ ဖြင့်သိနိုင်သည်။ X-ray ရောင်ခြည်သည် အိုင်းယွန်း ဖြစ်စေသော ( Ionizing Radiation ) ရောင်ခြည် အမျိုးအစား ဖြစ်သဖြင့် ကျန်းမာရေး ထိခိုက်နိုင်သည်။ ထို့ကြောင့် တတ်ကျွမ်းသော ဆရာဝန်များ၏ လမ်းညွန်ချက်ဖြင့်သာ ရိုက်ကူးသင့်သည်။
X-ray ရောင်ခြည်သည် Electromagnetic Radiation ဖြစ်သည်။ လှိုင်းအလျား ( Wavelength ) 0.01 မှ 10 nm ( nanometer ) ကြား၊ ကြိမ်နှုန်း ( Frequency ) 3×10^16 မှ 3×10^19 Hz ( hertz )၊ နှင့် စွမ်းအင် ( Energy ) 120 eV - 120 keV ( Electron Volt )ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် ( Ultraviolet ) ထက် လှိုင်းအလျား တိုပြီး၊ ဂမ်မာ ( Gamma Ray ) ထက် လှိုင်းအလျား ရှည်သည်။ လှိုင်းအလျား တိုလေလေ စွမ်းအင် များလေလေ ဖြစ်သည်။ X-ray ရောင်ခြည်ကို တွေ့ရှိခဲ့သော သိပ္ပံပညာရှင်အား ဂုဏ်ပြုသော အားဖြင့် Röntgen radiation ဟုလည်းသုံးနှုန်းသည်။
Wilhelm Conrad Röntgen ( 1845 - 1923 ) |
ဂျာမန် ရူပဗေဒညာရှင် Wilhelm Conrad Röntgen က X-ray ရောင်ခြည်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိမှု့ အတွတ် Wilhelm Conrad Röntgen သည် ၁၉၀၁ - ခုနှစ်တွင် ရူပဗေဒ ပညာရပ်ဆိုင်ရာ ပထမဦးဆုံး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံရသည်။
X-ray ရောင်ခြည်၏ အလုပ်လုပ်ပုံနှင့်၊ အကြောင်းအရာများ ဖော်ပြလိုက်ပါတယ်။
နျူကလိယက်စ်၏ အနီးဆုံးပတ်လမ်း K-Shell မှ Electron ကို အက်တမ်မှ လွတ်ထွတ်သွားအောင် အမှုန်တစ်ခုနှင့် ရိုက်ခတ်လိုက်သောအခါ လွတ်ထွတ်သွားသော Electron နေရာသို့ စွမ်းအင် မြင့်လမ်းကြောင်း L-Shell မှ Electron သည် ခုန်ဆင်းလာကာ K-Shell တွင်နေရန် ပိုလျှံနေသော ၄င်း၏ စွမ်းအင်များကို ရောင်ခြည်အဖြစ် ပြန်လည် ထုတ်လွှတ်သည်။ ၄င်း ရောင်ခြည်သည် X-ray ဖြစ်သည်။
0 comments:
Post a Comment